Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

မိုဘိုင်းဖုန်းတွင် SMS စနစ်ဖြင့် သတင်းများ ပို့ပေးသော ဝန်ဆောင်မှု ရယူနိုင်

မိုဘိုင်းဖုန်းတွင် SMS စနစ်ဖြင့် သတင်းများ ပို့ပေးသော ဝန်ဆောင်မှု ရယူနိုင်
  SMS
ပြည်တွင်း၌ အသုံးပြု လျက်ရှိသော မိုဘိုင်းဖုန်း အားလုံးတွင် အချိန်နှင့် တစ်ပြေးညီ ပြောင်းလဲ လျက်ရှိသော ရွှေဈေး၊ ဒေါ်လာဈေး နှင့်ပို့ ကုန်ငွေကြေးများ အပြင် စီးပွားရေး သတင်း တိုများကို SMS(Short Message Service) ပို့ပေးသော ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ် ကြောင်း သိရသည်။ အဆိုပါ ဝန်ဆောင်မှုအား Myanmar Exchange Business Information Mobile SMS Service မှဝန်ဆောင်မှု ပေးခြင်းဖြစ်ရာ မိုဘိုင်းဖုန်းများသို့ တစ်နေ့သုံးကြိမ်ပေးပို့၍ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ “ဒီစနစ်က မိုဘိုင်းဖုန်းတိုင်း အသုံးပြု လို့ရ ပါတယ်။ တစ်နေ့ကို သုံးကြိမ် ပို့ပေး တယ် ဆိုတာကလည်း Customer တွေ ကြိုက်တဲ့ အချိန်ကိုပို့ပေး တာပါ။ ပုံမှန် အတိုင်း ဆိုရင် တော့ (၁၀း၄၅)ရယ်၊ (၁၂း၃၀)နဲ့ (၁၅းဝ၀) အချိန်ေ တွမှာ ပို့ပေးပါ တယ်” ဟု အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်း SMS စနစ်အား အသုံးပြုလိုပါက ဖုန်းနံပါတ် ဝ၉၅၀၂၄၀၆၁ နှင့် ဝ၉၇၃၀၈၁၄၈၈ အား ဆက်သွယ် ၍ မိမိ၏ ဖုန်း နံပါတ်နှင့် အမည် ပေးရုံဖြင့် အဆိုပါ ဝန်ဆောင် မှုအား နေ့စဉ်ပေးပို့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
SMS ဝန်ဆောင် မှုအား တစ်နေ့ တစ်ကြိမ်သာ အသုံးပြုပါက ဝန်ဆောင်ခ အဖြစ် ခြောက်လစာ ကိုကျပ် (၁၈,ဝ၀ဝ) အဖြစ် လည်းကောင်း၊ တစ်နေ့ နှစ်ကြိမ် သိရှိ လိုပါကကျပ် (၃၀,ဝ၀ဝ) နှင့်တစ်နေ့ သုံးကြိမ် ဆိုပါကကျပ် (၄၁,ဝ၀ဝ) အဖြစ် ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ပေး သွင်းရ မည့် ငွေကြေးအား ရန်ကုန်မှ Customer များအတွက် အိမ်တိုင်ရာ ရောက် ကောက်ခံ သွားမည် ဖြစ်သည်။ နယ်မှအ သုံးပြု လိုသော Customer များအတွက် ဘဏ်မှ တစ်ဆင့်ပေးပို့၍ အသုံးပြုနိုင် ကြောင်း သိရ သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.