Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

iPhone ရဲ့အားနည်းချက်

iPhone ရဲ့အားနည်းချက်

       iPhone ရဲ့အားနည်းချက်တွေအနေနဲ့ ဆိုရင်တော့ iPhone တွေဟာ ဖုန်းတွေထဲမှာ မှတ်ထားတဲ့ Contactတွေကိုအပြောင်းအရွှေ့ လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ဘာကြောင့်လဲ ဆိုတော့ Contact တွေကို ရွှေ့ချင်တယ်ဆိုရင်iTune ဆော့ဖ်ဝဲ လိုအပ် ပါတယ်။ဖုန်းနဲ့ တိုက်ရိုက်လွှဲဖို့ အတွက်လည်း Bluetooth က Data Transfer အဆင်မပြေတဲ့အတွက်မလွယ်ပါဘူး။

       ဒါ့အပြင် Contact တွေကို Backup လုပ်လို့မရတဲ့အတွက် ရွှေ့ပြောင်းတဲ့အခါမှာ အားလုံးကို တစ်ခါတည်းရွှေ့ပြောင်းရပါတယ်။Select လုပ်ရင်လည်း တစ်ခုချင်းစီလုပ်လို့မရဘဲ အားလုံးကို Select လုပ်ပြီးရွှေ့ပြောင်းရပါတယ်။အဲဒီအခါမှာ iTune ကContact ကိုအရေအတွက်နဲ့ ကန့်သတ်ပြီးလက်ခံ  ရွှေ့ပြောင်းပေးတဲ့အတွက်ကျန်တဲ့အစိတ်အပိုင်းတွေကပျောက်သွားတတ်ပါတယ်။

       နောက်တစ်ခုကတော့ iPhone မှာSMS စနစ်အတွက် SMS Setting မပါဝင်တဲ့အတွက် Message Centerနံပါတ်ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင် ပြောင်းလို့ မရပါဘူး။iPhone တွေက Sim Card မှာပါတဲ့ SMS Centerနံပါတ်ကိုပဲအလုပ်လုပ်ပေးပါတယ်။တခြားအသစ်ပြောင်းလဲသုံးချင်တယ်ဆိုရင်တော့ ဖုန်းထဲမှာ ကုဒ်နံပါတ်တွေနဲ့ရိုက်ထည့်ပြီးပြောင်းလဲအသုံးပြုမယ်ဆိုရင်တော့ရပါတယ်။ဒါပေမယ့်ကုဒ်တွေဆိုတာကလည်းလူတိုင်းအလွယ်တ
ကူ သိရှိနိုင်ဖို့ မလွယ်ကူတဲ့ အတွက် Technication တွေ အတွက်ပဲ အဆင်ပြေနိုင်ပြီး အသုံးပြုသူ User တွေအတွက်တော့ဒါဟာအခက်အခဲတစ်ခုအနေနဲ့ရှိနေပါတယ်။

       အွန်လိုင်းအသုံးပြုတဲ့သူ အနေနဲ့ iPhone ဟာ Web Page တွေကို Save လုပ်တဲ့ နေရာမှာတော့ အဆင်မပြေပါဘူး။သူက Save လုပ်ထားတဲ့ Web Page တွေကိုခဏပဲသိမ်းပေးတဲ့အတွက်ပြန်ရှာရင် မတွေ့တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒါ့အပြင် GPS အသုံးပြု Map တွေကို Save လုပ်ထားတဲ့ အခါမျိုးတွေမှာလည်း မြေပုံတွေကိုခဏပဲသိမ်းပေးထားတဲ့အတွက်တစ်ရက်နှစ်ရက်နေရင်ပျောက်ကွယ်သွားတာမျိုးတွေရှိပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.