Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

HTC EVO View တွင် NetFlix ဝန်ဆောင်မှုကို အသုံးပြု နိုင်မည်

HTC EVO View တွင် NetFlix ဝန်ဆောင်မှုကို အသုံးပြု နိုင်မည်

NetFlix
နာမည်ကျော် ဖုန်းကုမ္ပဏီ HTC မှ ဖန်တီး လိုက်သည့် 4G ကွန် ရက် အထောက် အပံ့ ပေးသော Android Tablet အမျိုးအစား EVO View သည် Netflix ၏အွန်လိုင်း ဗီဒီယို ဝန်ဆောင်မှုကို စတင် ရောင်းချ ခြင်းကို အသုံးပြုနိုင်မည့် ပထမဆုံး Android Tablet အမျိုးအစား ဖြစ် လာသည်။ Tablet များ၏ ဈေးကွက် တွင် အမျိုး အစား များစွာ ရှိနေသော်လည်း Android Tablet များမှာ စထွက်ရှိ သည့်အချိန်၌ Netflix နှင့် Hulu အစရှိသော အွန်လိုင်း ဗီဒီယိုဝန် ဆောင်မှုများကို အသုံးပြုနိုင်သည့် Application မပါဝင်သည့် အတွက် ကြည့်ရှု၍မရနိုင်ကြရာ Evo View Tablet မှာထိုဝန်ဆောင်မှုကို အသုံး ပြုချင်သူများ အတွက် စိတ်ကျေနပ်စ ရာ ဖြစ်စေခဲ့သည်။ ထို့အပြင် 4G (Wi-Max) ကွန်ရက်ကို အပြည့်အဝ ထောက်ပံ့ပေး နိုင်မည်ဖြစ်သည့်အ တွက် Brandwidth သုံးစွဲမှုလွန်စွာ လိုအပ်သည့် Netflix နှင့်သဟဇာတ ဖြစ်မည်ဟု ခန့်မှန်းရသည်။ အဆိုပါ Tablet တွင်မြန်နှုန်း 1.5 GHz ရှိတဲ့ Qualcomm Snapdragon Processor ကိုအသုံးပြုထားပြီး Resolution 1240 x 600 အထိ အထောက်အပံ့ ပေးမည်ဖြစ်သည့် အတွက် ယခုကဲ့ သို့ Netflix ၏ဝန်ဆောင်မှုကို အသုံး ပြုနိုင်မည့် Application နှင့်အတူ ထွက်ရှိလာမှုမှာ Evo View ၏ ရောင်းအားကို မြင့်တက်စေလာနိုင် ကြောင်း သုံးသပ် နေကြသည်။ Screen အရွယ်အစား (၇) လက်မ သာရှိသည့် အတွက် ရုပ်ရှင် များကြည့်ရှုရာ၌ အချို့သောသ ဘောမကျနိုင်သော်လည်း အရွယ် အစားသေး ငယ်သည့် Tablet တစ် လုံးအပြင် Netflix ဝန်ဆောင်မှုကို အသုံးပြုချင်သူများအတွက် စိတ် ကျေနပ်စရာ ဝန်ဆောင်မှုဖြစ်သည်ဟု HTC မှယုံကြည်ထား သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.