Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

GPS ၏လွဲမှားနိုင်ခြင်းများ

GPS ၏လွဲမှားနိုင်ခြင်းများ

       GPS ကိုအဓိကအသုံးပြုကြတာကတော့စစ်တပ်တွေ ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၊ အာကာသစခန်းလုပ်
ငန်းတွေ ၊စက်ရုပ်တွေနဲ့ ဒုံးပျံစနစ်တွေအပြင်သင်္ဘောတွေရဲ့ရေကြောင်းပြစနစ်တွေအတွက်ပါ အဓိကအနေ နဲ့အ
သုံးပြုကြပါတယ်။ဒီလိုအရေးကြီးသတင်းအချက်အလက်တွေအတွက်အသုံးပြုနေတဲ့စနစ်မှာလည်း Error တွေရှိ
နေခဲ့ပါတယ်။ဒါကိုတော့အကြမ်းဖျဉ်းအားဖြင့် GPS ရဲ့မတိကျမှုတွေ ၊GPS ရဲ့တစ်ခါတစ်ရံမှာ မှားယွင်းသွားတတ်
တဲ့လွဲမှားမှုတွေလို့ဆိုရမှာဖြစ်ပါတယ်။

       GPS ရဲ့လွဲမှားနိုင်တဲ့အချက်တွေကို ယေဘုယျအားဖြင့် ကြည့်ကြမယ် ဆိုရင်တော့ ပထမဆုံး အနေနဲ့ GPS
ဟာဂြိုလ်တုစနစ်တစ်ခုဖြစ်တဲ့အတွက် လေထုရဲ့အလွှာပေါင်းစုံနဲ့ မိုးတိမ် အထပ်ထပ်ကို ဖြတ်ကျော်ပြီး Data အ
ချက်အလက်တွေကိုပို့ဆောင်ပေးပါတယ်။အဲဒီလိုအဆင့်ဆင့်အထပ်ထပ်ဖြတ်ကျော်ပို့ဆောင်ရတဲ့အတွက်မိုးတိမ်
ထူထပ်မှုတွေအရမ်းကိုများပြားနေခဲ့မယ်။ရာသီဥတုဟာဆိုးဝါးနေခဲ့မယ်ဆိုရင်တော့ GPS ကနေ ပို့ဆောင်ပေးတဲ့
Data အချက်အလက်တွေဟာမှားယွင်းလွဲမှားနိုင်ပါတယ်။

       နောက်တစ်ခုအနေနဲ့ကတော့ GPS Signal ဟာကိုယ့်ဆီကိုတိုက်ရိုက်လာနိုင်ခဲ့တယ်ဆိုပေမယ့်အသုံးပြုတဲ့
သူတည်ရှိနေတဲ့နေရာမှာ ထူထဲတဲ့ အုတ်တံတိုင်းလိုအရာတွေနဲ့ အမိုးအကာတွေ ဝန်းရံနေတဲ့နေရာမျိုးမှာ ဆိုရင်
တော့ GPS ကနေပို့လိုက်တဲ့ Signal ဟာ တိုက်ရိုက်မရောက်လာနိုင်တော့ပဲနဲ့ GPS Signal ဟာ အကာအကွယ်
တွေကိုတိုက်ခတ်ဝင်ရောက်လာရတဲ့အတွက်တည်နေရာ Position တွေလွဲမှားသွားတတ်ပါတယ်။

       လျှပ်စစ်မီးသွယ်တန်းထားတဲ့ဓာတ်တိုင်တွေအောက်နဲ့ ဝါယာကြိုးတွေအောက်မှာ GPS ကိုအသုံးပြုမယ်ဆို
ရင်တော့ဂြိုလ်တုကနေပေးပို့လိုက်တဲ့အချက်အလက်တွေဟာတိကျတယ်ဆိုပေမယ့်လျှပ်စစ်စီးဆင်းနေတဲ့ဝါယာ
ကြိုးတွေနဲ့အလူမီနီယံဒါမှမဟုတ် ကြေးနီကြိုးတွေရဲ့ဆွဲအားကြောင့် ပေးပို့လိုက်တဲ့အချက်အလက်တွေ မှားယွင်း
နိုင်ပါတယ်။

       နောက် တစ်ခု ကတော့ Geomatrix လွဲချော်မှု ပါပဲ။GPS စနစ်ဟာ Triolation စနစ် လို့ခေါ်တဲ့ သုံးပွင့်ဆိုင်
ဂြိုလ်တုစနစ်ကိုအသုံးပြုထားတာဖြစ်ပါတယ်။အဲဒီသုံးပွင့်ဆိုင်စနစ်မှာ တစ်စုံတစ်ခု မှားယွင်းနေခဲ့မယ်ဆိုရင် GPS
ဂြိုလ်တုကနေပေးပို့လိုက်တဲ့အချက်အလက်တွေဟာ မှားယွင်းနေတယ်ဆိုတာထက်တည်နေရာ အနည်းငယ်လွဲ
နေပြီးမတိကျမှုတွေရှိလာမှာဖြစ်ပါတယ်။ဥပမာတစ်ခုအနေနဲ့ကိုယ်ကကားမောင်းနေတယ်ကားလမ်းပေါ်မှာဆိုပေ
မယ့် တကယ်တမ်း GPS မှာ မြင်တွေ့ရတာဟာ လမ်းဘေးနားက မြက်ခင်းပေါ်မှာ ဖြစ်နေတာမျိုး ဖြစ်နေတတ်ပါ
တယ်။ဒါကဆုံမှတ်လွဲချော်မှုတစ်ခုပဲဖြစ်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.