Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

Android Location & Security Function အသုံးပြုနည်း

Android Location & Security Function အသုံးပြုနည်း

ဒါကတော့ Android OS ဖုန်းတွေထဲမှာပါတဲ့ Location & Security ဆိုတဲ့စနစ်ကို ဘယ်လိုအသုံးပြုလို့ရနိုင်တယ်ဆိုတာတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီစနစ်ဟာ Security စနစ်တွေကို စုစည်းထားတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် ဖုန်းရဲ့လုံခြုံရေးစနစ်တွေကို မြင်တွေ့နိုင်မှာဖြစ်ပေမယ့် အသုံးပြုသူတွေအနေနဲ့တော့ ဂရုစိုက်သင့်၊ သတိပြုသင့်တဲ့နေရာတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။ အသုံးပြုတဲ့သူတွေအနေနဲ့ ဒီစနစ်တွေကို အကောင်းဆုံးအသုံးချမယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ ဒီစနစ်ကိုတော့ Android OS ဖုန်းတွေရဲ့ Setting ထဲမှာ မြင်တွေ့နိုင်ပါတယ်။ Setting ထဲမှာရှိနေတဲ့ Location & Security ဆိုတဲ့ထဲကို ၀င်လိုက်မယ်ဆိုရင်တော့ Use Wireless Network, Use GPS Satellites, Use Quick GPS, Set Up Screen Lock, Set Up UIM Card lock, Visible Passwords, Install From SD Card, Set Password, Clear Storage အစရှိတဲ့စနစ်တွေကို ထပ်ဆင့်ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ ဒီစနစ်ထဲမှာ ထပ်မံအသုံးပြုနိုင်မယ့်စနစ်တွေဖြစ်ပြီး အဲဒီထဲက အချို့စနစ်တွေဟာဆိုရင်တော့ ဂရုစိုက်ပြီးသုံးရမယ့်စနစ်တွေ ပါဝင်နေပါတယ်။ ဒီစနစ်တွေအားလုံးဟာ Android OS စနစ်သုံးဖုန်းတိုင်းမှာ ပါဝင်နေတာလားဆိုရင်တော့ မဟုတ်ပါဘူးလို့ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ Android OS ဖုန်းတွေမှာ Version ကိုလိုက်ပြီး ဖုန်းတွင်းစနစ်တွေ ကွဲပြားမှုရှိနေတဲ့အတွက်ကြောင့်ပါပဲ။ ဖုန်းတိုင်းမှာတော့ အပေါ်မှာဖော်ပြခဲ့တဲ့စနစ်တွေအားလုံးကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဒါကပျမ်းမျှအနေနဲ့ ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Location & Security စနစ်တွေထဲက Use Wireless Network ဆိုတဲ့အကြောင်းကိုပြောပြပါမယ်။ ဒါကတော့ ဖုန်းထဲမှာ ၀ါယာလက်အင်တာနက်စနစ်ကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်ထားတဲ့စနစ်ပါပဲ။ WiFi စနစ်လိုပါပဲ။ ဒီစနစ်က GPS စနစ်အသုံးပြုတဲ့အခါမှာ Map တွေကို အွန်လိုင်းကနေ ရယူအသုံးပြုနိုင်ဖို့ဆိုရင် ဒီစနစ်ကိုအသုံးပြုရပါလိမ့်မယ်။ Use GPS Satellites ဆိုတာကတော့ GPS လမ်းညွှန်မြေပုံပြစနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Set Up Screen Lock ဆိုတာကတော့ ဖုန်းရဲ့ Touch Screen ကို Lock ပြုလုပ်တဲ့စနစ်တစ်ခုဖြစ်ပြီး ကိုယ့်ဖုန်းရဲ့ဖုန်းတွင်းစနစ်တွေထဲကို တစ်စုံတစ်ယောက်က အလွယ်တကူဝင်ရောက်အသုံးမပြုနိုင်အောင် ကာကွယ်ထားနိုင်တဲ့စနစ်လည်း ဖြစ်ပါတယ်။ ဒီစနစ်ကိုဖွင့်လိုက်တယ်ဆိုရင်တော့ အထဲမှာ Non, Pattern, PIN, Password ဆိုတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Non ဆိုတာကတော့ ဖုန်းရဲ့ Screen ကိုလုံခြုံရေးအတွက် ဘာစနစ်ကိုမှ အသုံးမပြုထားဘူးလို့ဆိုလိုပါတယ်။ ဒီလိုမျိုး ဘာစနစ်မှအသုံးမပြုထားဘူးဆိုရင်တောင် Android ရဲ့ Slide Unlock စနစ်လေးကတော့ရှိနေအုံးမှာပါ။ Pattern Lock ဆိုတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းရဲ့ Screen ပေါ်မှာ Pattern Lock စနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Screen ပေါ်မှာပြသထားတဲ့ အစက်လေးတွေပေါ်မှာ လက်နဲ့မျဉ်းကြောင်းလေးတွေဆွဲပြီးမှတ်သားတဲ့ Password စနစ်မျိုးဖြစ်ပါတယ်။ Pattern Lock ကိုအသုံးပြုမယ်ဆိုရင်လည်း သတိပြုရမှာက ကိုယ်ဆွဲခဲ့တဲ့နေရာနဲ့ပုံစံကို မှတ်သားထားဖို့လိုအပ်ပါတယ်။ စတင်ဆွဲတဲ့မျဉ်းကြောင်းဟာ မှားယွင်းနေခဲ့ရင် ဖုန်းကို လုံးဝဖွင့်လို့ရမှာမဟုတ်ပါဘူး။ နောက်တစ်ခုကတော့ PIN ဆိုတာပါပဲ။ ဒါကတော့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ဖုန်းတိုင်းဖုန်းတိုင်းမှာ PIN စနစ်ကို ဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစနစ်ဟာ ဖုန်းထဲမှာထည့်သွင်းအသုံးပြုထားတဲ့ Sim Card, RUIM Card တွေကို Lock ချတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့်ဒီစနစ်ကို မှားယွင်းအသုံးပြုမိတာမျိုးဆိုရင် ကိုယ့်ဖုန်းထဲက Card က Lock ကျသွားပါလိမ့်မယ်။ PIN Lock စနစ်ကို အသုံးပြုတဲ့နေရာမှာတော့ Pattern စနစ်နဲ့အသုံးပြုလို့မရပဲ ဂဏန်းတွေနဲ့ပဲ ရိုက်နှိပ်မှတ်သားနိုင်ပါတယ်။ ကိုယ်ရိုက်နှိပ်ထားတဲ့ ဂဏန်းတွေကိုလည်း သေချာမှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းကိုဖွင့်လိုက်တိုင်းမှာ PIN Lock Code နံပါတ်တွေကို တောင်းနေမှာဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ၉ ကြိမ် ရိုက် ခွင့် ရှိ ပေ မယ့် ၃ ကြိမ် သာ မိမိ ချ ထား သော နံပတ် ဖြစ် ပြီး ကျန် ၆ ကြိမ် မှာ Puk Lock ဖြစ်ပါတယ် ။ Puk ကုဒ် ကို တော့ အရင် ထွက်တဲ့ ဖုန်း တွေ က တော့ ဆက်သွယ် ရေး ကို သွား ရမှာ ဖြစ် ပြီး ယခု နောက် ပိုင်း ထွက် တန်ဖိုး နည်းဖုန်း တွေ မှာ တော့ SIM ကဒ် ချိုး ချိန် က ဘေး က ကဒ် မှာ Pin code and puk code ပါ ပါရှိ ပါတယ် ။ အဲ့ Puk ကို ထည့် သွင်း ရမှာပါ ။ အကယ် လို့ ၉ ကြိမ် ပြည့် သွား ရင် SIM card မှာ လုံးဝ ပျက်သွား မှာ ဖြစ်ပါတယ် ။ ထို့ ကြောင့် Pin Lock ကို လုံးဝ မချ ပါနဲ့ လို့ ပြော ချင်ပါတယ် ။

Password Lock ကတော့ ဂဏာန်း နံပတ် ရိုက် ထည့် ရတာ ဖြစ်ပြီး မှား သွင်း ပါ က အလွန်ဆုံး ဖုန်း ဆော့ဝ် ရေး လျှင် ပြန် ကောင်း နိုင် တဲ့ အတွက် Password or Pattern Lock ကို သာ အသုံး ပြု သင့် ပါတယ် ။

Clear Storage or Factory reset က တော့ ဖုန်း ရဲ့ စက်ရုံ ထုတ် အတိုင်း ပြန် ပြီး ဖြစ် အောင် Restart ချ ပေး တာ ဖြစ်ပါတယ် ။ မိမိ သို့ တစ်ယောက်ယောက် မှား နိုပ် မိ လို့ သုံးရတာ အဆင်မပြေ လျှင် ထို စနစ် ကို အသုံး ပြု ပြီးပြန် လည် ကောင်း မွန် အောင်ပြုလုပ် နိုင်ပါတယ် ။ သို့ သော် သွင်းထား သမျှ အကုန် ပျက် ပြီး အသစ် လို ဖြစ် သွား စေ မည့် အတွက် Data တွေ Backup ဆွဲ ထား ပြိး မှလုပ် သင့် ပါတယ် ။ Root နှင့် မြန်မာဖောင့် ကို တော့ မပျက် စေ ပါဘူး ။

အဆင်ပြေ ပါစေ ...

https://www.facebook.com/MobileHouseServiceCentre

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.