Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Android Pattern Lock Restore အကြောင်း

Android Pattern Lock Restore

       Android Pattern Lock ဆိုတာကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Screen Lock စနစ်တစ်ခုပဲဖြစ်
ပါတယ်။ဒီစနစ်ကိုအသုံးပြုတဲ့နေရာမှာကိုယ့်ဖုန်းရဲ့ Screen ပေါ်မှာဘယ်လိုပုံစံမျိုးနဲ့ပက်စ်ဝက် ကိုရေးဆွဲမယ်ဆို
တာမျိုးကိုစိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါတယ်။

       ဒီစနစ်ကိုအသုံးပြုတဲ့နည်းစနစ်ကိုအရင်တုန်းက ဖော်ပြပေးခဲ့ဖူးပါတယ်။ဒီတစ်ပတ်တော့ ဒီစနစ်ကြောင့်ဖြစ်
လာနိုင်တဲ့အခက်အခဲနဲ့ပြဿနာတွေကို ဖော်ပြပေးသွားမှာပါ။Android OS ရဲ့ Pattern Lock စနစ်ဟာ အသုံးပြု
သူ User တွေအတွက်အဆင်ပြေတာတွေရှိသလို အဆင်မပြေတာမျိုးလေးတွေလည်းရှိနေပါတယ်။အဲဒါဟာဘာ
လဲဆိုရင်တော့ဒီ Lock စနစ်ဟာ အချို့သော ဖုန်းတွေမှာဆိုရင် အကြိမ်အရေအတွက်နဲ့ ပေးထားတာမျိုးတွေရှိပါ
တယ်။

       အဲဒီလိုအကြိမ်အရေအတွက်နဲ့ပေးထားတယ်ဆိုတာကတော့ Pattern ကိုဆွဲပြီးဖုန်းရဲ့Password ကိုဖွင့်တဲ့
အချိန်မှာမှားယွင်းခဲ့တယ်ဆိုရင်အဲဒီလိုမှားယွင်းမှုအကြိမ်အရေအတွက်ကိုအကန့်အသတ်နဲ့ပဲ လက်ခံပေးတာမျိုး
ကိုဆိုလိုတာပါ။ဥပမာဆိုရင်တော့ Sony Ericsson X10 မှာဆိုရင် Pattern မှားယွင်းမှုအကြိမ်ရေဆယ်ကြိမ်ပြည့်
အောင်မှားယွင်းခဲ့မယ်ဆိုရင် Auto Lock သုံးစက္ကန့် ချထားပါတယ်။အဲဒီလိုဖုန်းက သူ့အလိုလို Lock လုပ်ထားတဲ့
အချိန်မှာအသုံးပြုသူကဘာမှလုပ်လို့မရပါဘူး။အဲဒီလိုဖုန်းကအလိုလို Lock ချလိုက်ပြီးပြီ ဆိုရင်တော့ ပြန်ဆွဲလို့ရ
ပါတယ်။ဒါပေမယ့်နောက်ထပ် ထပ်မှားလို့တော့မရပါဘူး။နောက်ထပ်သတ်မှတ်အကြိမ်အရေအတွက် အထိထပ်
မှားနေမယ်ဆိုရင်တော့ ဖုန်းတစ်ခုလုံးကို Lock ချပစ်လိုက်မှာ ဖြစ်ပါတယ်။အဲဒီလို Lock ဖြစ်သွားရင် Password
အမှန်နဲ့လည်းပြန်ဖွင့်လို့မရတော့ပါဘူး။အဲဒီလိုအချိန်မျိုးမှာဆိုရင်အသုံးပြုတဲ့သူတွေအနေနဲ့ အင်တာနက်နဲ့ WiFi
ချိတ်ဆက်ပြီးကိုယ့်ဖုန်းထဲမှာ Email ကိုထည့်မထားဘူးဆိုရင်တော့ဖုန်းတစ်ခုလုံးကို Restore သို့ မဟုတ် Firmware  ပြန်လုပ်မှပဲအဆင် ပြေနိုင်ပါလိမ့်မယ်။Debugging mode on ထား ခဲ့ ရင် တော့ ဘာမှ မပျက် ပဲ ကောင်း မွန် အောင် ပြန်လည် ပြုပြင် နိုင်ပါတယ် ။ထို့ ကြောင့် Password သုံး သူ များ အနေ ဖြင့် Debugging mode on ထား ကြ ပါ လို့ တိုက် တွန်း ချင်ပါတယ် ... ။

       ဒီလိုပဲ iPhone တွေမှာလည်း User Lock လုပ်တဲ့အချိန်မှာ သတ်မှတ်အကြိမ်ရေအတွင်းမှာသာ မှားယွင်းမှု
ကိုလက်ခံပြီးအကြိမ်ရေကျော်လွန်သွားမယ်ဆိုရင်တော့ဖုန်း Lock ဖြစ်သွားပါလိမ့်မယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.