Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်

CDMA 450 MHz ဖုန်း၏ မြန်မာဘာသာပြန်စနစ်များ မှားယွင်းလျှက်ရှိကြောင်း ပညာရှင်များဝေဖန်


မြန်မာ နိုင်ငံ အတွင်းသို့ မကြာမီလ အတွင်းက တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အသစ် ဝင်ရောက် လာသော CDMA 450 MHz စနစ်သုံး ဖုန်းဟန်းဆက် များတွင် မြန်မာ ဘာသာပြန် စနစ်ဖြင့် ဖုန်းတွင်းရှိ လုပ်ဆောင်ချက် များကို ပြောင်းလဲ နိုင်ရန် အတွက် ထည့်သွင်း လာသော်လည်း ဘာသာပြန် စနစ်များ မှားယွင်း နေမှု များကြောင့် သုံးစွဲသူများ အတွက် ပိုမို အခက်တွေ့ နိုင်သည့်အပြင် ပညာရှင် များကလည်း ဝေဖန်မှုများ ရှိလာကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံရှိ တိပိဋိက စာပေများကို မိုဘိုင်း အဘိဓါန် အဖြစ် စတင် အသုံးပြု နိုင်ရန် အတွက် ကြိုးစား ခဲ့သူ ဦးရဲမြတ်သူက တစ်နေ့က တရုတ်ကနေ လုပ်တဲ့ CDMA 450 MHz တစ်လုံးမှာ မြန်မာလို ပါတယ် ဆိုလို့ ပြောင်းကြည့် မိတာ မြန်မာစာလုံး တွေတော့ ပေါ်လာ ပါတယ်။ ဟင်းလျာစာရင်း ဆိုတာ တွေ့လို့ ကြောင်တောင် သွားတယ်။ နောက်မှ သတိထား မိတာက Menu ကို ဘာသာပြန် ထားမှန်း သိတယ် ဟု CDMA450 အတွင်း မြန်မာ ဘာသာပြန် စနစ်နှင့် ပတ်သက်ပြီး ရှင်းပြခဲ့သည်။ ၂၀၁၀ နှစ်လယ်ပိုင်း လောက်မှ စတင်ကာ ပြည်တွင်း မိုဘိုင်း ဟန်းဆက် များတွင် မြန်မာစာ စနစ် ထည့်သွင်း မှုများ ခေတ်စား လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှာလည်း ပြည်တွင်းသို့ မြန်မာ ဘာသာပြန် စနစ် များကို ထည့်သွင်းကာ အသုံးပြု လာကြခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘာသာပြန် စနစ်၏ မှားယွင်းမှု များကြောင့် မလိုအပ်သော အမှတ် မှားမှုများ ဖြစ်လာ နိုင်ကြောင်း ကွန်ပျူတာ မြန်မာစာ စနစ် တိုးတက်ရေး အတွက် ကြိုးပမ်း နေသူ တစ်ဦးက မှတ်ချက် ပေးခဲ့ကြောင်း သိရသည်။
Source : Net Guide Journal

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.