Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, November 25, 2011

Nokia ဖုန်း ကို certificate error မဖြစ်အောင် လုပ်နည်း (၁)


ဖုံးထဲကို တစ်ချို့  software တွေသွင်းရင် certificate error ဆိုတာပေါ်လာပြီး သွင်းလို့ မရဘူးဖြစ်တတ်ပါတယ်။ သုံးချင်ရင်တော့ 
အဲဒီ unsign file တွေကို signed file ဖြစ်အောင်လုပ်ပြီးမှာ ကိုယ့်ဖုံးထဲကိုထည့်ရတာပါ။
အဲဒီလို sign လုပ်ဖို့  signstool2.2 လိုပါတယ်။ နောက် ကိုယ့်ဖုံးရဲ့ IMEI no. နဲ့ လုပ်ထားတဲ့
certificate file နဲ့ key file လိုပါတယ်။
အဲဒါတွေလုပ်ဖို့ ကိုယ့်ဖုံးရဲ့ IMEI no. ကိုမှတ်လိုက်ပါ။ (*#06#) နှိပ်လိုက်ရင်ပေါ်လာပါတယ်။
http://cer.s603rd.cn/index.php

အဲဒီ site မှာ signstool 2.2 ကို ဒေါင်းလို့ရပါတယ်။ အနီရောင်နဲ့ရေးထားတဲ့ ဘေးက here ကိုနှိပ်ပါ။
ကိုယ့်ဖုံး IMEI no. ကို ပထမအကွက်မှာ ထည့်ပြီး ဘေးက အကွက်ထဲကို ပေါ်နေတဲ့ ဂဏန်း ၄ လုံးရိုက်ထည့်ပြီး
ဘေးက လေးထောင့်ကွက်လေးကိုနှိပ်လိုက်ပါ။ နောက် ၁၂ နာရီလောက်ကြာပြီးရင် အဲဒီ ကိုပြန်သွားပြီး
ကိုယ့် IMEI no. ပြန်ရိုက်ထည့်။ အဲဒီအချိန်မှာ ပေါ်နေတဲ့ ဂဏန်း ၄ လုံးရိုက်ထည့်လိုက်ပြီး ဘေးက အကွက်ကိုနှိပ်လိုက်ရင်
download လုပ်ရမဲ့ link ကို အောက်ကပုံမှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်။

အဲဒီကနေ ကိုယ့်ရဲ့ cer file and key file ရပါတယ်။
ပြီးရင် ကိုယ် ထည့်ချင်တဲ့ software+singstool+cer+key file တွေကို ဖိုဒါတခုထဲမှာထည့်ထားပြီး
signstool ကို run လိုက်ပါ။ ပုံထဲကအတိုင်းပေါ်လာပါလိမ့်မယ်။

အဲဒီမှာ cer file ကိုရွေး။ software ကိုရွေးပြီး၊ sign နှိပ်လိုက်ရင် အဲဒီဖိုဒါထဲမှာ
signed လုပ်ပြီးသားဖိုင်တခု ထပ်ရောက်လာပါတယ်။ အဲဒါကိုမှ ဖုံးထဲကိုကူးထည့်ပြီး install လုပ်ရပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.