Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

iPhone 4 ၏ ဖန်သားမျက်နှာပြင်သည် iPhone 3GS ထက်ပိုမိုကွဲလွယ်ဟုဆို

iPhone 4 တွင် တပ်ဆင်ထားသော ဖန်သား မျက်နှာပြင်၏ ကွဲအက်မှုနှုန်းသည် iPhone 3GS ထက် ၈၂ ရာခိုင်နှုန်း ပိုမိုကြောင်း အာမခံ ကုမ္ပဏီ ဖြစ်သည့် SquareTrade မှ လတ်တလော ကောက်ယူခဲ့သည့် စစ်တမ်း အရ သိရသည်။ iPhone 4 ကို အာမခံဖြင့် ကိုင်ဆောင်သူ ၂၀,၀၀၀ သည် ပထမ လေးလအတွင်း မတော်တဆ ဖန်သားပြင် ကွဲအက်မှု ဖြစ်ရပ်များ ဖြစ်ပွားခဲ့ပြီး ယင်းသည် ယခင် iPhone 3GS ထက် ၆၈ ရာခိုင်နှုန်း ပိုမိုလာကြောင်း SquareTrade ကုမ္ပဏီက ဆိုသည်။
ယင်းဖြစ်ရပ် ၂၀,၀၀၀ တွင် ဖုန်းအလုံးရေ ၉၄၀ နှင့် ညီမျှသည့် ၄.၇ ရာခိုင်နှုန်းသည် ပထမ လေးလအတွင်း ဖြစ်ပွားခဲ့ပြီး ၈၂ ရာခိုင်နှုန်းသည် screen ကွဲအက်မှုများ ဖြစ်ပွားခဲ့ရာ ၁၇ ရာခိုင်နှုန်းမှာ အရည်ပျက်စီးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ iPhone 3GS တွင်မူ ပထမ လေးလအတွင်း ၂.၈ ရာခိုင်နှုန်းသာ ဖြစ်ပွားခဲ့ပြီး screen ကွဲအက်မှုနှုန်းမှာ ၇၆ ရာခိုင်နှုန်းသာ ရှိကြောင်း SquareTrade မှ နှိုင်းယှဉ်ဖော်ပြခဲ့သည်။ ယခုကဲ့သို့ iPhone 4 ၏ ဖန်သားမျက်နှာပြင် ကွဲအက်မှုနှုန်းသည် 3GS ထက်နှစ်ဆ ပိုမိုနေသော်လည်း အခြားလူသုံးကုန်အီလက်ထရွန်နစ်ပစ္စည်းများနှင့် နှိုင်းယှဉ်လျှင် စက်ချွတ်ယွင်းမှု နည်းပါးနေကြောင်းလည်း အဆိုပါ အာမခံ ကုမ္ပဏီမှ ပြောကြားခဲ့သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.