Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, October 31, 2011

Sony Ericsson Xperia X10 ကို root လုပ်နည်း







 အရင်ဆုံး ဖုန်းရဲ့Settings -> Applications -> Unknown Sources ကိုသွားပြီး အမှန်ခြစ်ပေးလိုက်ပါ။


ပြီးရင် USB debugging  ကို enable ဖြစ်အောင်လုပ်ရပါမယ်။ Settings -> Applications -> Development -> USB Debugging ကိုသွားပြီး အမှန်ခြစ်လုပ်ပေးလိုက်ပါ။

ပထမဆုံးအနေနဲ့ root လုပ်ဖို့ လိုအပ်တဲ့ flash tool ဆိုတဲ့ ဆော့ဝဲလေးကို အောက်မှာရယူလိုက်ပါ။
Flash Tool အားရယူရန်
download လုပ်လို့ရလာတဲ့ ဖိုင်လေးကို ဖြည်ပြီး flashtool.exe ကို run လိုက်ပါ။ Flash Tool ကိုဖွင့်ပြီးပြီဆိုရင် Flash ဆိုတဲ့ Button လေးကိုနှိပ်လိုက်ပါ။


Root your Gingerbread Xperia X10 Tutorial
ပြီးရင် ‘aZuZu – Kernel Downgrade’ နဲ့ ‘loader.sin’ ကိုရွေးပေးပါ။ပြီးရင် OK ကိုနှိပ်ပါ။
Root your Gingerbread Xperia X10 Tutorial

ပြီးရင် ဖုန်းကို power ပိတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ ညာဘက်က နောက်ပြန်မြှားလေးနဲ့ ခလုတ် (Back Button) လေးကို နှိပ်ထားပြီး ကွန်ပျူတာနဲ့ဖုန်းကို (USB နဲ့ချိတ်) ချိတ်ဆက်လိုက်ပါ။


Root your Gingerbread Xperia X10 Tutorial
ဖုန်းကို flash လုပ်ပါလိမ့်မယ်။ အောက်ပုံထဲက အတိုင်းပေါ်လာပြီဆိုရင် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။ FlashTool software ကိုတော့ မပိတ်ပါနဲ့ဦး။
Root your Gingerbread Xperia X10 Tutorial
ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့(USB မှတစ်ဆင့်) ချိတ်ဆက်ထားတာကိုဖြုတ်ပြီး ဖုန်းကို power ပြန်ဖွင့်ပါ။ ပြီးရင် ဖုန်းကို ကွန်ပျူတာနဲ့(USB  နဲ့ချိတ်)ပြန်ချိတ်ပါ။ပြီးရင် Root Button လေးကိုနှိပ်ပါ။
Root your Gingerbread Xperia X10 Tutorial
  ဖုန်းကို root လုပ်တာအောင်မြင်သွားပြီဆိုရင် အောက်ကပုံထဲကအတိုင်း Finished !လို့ပေါ်လာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ဖုန်းက auto reboot လုပ်ပါလိမ့်မယ်။ ဒါပေမယ့် ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကို မဖြုတ်ပါနဲ့ဦး။


Root your Gingerbread Xperia X10 Tutorial
အောက်ပုံထဲကအတိုင်း Connected device :X10 ဆိုပြီးပေါ်လာပြီဆိုရင်တော့ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ထားတာကိုဖြုတ်လိုက်ပါ။  ပြီးရင် ဖုန်းကို power ပိတ်ထားလိုက်ပါ။ ပြန်မဖွင့်ပါနဲ့ဦး။ အောက်ကအဆင့်တွေမှာ လုပ်ဖို့လိုသေးလို့ပါ။
Root your Gingerbread Xperia X10 Tutorial
  ပြီးရင် ဖုန်းရဲ့ kernel ကို upgrade ပြန်လုပ်ရပါမယ်။ အဲဒီအတွက် Flash Button ကိုနှိပ်ပြီး aZuZu-Kernel Upgrade နဲ့ loader.sin ကိုရွေးပေးပါ။ ပြီးရင် ok နှိပ်။  အောက်ပုံထဲကအတိုင်းပါ။


Root your Gingerbread Xperia X10 Tutorial
ဖုန်းကိုကွန်ပျူတာနဲ့ပြန်ချိတ်ဖို့ ပြောလာပါလိမ့်မယ်။  အောက်ပုံထဲကအတိုင်းပါ။ ပုံထဲကအတိုင်း နံပါတ်တစ်အချက်နဲ့ နံပါတ်နှစ်အချက်က ခုနက လုပ်ပြီးသားဖြစ်လို့  ဖုန်းရဲ့ Back Button ( နောက်ပြန်မြှားလေးနဲ့ခလုတ်) ကို နှိပ်ထားပါ။ မလွတ်ပါနဲ့။ Back Button ကိုနှိပ်ထားတဲ့ အချိန်မှာပဲ တစ်ပြိုင်တည်းကွန်ပျူတာနဲ့ဖုန်းကိုပြန်ချိတ်လိုက်ပါ။
 flashing proces ပြီးသွား ရင်  Flashing finished လို့ပေါ်လာရင် ဖုန်းကို ဖြုတ် လို့ ရပါပြီ။
s and when you see the output below you can remove the USB cable and power on your Xperia X10.

Root your Gingerbread Xperia X10 Tutorial

ဖုန်းကို root လုပ်တာ အောင်မြင်လားသိချင်ရင်တော့  ဖုန်းကိုကွန်ပျူတာနဲ့ပြန်ချိတ်လိုက်ပါ။ အောက်ပုံထဲကအတိုင်း <-This level is successfully initialized လို့ပေါ်လာရင်တော့ root process ပြီးဆုံးပြီဖြစ်ပါတယ်။


Root your Gingerbread Xperia X10 Tutorial
အဆင်ပြေပါစေ ....

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.