Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

စမတ်ဖုန်းအသစ်ကို SONY ERICSSON ထုတ်လုပ်ဖန်တီး

စမတ်ဖုန်းအသစ်ကို SONY ERICSSON ထုတ်လုပ်ဖန်တီး
news


news
အရည်အသွေးမြင့် စမတ်ဖုန်း များကို အမြဲမပြတ် ဖန်တီး ထုတ်လုပ်လေ့ ရှိသော Sony Ericsson ဖုန်း ကုမ္ပဏီသည် မာလ်တီမီဒီယာပိုင်း စွမ်းဆောင်ရည် သာလွန်ပြီး တေးသီချင်း အထောက်အပံ့ ပေးမှုနှင့် HD ဗီဒီယို ဖိုင်များကိုပါ ရိုက်ကူးနိုင်မည့် စမတ် ဖုန်းအမျိုးအစားသစ် ကို ထုတ်လုပ်လိုက် ကြောင်း သိရသည်။ အဆိုပါ ဖုန်းအား Live with Walkman စမတ်ဖုန်း ဟု အမည်သတ် မှတ်ထားပြီး Walkman တေးဂီတ ကုမ္ပဏီနှင့် ပူးပေါင်း၍ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ 1GHz အမြန်နှုန်း ရှိသော Processor ကို အသုံးပြုထားသည့် ၄င်း စမတ်ဖုန်းတွင် Android 2.3OS ကို ထည့်သွင်း ထားကြောင်း သိရပြီး မာလ်တီ မီဒီယာ စွမ်းဆောင်ရည်ပိုင်း အထူး သာလွန် ကောင်းမွန်အောင် ဖန် တီးပေးထားသည်ဟုဆိုသည်။
Screen အရွယ်အစားမှာ(၃.၂)လက်မ အရွယ်ခန့်ဖြစ်ပြီး Touch Screen အမျိုးအစားဖြစ်ကာ ထိတွေ့မှုအာရုံ အလွန်ကောင်းမွန်သည့် မှန်အမျိုး အစားကို အသုံးပြုထားသည်။ 5MP Auto Focus ကင်မရာကို တပ်ဆင် ပေးထားပြီး HD ရိုက်ကူးမှုအတွက် Resolution ပြည့်ဝစွာ အထောက် အပံ့ပေးမည် ဖြစ်ကာ 8x Digital Zoom ပါဝင်သည့်အတွက်ရိုက်ကူးရာ ၌လည်း အဆင်ပြေမည် ဖြစ်သည်။ အထူးပြုလုပ်ချက်မှာ Sony xLOUD Audio နှင့် Walkman Music Player တို့၏ အလုပ်လုပ် ဆောင်မှုများကိုဖုန်းအတွင်းထည့်သွင်း ထားခြင်းဖြစ်ပြီး 3G ကွန်ရက်ကို အထောက်အပံ့ ပေးမည်ဖြစ်သည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.