Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, November 19, 2011

Symbian New Version

Symbian New Version

       Symbian ဆိုတာနဲ့ Nokia ဖုန်းတွေကိုပြေးပြီးမြင်ကြည့်လိုက်လို့ရပါပြီ။ဘာကြောင့်လဲဆိုတော့ ဒီနာမည် နဲ့
OS စနစ်ဟာ Nokia ရဲ့မူပိုင် OS တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ။

       Nokia ကနေ Symbian OS ကိုထုတ်လုပ် လာခဲ့တာဟာ အချိန်ကြာခဲ့ပြီ ဖြစ်ပေမယ့် ၂၀၁၀ နှစ် ကုန်ပိုင်းနဲ့
၂၀၁၁ နှစ်ဆန်းပိုင်းလောက်မှာ Nokia ဟာအရှိန်အဟုန်ရပ်တန့်နေခဲ့ပါတယ်။Symbian 3 ကိုစတင် ထုတ်လုပ်ခဲ့
ပြီးတဲ့အချိန် ကနေစပြီး Nokia ရဲ့ဆန်းသစ်မှုတွေကို သိပ်မတွေ့ရတော့ပါဘူး။ဒါပေမယ့်ခုချိန်မှာတော့ သူကဈေး
ကွက်ထဲကိုပုံစံအသစ်မျိုးနဲ့ထပ်မံဝင်ရောက်လာခဲ့ပြန်ပါပြီ။

       ဒါကတော့ Symbian OS ကိုပဲနည်းပညာတွေထပ်ပေါင်းဖြည့်စွက်ပြီး Anna ဆိုတဲ့နာမည်နဲ့ OS ပုံစံအသစ်
တစ်ခုကို ထပ်မံ ထုတ်လုပ်ခဲ့ကြပါတယ်။အဲဒီ Anna ဆိုတဲ့ OS စနစ် ဟာလည်း Symbian OS ပေါ်မှာပဲ အခြေခံ
ထားခဲ့တာဖြစ်ပြီးသိသိသာသာလုံးဝပုံစံချိန်းပြီးပြောင်းလဲသွားခြင်းမျိုးတော့မဟုတ်သေးပါဘူး။ဒါက OS မျိုးဆက်
သစ်အတွက်ပုံစံစတင်ပြောင်းလဲခြင်းစနစ်လို့ပဲဆိုရမှာပါ။Anna OS ကိုအသုံးပြုထားတဲ့ဖုန်းဆိုရင်တော့ပြည်တွင်း
မှာ ဆိုရင် ခုချိန်မှာ Nokia X7-00 ဆိုတာကို မြင်တွေ့နိုင်ပါတယ်။ဒီဖုန်းက Symbian ရဲ့ Anna OS ကို အသုံးပြု
ထားတာပါ။

       ဒီထပ်နောက်မှာတော့ ထပ်မံ စမ်းသစ်မှုတစ်ခုကို ပြုလုပ်လာခဲ့ပါပြီ။အဲဒါ ကတော့ Nokia ရဲ့ Meego ဆိုတဲ့
OS စနစ်သစ်တစ်ခုကိုစတင်ဖော်ထုတ်လာခဲ့ပြီ လို့ဆိုပါတယ်။ဒီ OS စနစ်မှာတော့ အလုံးစုံ ပြုပြင် ပြောင်းလဲခြင်း
တွေကိုမြင်တွေ့ရနိုင်တယ်လို့ကျွမ်းကျင်သူတွေကိုဆိုကြပါတယ်။

       Symbian ရဲ့ Meego ကိုတော့ Nokia နဲ့ Intel ကုမ္ပဏီ အပါအဝင်နောက်ထပ်အခြားကုမ္ပဏီတွေလည်းပါ
ဝင်ပူးပေါင်းဆောင်ရွက်ထားကြတယ်လို့ ဆိုပါတယ်။ဒီ OS စနစ်အတွက်တော့ အခြေခံ အနေနဲ့ Linux ပေါ်မှာအ
ခြေခံပြီးရေးဆွဲထားတယ်လို့လည်းဆိုထားတာကိုတွေ့ရပါတယ်။သူကတော့ ခုချိန်မှာ လူကြိုက်များပြီး အရမ်းကို
ခေတ်စား လာတဲ့ Android OS ပုံစံမျိုး နဲ့ ထွက်လာ နိုင်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ Symbian OS ရဲ့ စနစ်
တော်တော်များများပုံစံနဲ့ Linux အခြေခံပေါ်မှာ Android OS လို ၊ ဒါမှမဟုတ် Apple ရဲ့ iOS5 လိုမျိုးဖြစ်လာနိုင်
ပါတယ်။

       Meego OS ကိုတော့အသစ်ထုတ်လုပ်မယ့် Nokia ရဲ့ N9 ဖုန်းမှာစတင်ထည့်သွင်းအသုံးပြုမယ်လို့ဆိုထား
ပါတယ်။ဈေးကွက်ထဲကို ပြန်လည် ခြေချလာခဲ့တဲ့ Nokia ပါပဲ။မိုဘိုင်းဖုန်း OS စနစ်တွေ နဲ့ မိုဘိုင်းဖုန်းတွေရဲ့ယှဉ်
ပြိုင်မှုတွေထဲမှာ OS စနစ်တွေဟာလည်းတစ်နေ့ထက်တစ်နေ့ပိုမိုတိုးတက်မြင့်မားလာခဲ့ပြီးပိုမိုကောင်းမွန်လာခဲ့ပြီ
လို့ဆိုရမှာပါပဲ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.