Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ဝင်းဒိုးဖုန်းတွေ ရွှေခေတ်ရောက်နိုင်ပါ့မလား

ဝင်းဒိုးဖုန်းတွေ ရွှေခေတ်ရောက်နိုင်ပါ့မလား

news
မိုက်ခရိုဆော့ဖ် ကော်ပို ရေးရှင်းရဲ့ မိုဘိုင်း ပလပ်ဖောင်း Mobile Operating System များကို ၁၉၉၀ နှစ်လယ်ပိုင်းက စတင် ထုတ်လာခဲ့တာပါ။ Windows CE နဲ့ စတင်ခဲ့တဲ့ မိုက်ခ ရိုဆော့ဖ်ရဲ့ မိုဘိုင်း ပလက်ဖောင်း အဆက်ဆက်က အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှု ရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ Google ရဲ့ Android OS နဲ့ Apple ရဲ့ iOS တို့ထွက်ပေါ် လာချိန်မှာတော့ Windows OS တွေရဲ့ အရှိန်အဝါ စတင် ကျဆင်းလာခဲ့ပြီး ဈေးကွက်ဝေစုကို နောက်မှပေါက်တဲ့ ရွှေကြာပင်တွေကို ခွဲပေးလိုက်ရတာ တွေ့ရပါတယ်။ ကွန်ပျူ တာဆော့ဖ်ဝဲ တို့ရဲ့ ဘုရင် တစ်ဆူဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာတွေက Window 7 OS ကို ပိုမို ကောင်းမွန် လာစေပေမယ့် ဈေးကွက်ပိုင်း စီမံခန့်ခွဲရာမှာ လိုအပ်ချက်ရှိနေတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ အားနည်းချက်တွေက Android ရဲ့လောင်းရိပ်အောက် ရောက်စေခဲ့တာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပါတယ်။ နိုင်ငံတကာ ဈေးကွက် အချက်အ လက် ကောက်ယူရေး အဖွဲ့အစည်းဖြစ်တဲ့ (IDC)ရဲ့ ခန့်မှန်းချက်တွေအရ Windows OS ဟာလာမယ့် ၂၀၁၁ မိုဘိုင်း ဖုန်းဈေးကွက်မှာ ဝေစုလေး ရာခိုင်နှုန်းကို ကျော်လွန် လာလိမ့် မယ်လို့ အခိုင်အမာ ခန့်မှန်းဖော်ပြ ထားတာတွေ့ရ ပါတယ်။ Android OS ထွက်ပေါ်လာစဉ်က မိုဘိုင်းဈေးကွက်ကို ကြီးစိုး လာလိမ့်မယ်လို့ မှတ်ချက်ပြုခဲ့တဲ့ IDC ရဲ့တွက်ကိန်းက ကွက်တိ ဖြစ်လာတာမို့ မိုက်ခရိုဆော့ဖ် အတွက် မျှော်လင့်ချက် ရောင်ခြည် သန်းလာတယ်လို့ ဆိုနိုင်မှာပါ။ ဒါ့အပြင် IDC က ၂၀၁၅ ခုနှစ်အရောက်မှာ Windows ပလက်ဖောင်းက Apple ရဲ့ iOS ကိုကျော်ဖြတ်ပြီး ဈေးကွက်ဝေစု (၂၀) ရာခိုင်နှုန်း ကို ဆုပ်ကိုင် ထားမယ်လို့ ဆိုလိုက်တာကြောင့် တကယ် ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ အချိန်က စကားပြောသွား ပါလိမ့် မယ်။


နိုကီယာနဲ့ ရွှေလက်တွဲခြင်း
လွန်ခဲ့တဲ့ ဖေဖော်ဝါရီလမှာ Microsoft ကကမ္ဘာ့ မိုဘိုင်းဈေးကွက်ကို ကျယ်ကျယ်ပြန့်ပြန့် ချုပ်ကိုင်ထားတဲ့ Nokia နဲ့ပူးပေါင်းပြီး Windows ဖုန်းတွေ ထုတ်လုပ်တော့ မယ်လို့ ကြေညာ လိုက်တာဟာ မိုဘိုင်းဈေးကွက်ကို ဂယက် ရိုက်စေခဲ့ပါတယ်။ ဈေးကွက်ထဲက iPhone, HTC နဲ့ Samsung တို့နဲ့ ယှဉ်ရာမှာ အရည်အသွေးပိုင်း မေးခွန်း ထုတ်စရာဖြစ်လာတဲ့ Nokia ဖုန်းတွေက ဈေးကွက် ယှဉ်လုရာမှာ တဖြည်းဖြည်းနဲ့ ကျရိပ်ပြလာခဲ့ပါတယ်။ ဒီလို အချိန်မှာ မိုဘိုင်းပလပ်ဖောင်းမှာ ဘုရင်တစ်ဆူဖြစ်နေတဲ့ Android ကိုကျော်ပြီး Windows OS ကိုသာရွေး လိုက်တဲ့ Nokia ရဲ့ လုပ်ရပ်ကို Android ပရိသတ်တွေက အချည်း နှီးလုပ်ရပ် အဖြစ်ပြစ်တင်ဝေဖန် ခဲ့ကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ဒီကနေ့ ကွန်ပျူတာ ဈေးကွက်ရဲ့ အသုံး အများဆုံး Windows ပလက်ဖောင်း ဖန်တီးရှင် Microsoft ကို ယုံယုံကြည်ကြည် လက်တွဲခဲ့တဲ့ Nokia ရဲ့ဆုံးဖြတ်ချက် မမှားလောက်ဘူး ထင်ပါရဲ့။ အကြောင်း အမျိုးမျိုးကြောင့် လူကြိုက်များ မှုမှာ Android နဲ့ iOS တို့ နောက်ကို ရောက်နေပေမယ် Windows OS တွေရဲ့ အရည်အသွေး ပိုင်းက မနိမ့်ကျလှပါဘူး။ ၁၉၉၀ ဝန်းကျင် ကတည်းက မိုဘိုင်း ပလပ်ဖောင်းမှာ တစိုက် မတ်မတ်ကြိုးပမ်း လာခဲ့တဲ့ Microsoft နဲ့ဖွံ့ဖြိုးဆဲ Third World နိုင်ငံတွေမှာ ဈေးကွက် ဝေစု အခိုင်အမာ ရရှိထားတဲ့ Nokia တို့ရဲ့ ပူးပေါင်းမှုက Apple နဲ့ Google တို့အတွက် အကြီးမား ဆုံးစိန်ခေါ်မှု ဖြစ်လာခဲ့ပါတယ်။
"ဒီပူးပေါင်းမှုက တကယ့် ပြောင်မြောက်တဲ့ လုပ်ရပ်ပါ။ Nokia က အသက်ဆက်ဖို့ လိုအပ်နေသလို Microsoft ကလည်း Hardware ပိုင်းထောက်ပံ့ပေးမယ့် အခြေခိုင် မိုဘိုင်း ပါတနာကောင်းကောင်း လိုအပ်နေတာပါ"လို့ Microsoft နဲ့ Nokia တို့ရဲ့ ပူးပေါင်းမှုကို မိုဘိုင်း ပစ္စည်းထောက်ပံ့ ပေးနေတဲ့ Box Tone ရဲ့ဒုဥက္ကဋ္ဌ ဘရိုင်ယန်ရိဒ်က ထုတ်ဖော်ပြောကြား လိုက်တာပါ။ Nokia ကလတ်တလောမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ နေရပေမယ့် ကမ္ဘာ့အကြီးမားဆုံး မိုဘိုင်းဖုန်း ထုတ်လုပ်သူ နဲ့ ကမ္ဘာကျော် Nokia အမှတ်တံဆိပ် ပိုင်ရှင်ဆိုတာ ကိုတော့ မမေ့သင့်ပါဘူး။ လောလောဆယ် ထိပ်ဆုံးရောက် နေတဲ့ Google Android ထက် ဆော့ဖ်ဝဲပိုင်း ထုတ်လုပ် ရောင်းချရာမှာ အတွေ့ အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Microsoft က Nokia အတွက် ရေရှည်မှာ အကျိုးစီးပွား ဖြစ်ထွန်းစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထား ကြပါတယ်။ Windows Developer တွေအမြောက် အမြား ကျန်နေသေးတာကလည်း Android, Apple တို့နဲ့ ကွာဟချက် တဖြည်းဖြည်း ကျဉ်းမြောင်း လာလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားကြ ပါတယ်။
အကန့်အသတ်မဲ့ မိုးတိမ်ဝန်ဆောင်မှု
Apple ကiPhone, iPad, iPod နဲ့ Mac Book Air တို့နဲ့ ချိတ်ဆက်သုံးနိုင်မယ့် iCloud ဝန်ဆောင်မှုကို စတင် မိတ်ဆက်ပေး လိုက်တဲ့အခါ Apple ပရိသတ်တွေက ဝမ်းပန်း တသာဖြစ် ခဲ့ကြပေမယ့် Android နဲ့ Windows သုံးစွဲသူတွေ ကတော့ ထူးမခြားနား ရှိနေခဲ့ပါတယ်။ ပန်းသီး တံဆိပ်တွေကို တသီးတသန့် ဖြစ်စေချင်တဲ့ စတိဗ့် ဂျော့ဘ်စ်ရဲ့ မဟာဗျူဟာအရ iTunes Match နဲ့ Book တို့အတွက် iCloud ကသုံးစွဲရ ပိုမို လွယ်ကူစေမှာပါ။ အချက် အလက်တွေကတော့ iCloud ပေါ်မှာတင် သုံးစွဲခွင့်ပြုမယ့် ဝန်ဆောင်မှုက မိုက်ခရိုဆော့ဖ် အတွက် အမှန်တကယ် တော့ မဆန်းလှပါဘူး။ ကမ္ဘာတစ်လွှား အသုံးအများဆုံး ကွန်ပျူတာ OS တို့ရဲ့ အရှင်သခင် မိုက်ခရိုဆော့ဖ်အတွက် iCloud ဝန်ဆောင်မှုက ပိုမိုသုံးစွဲရ အဆင်ပြေစေ တာတွေ့ ရပါတယ်။ Third-Party ဖန်တီးချက်တွေနဲ့ လိုက်လျောညီ ထွေသုံးစွဲနိုင်မယ့် Windows ဖုန်းတွေက Cloud ဝန် ဆောင်မှုနဲ့ပိုမိုသင့်လျော်တယ်လို့ ပညာရှင်တွေ က သုံးသပ် ကြပါတယ်။
Apple ရဲ့ iOS ထက်စာရင် Open Source ကိုအခြေခံထားတဲ့ Android က ပိုအားသာလာ လိမ့်မယ်လို့ လည်းဆိုကြပါတယ်။ "Applcationတွေကို ယုတ္တိဆန် ဆန်ဒေတာ အချက်အလက်တွေ အဖြစ် Cloud ပေါ်မှာ သိမ်းဆည်းနိုင်လို့ မိုဘိုင်းပစ္စည်းတွေ အချင်းချင်းချိတ်ဆက် သုံးစွဲရာမှာ ပိုမိုမြန်ဆန်လာစေမှာပါ" လို့ Box Tone ရဲ့ ရိုဒ်မှပြောကြားခဲ့ပါတယ်။ " Device to Device ဝေမျှမှုမှာ Windows ကပြိုင်ဘက်တွေထက် သာပါတယ်။ ကမ္ဘာပေါ်က PC နဲ့ Laptop တွေအားလုံးကို မိုက်ခရိုဆော့ဖ်က ပိုင်ဆိုင်မှတော့ Google နဲ့ Apple တို့ထက် Cloud ဝန်ဆောင်မှုပို ကောင်းမှာ သေချာနေတာပေါ့" ထပ်လောင်းပြောကြား လိုက်တာပါ။ ထုတ်ကုန်သစ် ထုတ်လုပ်မှု၊ ချိတ်ဆက်သုံးစွဲ မှု၊ ပူးပေါင်းဆောင်ရွက် မှုတွေမှာ ပိုမိုကောင်းမွန် လာရင် Windows ဖုန်းတွေက အချိန်တိုအတွင်း မိုဘိုင်းပလတ် ဖောင်းမှာ ကြီးစိုး လာနိုင်တယ်လို့ ပညာရှင်တွေက တစ်ပြိုင် နက်သုံးသပ်ကြပါတယ်။
အကြိုက်လိုက်ထုတ်လုပ်ခြင်း
Windows Phone 7 နဲ့ သုံးစွဲသူတွေကို အမိ အရ စွဲဆောင်မှု ရည်ရွယ် ကြိုးပမ်းခဲ့ပေမယ့် မိုက်ခရိုဆော့ဖ် ရဲ့ထုတ်လုပ်မှု စီမံခန့်ခွဲရေး သမိုင်းကြောင်းက ပြိုင်ဘက် တွေနဲ့ ယှဉ်ရာမှာ သိသိသာသာ ကွာဟ သွားစေခဲ့ပါတယ်။ Windows Phone တွေက အလျင်မပြတ် အီးမေးလ်ပေးပို့ နိုင်တယ်။ ပြက္ခဒိန်၊ Contact ၊ ကိုယ်တွေ့နဲ့ Document တွေ ကို ဖြန့်ဝေရေး ဆိုက်တွေက တစ်ဆင့် အကန့်အ သတ်မရှိပေးပို့ ဝေငှနိုင်တယ်။ မိုက်ခရိုဆော့ဖ် office ဖိုင်တွေကို စိတ်ကြိုက် တည်းဖြတ် ပြုပြင်နိုင်တယ်။ မိုက်ခရို ဆော့ဖ် Word နဲ့ Power Point အသုံးဝင် မှုက အံ့မခန်းပါပဲ။ IRM ထောက်ပံ့မှု၊ ဂဏန်းအက္ခရာ PIN ပူးပေါင်းမှုနဲ့ Exchange Server Search တို့ကလာမယ့် Mango OS ပေါ်မှာ ပါရှိလာမယ့် Feature အသစ်တွေ အဖြစ်တွေ့မြင် ရမှာပါ။ ဒါဆိုရင် ဘာလိုအပ်သေးလဲလို့ မေးစရာ ရှိလာပါတယ်။
ဒီနေရာမှာ Android OS ရဲ့ အားသာချက်က အဓိကအဖြေပဲလို့ ယူဆမိပါတယ်။ သုံးစွဲသူ အကြိုက် Apps တွေ ပေါပေါများများ ရနိုင်အောင် Developer တွေကို ဆွဲဆောင် သိမ်း သွင်းနိုင်ခဲ့လို့ Android OS ထိပ်ဆုံး ရောက်လာတယ် ဆိုရင် ဘယ်သူမှငြင်းဆိုမယ် မထင်မိပါဘူး။ Application ပိုင်းထက် စွမ်းဆောင်ရည်ပိုင်း ကို အလေးပိုထားတဲ့ မိုက်ခရို ဆော့ဖ်ရဲ့ မူဝါဒက Android OS ရဲ့ နောက်ရောက်သွားစေ ခဲ့တာလို့ ပညာရှင်တွေက သုံး သပ်ကြပါတယ်။ Android က iOS ကို လိုက်တုထားတာပါ။ ကျွန်တော်တို့က မတူကွဲပြားတဲ့ လမ်းကြောင်းနဲ့ Windows ဖုန်းတွေ ထုတ်လုပ်သွားမှာပါ" မိုက်ခရိုဆော့ဖ်ရဲ့ မိုဘိုင်းဌာန က ပြောရေးဆိုခွင့်ရ တစ်ဦးက ပြောကြားခဲ့တာပါ။ Facebook နဲ့ Twitter လို လူမှုကွန်ရက်ကို People Hub ထဲ ဆွဲသွင်းကာ အသုံးပြုထားတဲ့ Windows Phone ရဲ့ လုပ်ဆောင်ချက်ကို အချို့ကနားမလည်ဖြစ် နေကြပါတယ်။ မူလ အငွေ့အသက်ကို ဖျောက်ဖျက်ကာ လွှမ်း မိုးပြောင်းလဲချင်တဲ့ Windows ရဲ့လုပ်ရပ်ကို လူမှုကွန်ရက် အသည်းစွဲသုံးစွဲသူတွေက မနှစ်သက်ကြပါဘူး။ ဒါကြောင့် စားသုံးသူအကြိုက်ဆွဲဆောင်ချင်တယ်ဆိုရင်တော့ သဘော ထားပျော့ပျောင်း လာဖို့ လိုအပ်တယ်လို့ ယူဆမိပါတယ်။
စွယ်စုံသုံးလိုတရပစ္စည်း
Tablet နဲ့ စမတ်ဖုန်း ယဉ်ကျေးမှု ထွန်းကား လာနေတဲ့ ဒီနေ့ ခေတ်မှာ ဖုန်းထုတ်လုပ် သူတွေက ကွန်ပျူတာ တစ်လုံးနီးပါး စွမ်းအင်မြင့်မားတဲ့ ဖုန်းတွေကို ထုတ်လုပ်ဖို့ အားခဲလာကြ ပါပြီ။ ဒီအချက်က ကွန်ပျူတာ ဆော့ဖ်ဝဲ နည်းပညာမှာ ထိပ်တန်းရောက်နေတဲ့ မိုက်ခရိုဆော့ဖ်အဖို့ အားသာစေ တာအမှန်ပါပဲ။ "Windows Phone တွေရဲ့ Hardware ပိုင်းထောက်ပံ့မှု က လုံလောက် ကောင်းမွန်ပါတယ်။ ဒါပေမဲ့ စားသုံးသူ အကြိုက် စိတ်တိုင်းကျမှု ရာနှုန်း မပြည့်မီသေး ပါဘူး။ တီထွင်မှု အပိုင်းလည်း အားနည်းနေသေးတာ တွေ့ ရပါတယ်" Citrix ရဲ့ စီမံခန့်ခွဲ မှု ဒါရိုက်တာ ခရစ်ဖလိခ့်က ထုတ်ဖော်ဝေဖန်ခဲ့တာပါ။ လူတွေရဲ့ လိုအပ်ချက်အားလုံးကို အကုန်လိုက်ဖြည့်ပေးမယ့် 'လိုတရဖုန်းတွေ' အနာဂတ်မှာ ထွက်ပေါ်လာဖို့ ရှိပါတယ်။ ပရိသတ်ကို စွဲဆောင်နိုင်ခဲ့တဲ့ Android အခြေပြု Motorola Atrix က အကောင်းဆုံး နမူနာတစ်ခုပါ။ ဈေးနှုန်းလျော့ချနိုင်မယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက် အားလုံးကို ဖြည့် ဆည်းနိုင် မယ်ဆိုရင် Windows Phone တွေ နေရာ အခိုင်အမာ ရလာမှာ မလွဲပါဘူး။
ပြိုင်ဘက်များထက် နှာတစ်ဖျားသာ
Windows Phone 7 Update OS ကိုပြီးခဲ့တဲ့နှစ်က မှ နောက်ဆုံး ထုတ်လုပ်ခဲ့တာပါ။ Apple နဲ့ Google တို့နောက်မှသာ Update လိုက်ထုတ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ အကျင့်က ပြိုင်ဘက်တွေနဲ့ ဈေးကွက်လုရမှာ အမြဲခြေတစ်လှမ်း နောက်ကျနေ တတ်ပါတယ်။ Feature အသစ်တွေ ပါဝင်တဲ့ Update OS ကိုတစ်ပြိုင်နက် ထုတ်လုပ်တာ ထက်စာရင် တစ်လမှာ နည်းနည်းချင်းစီ ထုတ်လုပ်သွားရင်ရော မရဘူး လားလို့မေးစရာဖြစ်လာပါတယ်။ Update Feature အသစ် (၅၀ဝ)ကျော်ပါဝင်လာတဲ့ Mango OS ကိုအချိန်ယူထုတ် လုပ်မယ့် အစား ဖြည်းဖြည်း ချင်းပြောင်းလဲ သွားစေမယ့် နည်းလမ်းမျိုးကို ရှာဖွေသင့်တယ်လို့ Mobility Foundation ရဲ့ မန်နေဂျင်း ဒါရိုက်တာ ဖီးလစ်ဝင်းထရော့မှ အကြံ ပေးပြောကြားခဲ့ ပါတယ်။ Developer တွေလက်ထဲမှာ မေလကတည်းက ဖြန့်ဝေပြီးဖြစ်တဲ့ Windows Phone 7 OS, Mango ဖုန်းတွေ အခု ထက်ထိ သုံးစွဲသူတွေ လက် ထဲရောက်ရှိ လာမသေးတာ ဟာ မိုက်ခရိုဆော့ဖ်ရဲ့ အားနည်း ချက်မှန်း သိသာပါတယ်။ လာမယ့် စက်တင်ဘာလမှာ iOS 5 နဲ့အတူ ထွက်ပေါ်လာတော့မယ့် iPhone အသစ်နောက် မှ Windows ဖုန်းသစ် ထုတ် လုပ်နိုင်မယ် ဆိုရင် ဈေးကွက် ဝေစုယှဉ်လုဖို့ မဖြစ်နိုင်ပါဘူး။ Android OS အသစ် Icecream Sandwich နဲ့ပွဲထွက်လာမယ့် ဖုန်းအသစ်ကို Google က မကြာခင်က ဝယ်ယူထားတဲ့ Motorola နဲ့ပူးပေါင်း ထုတ်လုပ်တော့မှာမို့ မိုဘိုင်းဈေးကွက်မှာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲဖို့ အသင့်ပြင်ထား ကြတာ သိသာပါတယ်။ နည်းနည်း နောက်ကျရင် များများပေးဆပ် ရမယ် ဆိုတာကို မိုက်ခရိုဆော့ဖ် မမေ့သင့်ပါဘူး။
မိုဘိုင်းဈေးကွက် အပြောင်းအလဲ
မိုက်ခရိုဆော့ဖ်ရဲ့ ပြုပြင်ပြောင်းလဲ မှုနှုန်းထားက PC ဈေးကွက်မှာလည်း အေးစက်လှပါတယ်။ အဓိက OS ပိုင်း Upgrade လုပ်ဖို့နှစ်နဲ့ ချီစောင့်ဆိုင်းရတာက သိသာပါတယ်။ အသစ် အသစ်တွေ ထွက်လာတဲ့ မိုဘိုင်းဖုန်းတွေကြားမှာ ခဏနဲ့ မော်ဒယ်ဟောင်းသွား တတ်တာကြောင့် OS ပိုင်း Upgrade မြင့်သုံးစွဲဖို့ သုံးစွဲသူတွေကလို လားကြပါတယ်။ ဖုန်းသစ်တစ် လုံးထပ်ဝယ်ဖို့ Carrier Contract ပြည့်အောင် မစောင့်ဆိုင်း ချင်တဲ့ သုံးစွဲသူတွေကြောင့် လည်း Windows ဖုန်း တွေကို အပြောင်းအလဲ Upgrade အ လျင်အမြန်ထောက်ပံ့ပေးဖို့ မိုက် ခရိုဆော့ဖ် အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပါတယ်။ သုံးစွဲသူ (၂၁) ရာခိုင်နှုန်းက ဖုန်းအသစ် ထွက်တိုင်း Carrier ပြောင်းသုံး တတ်တာကြောင့် ရှိရင်းစွဲသုံးစွဲ သူတွေကို ဆွဲဆောင် ထားနိုင်ဖို့ နည်းလမ်းကောင်းတွေကို ကြို တင်ရှာဖွေ ထားသင့်ပါတယ်။
အက်ပလီကေးရှင်းဈေးကွက်
Apple ရဲ့ App စတိုးမှာ iPhone App ငါးသိန်းကျော် ထောက်ပံ့ပေးထား ပါတယ်။ Android က Application ဆယ်သိန်းမျှ ထောက်ပံ့ပေး ထားပြီး အောက်ထစ်ဆုံး Blackberry မှာတောင် Apps 25,000 ခန့်ရွေးချယ်နိုင် ပါတယ်။ Windows ပလပ်ဖောင်း ပေါ်မှာတော့ Apps နှစ်သောင်းခန့်သာ ပံ့ပိုးနိုင်ပါသေးတယ်။ Application တွေ စိတ်ကြိုက်မွှေနှောက် သုံးစွဲ ချင်တဲ့ သုံးစွဲ သူသဘာဝက Android OS ကို ထိပ်ဆုံးရောက်စေခဲ့တာ လို့ဆိုရမှာပါ။ အထက်ပါလိုအပ်ချက်၊ အားသာချက်နဲ့ ရောထွေးနေတဲ့ Windows Phone 7 OS, Mango က IDC ပြောသလို ထိပ်ဆုံးရောက်လာ မလားဆိုတာကတော့ မကြာခင်ပဲ အဖြေပေါ်လာပါလိမ့်မယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.