Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Android Root ဘာကြောင့် လုပ်

Android Root

       Root ဆိုတာကတော့ Android OS ဖုန်းတွေမှာပြုလုပ်တဲ့နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။Apple ရဲ့Product
တွေမှာဆိုရင်တော့ Jailbreak လုပ်တယ်လို့ခေါ်တဲ့စနစ်မျိုးပါပဲ။

       Jailbreak ပဲဖြစ်ဖြစ် ၊Root ပဲဖြစ်ဖြစ်ဒီစနစ်နှစ်ခုလုံးဟာဖုန်းရဲ့System စနစ်တွေကိုထိုးဖောက်ဖောက်ထွင်း
တဲ့စနစ်လို့ဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ဖုန်းတွေရဲ့ဆော့ဖ်ဝဲလုံခြုံရေးကိုကျော်ပြီး ကိုယ်အသုံးပြုချင်တာတွေ
ကိုအလွယ်တကူထည့်သွင်းနိုင်အောင်ပြုလုပ်တဲ့နည်းစနစ်မျိုးပါ။

       Android ကို Root လုပ်တဲ့နေရာမှာတော့အချို့ဗားရှင်းတွေမှာအဆင်ပြေပြီး အချို့ဗားရှင်းတွေမှာအဆင်မ
ပြေပါဘူး။Android နဲ့ Apple ရဲ့ကွာခြားချက် တစ်ခုကို ထုတ်ပြရမယ်ဆိုရင်တော့ Apple Product တွေအတွက်
Jailbreak ရပြီဆိုတဲ့အချိန်မှာ Jailbreak ရရှိတဲ့ ဆော့ဖ်ဝဲဗားရှင်းကို အသုံးပြုထားတဲ့ Product အားလုံးကို Jail-
break လုပ်နိုင်ပါတယ်။ဒါပေမယ့် Android မှာတော့ဒီလိုမဟုတ်ပါဘူး။Android ဆော့ဖ်ဝဲဗားရှင်းတစ်ခုကို Root
လုပ်လို့ရတယ်ဆိုရင်တောင်သူနဲ့ဗားရှင်းတူတဲ့အခြားနောက်ထပ်ပစ္စည်းတစ်ခု Brand မတူတဲ့ Product တစ်ခု ဒီ
ဆော့ဖ်ဝဲဗားရှင်းကို Root လုပ်လို့ရနိုင်ဖို့ မရနိုင်ဖို့ မလွယ်ကူနိုင် ပါဘူး။ဒါ ကတော့ Apple နဲ့ Android OS တို့ရဲ့
ကွာခြားချက်ပါပဲ။

       ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုရင်တော့ Android OS ကိုအသုံးပြုပြီး ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက
များပြားပြီး Android နည်းပညာမျိုးစုံနဲ့ပြုလုပ်ထုတ်လုပ်နေတဲ့ အတွက်ကြောင့်ပါပဲ။အချို့ Android ပစ္စည်းတွေ ၊
ဖုန်းတွေကို Root လုပ်ဖို့ လွယ်ကူတာတွေ့ရပြီး အချို့ပစ္စည်းတွေ မှာတော့ Root လုပ်ဖို့ ခဲယဉ်းတဲ့ အပြင် Root
လုပ်ရင်းနဲ့ပျက်စီးသွားတာမျိုးတွေလည်းရှိနိုင်ပါတယ်။ဒါကြောင့် Android OS စနစ်သုံးပစ္စည်းတွေကို Root လုပ်
မယ်ဆိုရင်အများကြီးသတိပြုသင့်ပါတယ်။

       Root ကိုဘာကြောင့်လုပ်ကြရသလဲဆိုရင်တော့ဖုန်းတွေကိုကိုယ်လိုချင်သလိုအသုံးပြုချင်တဲ့အပြင် ဖုန်းထဲ
မှာနဂိုကတည်းက Original Default မပါဝင်တဲ့ဆော့ဖ်ဝဲတွေနဲ့မြန်မာစာဖောင့်လိုအရာတွေကိုထည့်သွင်းနိုင်ဖို့အ
တွက်ပြုလုပ်ကြရတာပါပဲ။Android OS ဖုန်းတွေထဲမှာ Gmail စနစ်တွေ ၊ပြည်တွင်းအွန်လိုင်းစနစ်အတွက်အသုံး
ပြုနိုင်မယ့် Browser စနစ်တွေနဲ့မြန်မာစာဖောင့်တွေအပြင် အခြားပြင်ပကနေထည့်သွင်းအသုံးပြုချင်တဲ့ဆော့ဖ်ဝဲ
တွေကိုထည့်သွင်းနိုင်ဖို့အတွက် Root လုပ်မှအဆင်ပြေနိုင်ပါတယ်။Root မလုပ်ထားဘူးဆိုရင်တော့ဖုန်းမှာပါဝင်
တဲ့စနစ်တွေကိုပဲအသုံးပြုနိုင်ပြီးထပ်ထည့်ချင်တယ်ဆိုရင်လည်း သတ်မှတ်ထားတဲ့ဆော့ဖ်ဝဲတွေကိုပဲ ရှာဖွေထည့်
သွင်းရမှာဖြစ်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.