Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, November 30, 2011

Symbian Belle အကြောင်းပါ

Symbian Belle

       Symbian Belle ဆိုတာကတော့ Nokia ကနေအသစ်ထပ်မံထွက်ရှိလာမယ့် Symbian OS ဗားရှင်းအသစ်
တစ်ခုပါပဲ။Nokia ဟာသူရဲ့ Firmware စနစ်တွေကို ပိုပြီး ကောင်းမွန်တဲ့အဆင့်ထိ တိုးတက် မြင့်မားလာစေဖို့အ
တွက်အဆက်မပြတ်ဆောင်ရွက်လာတာကိုတွေ့ရပါတယ်။

       Symbian 3 Series တွေထဲမှာ Meego OS ဟာ နောက်ဆုံးထွက်ရှိထားတဲ့ OS စနစ်တစ်ခုဖြစ်ပြီး ခု Belle
ကတော့ Meego ရဲ့နောက်မှာထပ်ပြီးထွက်ပေါ်လာမယ့်စနစ်သစ်တစ်ခုပါပဲ။ဒီ OS မှာတော့အရင်ကထွက်ရှိခဲ့တဲ့
စနစ်တွေရဲ့အားနည်းချက်တွေကိုပြင်ဆင်ပြီးပိုကောင်းမွန်အောင်ပြုလုပ်ထားတာလည်းတွေ့ရပါတယ်။

       ဒီ OS အသစ်ကိုတော့နောက်ထပ်အသစ် ထွက်လာမယ့် Nokia 600 ,700 နဲ့ 701 ဖုန်းတွေမှာ ထည့်သွင်း
အသုံးပြုမယ်လို့ဖော်ပြထားတာလည်းတွေ့ရပါတယ်။Belle OS ဟာ Android OS နဲ့ဆင်တူလာပြီးတော့ Nokia
ရဲ့ Symbian Platform ကိုလည်းမပျောက်ပျက်အောင်ပြုလုပ်ထားတာ တွေ့ရပါတယ်။ဒါ့အပြင် ဒီ OS စနစ်သစ်
ထဲမှာ Function သစ်တွေကိုလည်းထပ်ပေါင်းဖြည့်စွက်ထားတာတွေ့ရပါတယ်။

       ထူးခြားချက်တစ်ခုအနေနဲ့ကတော့နိုင်ငံတကာမှာအသုံးပြုနေတဲ့ Credit ကတ်စနစ်ကိုဖုန်းထဲမှာထည့်သွင်း
အသုံးပြုနိုင်မယ့် NSP ဆိုတဲ့စနစ်ကိုထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ဖုန်းနဲ့ပဲ Credit ကတ် စနစ်ကိုတစ်ပါ
တည်းအသုံးပြုနိုင်အောင်ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ဒါ့အပြင် NSP စနစ်ကိုအသုံးပြုနိုင်တဲ့ဖုန်းအချင်းချင်းကို
ချိတ်ဆက်ပြီး Bluetooth စနစ်လို Data Transfer စနစ်တွေကိုပါ အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။Belle OS မှာ
တော့ဖုန်းရဲ့ Icon ပုံစံစနစ်တွေလုံးဝပြောင်းလဲသွားပါတယ်။

       ဒါ့အပြင် Hardware ပိုင်းနဲ့ဆော့ဖ်ဝဲပိုင်းချိတ်ဆက်မှုတွေမှာလည်းပိုပြီးကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
ဒီလိုချိတ်ဆက်ခြင်းကောင်းမွန်လာတဲ့အတွက် အရင်တုန်းက Nokia ရဲ့ Touch Screen ဖုန်းတွေမှာလိုမျိုး ၊ ဖုန်း
ရဲ့ လှုပ်ရှားမှုတွေ နဲ့ လှည့်ပြောင်းခြင်းတွေ ၊ တုန့်ပြန်ခြင်းတွေမှာ လေးလံနေတာမျိုး မရှိတော့ပဲ လုပ်ဆောင်ချက်
ကောင်းမွန်လာတယ်လို့ကျွမ်းကျင်သူတွေကဆိုထားပါတယ်။

       ဒီလို ပြည့်စုံအောင်ပြုလုပ်ပေးထားတဲ့အတွက် Belle OS ကို အသုံးပြုထားတဲ့ ဖုန်းတွေမှာ Accelerometer
Sensor စနစ်တွေနဲ့ Gyro Sensor စနစ်ပိုင်းတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ဖုန်းကို အလှည့်အပြောင်း ပြုလုပ်ချိန်
တွေမှာလေးလံခြင်းတွေမရှိတော့ပဲပေါ့ပေါ့ပါးပါးနဲ့အသုံးပြုနိုင်မှာပါ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.