Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

ဖုန်းနဲ့ တက်ဘလက် ဘယ်ဟာကို ရွေးမလဲ

ဖုန်းနဲ့ တက်ဘလက် ဘယ်ဟာကို ရွေးမလဲ

news
ipad အစပျိုးပေးလိုက်တဲ့ Tablet လိုင်းဂယယ်က ဒီနေ့ ခေတ်မှာ လူကြိုက်အများဆုံး
Gadget အဖြစ် ထိပ်ဆူံးမှာ ၀င့်ကြွားစေ ခဲ့ပါတယ်။ နေ့စဉ်ဘ၀မှာ မရှိမဖြစ်အရေးပါတဲ့ မိုဘိုင်းဖုန်းတွေရဲ့ ဈေးကွက်ဝေစုကို ဖဲ့ယူမယ့် အထိဟန်ပြင်နေတဲ့ Tablet တွေက ဖုန်းအဖြစ် ပါသုံးနိုင်တာကြောင့် ဖုန်းနဲ့ Tablet အားပြိုင် မှုဖြစ်ပေါ်လာစေ ခဲ့ပါတယ်။ Screen ကျယ်ကျယ် တပ်ဆင်လာကြတဲ့ ဒီနေ့ခေတ်ဖုန်းတွေကလည်း Tablet တွေနဲ့ အပြိုင် စွမ်းဆောင်ရည်မြင့် တက်လာ ခဲ့တာကြောင့် ဖုန်းနဲ့ Tablet တို့ရဲ့ အားနည်းချက်၊ အားသာချက်တစ်ခုချင်းစီကို ရွေးချယ်ဖော်ပြလိုက် ရပါတယ်။

Web Browsing
အငြင်းပွားဖွယ်မရှိ အနိုင် ရသူက Tablet ပါ။ Tablet ပေါ်က Oppera နဲ့ Firefox တို့က PC ပေါ်မှာ သုံးရသလိုမျိုး မြင်ကွင်းကျယ် Web Pageမျိုးကို မြင်တွေ့ခံစားနိုင်မှာက အလွန်ဆုံး 5.3" ရှိတဲ့ Samsung Galaxy Note ကတောင် Tablet တွေကိုတော့ မယှဉ်သာနိုင်ပါဘူး။ Browser အမျိုးအစား၊ ဆိုဒ်သေး တာကလည်း ဖုန်းတွေကို အားနည်း စေပါတယ်။
Movie Watching
Screen Size က အဓိက စကားပြောလာတဲ့ဗီဒီယိုကြည့်ရှုရာမှာ ဖြစ်တဲ့ Tablet ကသာလွန်ပါတယ်။ မြင် ကွင်းကျယ် HDTV တွေနဲ့ ကြည့် ရှုရတာတောင်အားမရတဲ့ ရုပ်ရှင် ပရိသတ်တွေအဖို့ ဖုန်းပေါ်မှာ ရုပ်သံ ခံစားဖို့ အာသာမပြေလောက်ပါဘူး။
Social Networking & Calls
လူမှုကွန်ရက် Twitter, Face book အသည်းစွဲတွေကတော့ ဖုန်း နဲ့သုံးရတာ အရသာတွေ့ကြပါတယ်။ Tablet ပေါ်မှာ ပိုကောင်းတာ မှန် ပေမယ့် လက်လှမ်းတမီအနေအထား နဲ့ လွယ်လွယ်ကူကူသုံးနိုင်မယ့် မိုဘိုင်း ဖုန်းတွေနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ပုံ ရိုက်၊ Twitter, Face book ပေါ် ချက် ချင်း  တင်ရတာကို ပိုမိုနှစ် သက်ကြတာဖြစ်ပါတယ်။ Comments တွေ အပြန်အလှန်ရေးကြရင်း သတင်းဖလှယ်ကြရမှာ မိုဘိုင်းဖုန်း တွေက အလွယ်တကူ ဝန်ကျဉ်းတာမို့ လူကြိုက်များပါတယ်။
Games
Tablet ရဲ့အားသာချက်တစ်ခု က ဂိမ်းဆော့ခြင်းပါပဲ။ လက်ကိုင် ဂိမ်းစက်နဲ့ လက်ညောင်းအောင်ဆော့ ရတဲ့ဒုက္ခက ကင်းဝေးစေပြီး အသာ အယာတို့ထိကစားနိုင်တဲ့ Tablet ကို အကောင်းဆုံး ဂိမ်းပလက်ဖောင်း အဖြစ် Gamer တွေ သတ်မှတ်ကြပါ တယ်။ Tablet ရဲ့ လူကြိုက်များမှုကို နာမည်ကြီး ဂိမ်းထုတ်လုပ်သူတွေ ဖြစ်တဲ့ EA နဲ့ Sony တို့ကပါ လက်ခံ ပေးခဲ့ရပြီး Android ဂိမ်းတွေကို စတင်ထုတ်လုပ်လာကြပြီဖြစ်ပါတယ်။
Portability
အလွယ်တကူ သယ်ဆောင် နိုင်မှုမှာတော့ အိတ်ကပ်ထဲထည့် သယ်သွားနိုင်တဲ့ ဖုန်းတွေက သာလွန် ပါတယ်။ အရွယ်အစားကြီးမားတဲ့ Tablet တွေက သီးသန့် အိတ်/Case ကိုသုံးပြီး မထိခိုက်မိအောင် သတိ ထားသုံးစွဲရပါတယ်။
Battery Life
Screen Size ကြီးတဲ့ဖုန်းတွေ ကို "ဘက်ထရီဝါးစားသူများ"လို့ ခေါ် ဝေါ်ကြပါတယ်။ ဘက်ထရီနည်း လာတယ်လို့ ဆိုပေမယ့် အရွယ်သေး အောင်၊ ပါးလွှာပေါ့ပါးအောင် ထုတ် လုပ်မှ လူကြိုက်များတာကြောင့် ဘက်ထရီအတွက်နေရာလွတ်ရှားပါး ပါတယ်။ အခြား Apps တွေ ဖွင့် ထားမိရင်လည်း ပါဝါဆွဲတာမို့ Screen ကြီးတဲ့ ဖုန်းတွေမှာ ခဏခဏပြန်အား ဖြည့်နေရတဲ့ ဒုက္ခရှိပါတယ်။ Tablet တွေကတော့ ဘက်ထရီအရွယ်အစား ပိုကြီးတာကြောင့် နှစ်ရက်၊ သုံးရက် ကောင်းကောင်းသုံးနိုင်တာတွေ့ရပါ တယ်။
Connectivity
ဒီနေ့ခေတ်ဖုန်းတွေက ကွန် ပျူတာတစ်လုံးလို မြန်နှုန်းမြင့် Processer တွေ တပ်ဆင်လာကြတာ ကြောင့် မိုဘိုင်းအင်တာနက်သုံးစွဲရာ မှာ Tablet နဲ့စွမ်းရည် ရင်ဘောင် တန်းလာနိုင်တာတွေ့ရပါတယ်။ WiFi, 3G, HSDPA, Bluetooth, GSM/ CDMAစတဲ့ ကွန်ရက်တွေ ကိုလည်း ပုံမှန်အတိုင်းသုံးစွဲနိုင်ပါ တယ်။ အမြဲတမ်း အင်တာနက်ဖွင့် သုံးချင်ရင်လည်း ဖုန်း/Tablet နှစ် မျိုးလုံးက အဆင်ပြေပါတယ်။
Security
မကြာမကြာအိတ်ထဲက ထုတ် သုံးရတာ ခက်ခဲတဲ့ Tablet က အမြဲ ထိတွေ့နေတဲ့ ဖုန်းထက် လုံခြုံရေး ထဲဝင်ဝင်တိုက်ခိုက်ဖို့ ဆန္ဒမရှိသေးတဲ့ ဟက်ကာတွေကိုပါ ကျေးဇူးတင်ရမ လိုပါပဲ။ Tablet Platform ကတော့ ဟက်ကာတွေအဖို့ဖုန်းတွေထက်မျက်စိ ကျချင်စရာပိုကောင်းလို့ပဲဖြစ်ပါတယ်။
Camera
5MP ကစပြီး 8MP အထိ ပါဝင်လာတဲ့ စမတ်ဖုန်းတွေရဲ့ ကင်မရာပိုင်းက Feature စုံအပြင် Flash ပါသုံးလာနိုင်ပါတယ်။ ယနေ့ထိပ် တန်း Tablet တွေဖြစ်တဲ့ iPad, Galaxy Tab, Motorola Xoomနဲ့ HTC Flyer တို့က 5MP ကင်မရာ ကိုပဲ တပ်ဆင်ပေးထားတာတွေ့ရ ပါတယ်။ ဒါ့အပြင် Tablet ကို ကင်မရာတစ်လုံး အဖြစ် သုံးစွဲရာမှာအခက် အခဲအချို့ရှိ ပါတယ်။ ကင်မရာခလုတ် သီးသန့်တပ်ဆင်ထားတာ၊ အလွယ် တကူရိုက်ကူးနိုင်တာ၊ ဗီဒီယိုကို သိုသို သိပ်သိပ်မှတ်တမ်း တင်နိုင်တာတို့မှာ စမတ်ဖုန်းတွေက သာပါတယ်။
Price
အဆင့်မြင့် ဖုန်းတွေနဲ့ Tablet တွေရဲ့ဈေးနှုန်းက သိပ်မကွာလှ တော့ပါဘူး။ 3G ကွန်ရက်သုံးနိုင်တဲ့ Tablet တွေကHigh- Speed ဖုန်း တွေနဲ့ ဈေးနှုန်းသိသိသာသာကွာ ခြားခြင်းမရှိပါဘူး။ ဥပမာအနေနဲ့ ပြောရရင် GalaxyTab နဲ့ Google Nexus တို့ရဲ့ဈေးနှုန်းကအတူတူ ဖြစ်နေတာတွေ့ရပါတယ်။ အထက်ပါ အချက်အလက်တွေကတော့ ဖုန်းနဲ့ တက်ဘလက်ကို ဝယ်ယူဖို့ ချိန်ဆရာ မှာ အထောက် အကူပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ သုံးလိုတဲ့အား သာချက် အလိုက်အမှားအယွင်း မရှိရွေး ချယ်နိုင်စေဖို့ ဖော်ပြပေးလိုက် ရပါ တယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.