Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Apple iOS5 Part 1

Apple iOS5 Part 1

       ဒီတစ်ပတ် မှာတော့ iOS5 ထဲမှာ ထပ်မံ ပါဝင်လာတဲ့စနစ် တစ်ခုဖြစ်တဲ့ Quick Setting ဆိုတာ နဲ့စပြီးမိတ်
ဆက်ပေးပါမယ်။iOS5 မှာ Quick Setting ပါဝင်လာပါတယ်။ဒီစနစ်ထဲမှာတော့ Flight Mode တွေ ၊WiFi တွေနဲ့
အခြား စနစ်တွေ ဖြစ်တဲ့ Bluetooth , 3G Setting , All Application အစရှိတဲ့ စနစ်တွေကို အရင်လိုမျိုး ဖုန်းရဲ့
Setting ထဲမှာတဆင့်ချင်းစီဝင်ကြည့်ဖို့ မလိုတော့ပဲနဲ့ တစ်ခါတည်း စုစည်းပေးထားတာကို တွေ့ရပါတယ်။iOS5
ဟာအသုံးပြုသူတွေအတွက်အလွယ်ကူဆုံးနဲ့အရိုးရှင်းဆုံးဖြစ်နိုင်မယ့်ပုံစံမျိုးတွေကို အဓိကထားပြီး ထည့်သွင်းပြု
လုပ်ထားတာကိုတွေ့ရမှာပါ။

       ဒီနေရာမှာတော့ ဒီလိုမျိုး Shortcut စနစ်တွေကို ထည့်သွင်းပေးထားတဲ့အပြင် အခြားစနစ်ဖြစ်တဲ့ Volume
Control စနစ်နဲ့ Screen Brightness စနစ်တွေကိုလည်းဒီနေရာမှာပဲ တစ်ခါတည်း ချိန်ညှိနိုင်အောင် ထည့်သွင်း
ပေးထားတာကိုလည်းတွေ့ရပါတယ်။ဒါတွေအားလုံးကို Quick Setting ထဲမှာပဲတစုတစည်းတည်းမြင်တွေ့ရမှာ
ပါ။

       နောက်ထပ် စနစ်တစ်ခုကတော့ ဓာတ်ပုံစနစ်ပိုင်းပဲ ဖြစ်ပါတယ်။ဓာတ်ပုံစနစ်ပိုင်းကို ကြည့်မယ် ဆိုရင်တော့
ပထမတုန်းကထွက်ခဲ့တဲ့ iOS ဗားရှင်းတွေနဲ့ လုံးဝကိုကွဲပြားခြားနားနေတာ တွေ့ရပါတယ်။ဓာတ်ပုံစနစ် အတွက်
ထပ်တိုးထားတဲ့စနစ်တွေများလာတဲ့အပြင်ပိုပြီးတော့လည်းကောင်းမွန်ပြည့်စုံလာတာကိုတွေ့ရပါတယ်။ဒီစနစ်ထဲ
မှာတော့ Camera Roll ,Events ,Faces ,Places ,Photo Library အစရှိတဲ့စနစ်တွေကိုတွေ့ရမှာပါ။

       ဒီစနစ်တွေထဲမှာတော့ Evants ဆိုတဲ့စနစ်ထဲမှာဓာတ်ပုံတွေကိုသိမ်းဆည်းပုံ ကွာခြားလာတာကို တွေ့ရမှာ
ဖြစ်ပါတယ်။ဓာတ်ပုံတွေကိုသိမ်းဆည်းတဲ့နေရာမှာအရင်လိုမျိုး စုပေါင်းသိမ်းဆည်းပုံမျိုးနဲ့မဟုတ်တော့ပဲ ကိုယ်လို
ချင်တဲ့ပုံစံမျိုးဥပမာဆိုရင်ခရီးသွားထားတယ်ဆိုရင်ပုဂံခရီးစဉ်ဆိုရင်ပုဂံဆိုတဲ့နာမည်တွေနဲ့ အဲဒီပုဂံဓာတ်ပုံတွေကို
တစ်စုတစ်စည်းတည်းတစ်နေရာတည်းမှာသိမ်းထားနိုင်ပါတယ်။သူ့ folder နဲ့သူ နာမည်ပေးပြီး သိမ်းနိုင်တဲ့ စနစ်
မျိုးပါဝင်လာတာပါ။ဒီလိုသိမ်းနိုင်တဲ့အတွက်ဓာတ်ပုံတွေကို ကိုယ်လိုချင်တဲ့ folder တွေနဲ့စုစည်းပြီးထားနိုင်ပါလိမ့်
မယ်။

       နောက်ထပ် ထပ်တိုးပါဝင်လာတဲ့စနစ်တစ်ခုကတော့ Edit ဆိုတဲ့ စနစ်ပါဘဲ။အရင်က iPhone တွေမှာ ဒီလို
စနစ်မျိုးတွေမပါဝင်ပါဘူး။ဒါကပိုမိုပြည့်စုံအောင်ဖြည့်စွက်ပေါင်းစည်းထားတဲ့စနစ်တွေပါ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.