Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

Android ဖုန်းကို mouse နဲ့ keyboard လုပ်ပြီး သုံးမယ်

အခု နည်းက Android 2.2.1 ( huawei c8500)  မှာ စမ်းထားတာဖြစ်ပါတယ်
ဒီအတွက် RemoteDroid ဆိုတဲ့  application version 1.4 ကို သုံးမှာပါ
ပထမဆုံး RemoteDroid server နဲ့  RemoteDroid.apk ကိုအောက်မှာဒေါင်းလိုက်ပါ
Click here to download RemoteDroid Server
Click here to download RemoteDroid.apk
download RemoteDroid.apk with Qr

လိုအပ်တာတွေဒေါင်းပြီးရင်တော့ RemoteDroidServer.zip ကို zipဖြည်လိုက်ပါ အောက်ကပုံ (၁) အတိုင်းတွေ့ ရမှာဖြစ်ပါတယ်
(၁)

အလယ်က RemoteDroidServer ကို ကလင့်နှစ်ချက်နိုပ်ပါ ။ ဒါဆိုရင်အောက်ကပုံ(၂)အတိုင်း နှစ်ခုပေါ်လာပါလိမ့်မယ်
( မှတ်ချက် RemoteServer ကို run ဖို့ အတွက် java runtime သွင်းထားမှရမှာပါခင်ဗျ ဒီလင့်မှာသွားဒေါင်းနိုပ်ပါတယ် )
(၂)

ပုံ(၂)မှာ အနီရောင်အမျှားနဲ့ပြထားတာက ကိုယ့်စက်ရဲ့ အိုင်ပီ ပါ
computer နဲ့  ဖုန်းကို Usb tethering လုပ်ထားရမှာပါ ( Wireless & network settings =>  Tethering & portable hotspot => Check USB Tethering ) { wireless လဲရပါတယ် }
အဲဒါ အိုင်ပီ ကို မှတ်ထားလိုက်ပါ ဒါဆိုရင်တော့ server ပိုင်းပြီးပါပြီ
နောက်တဆင့်ကတော့ ဒေါင်းထားတဲ့ RemoteDroid.apk ကို ဖုန်းထဲမှာ install လုပ်လိုက်ပါ
install လုပ်ပြီး ဖွင့်ရင် အောက်ကပုံအတိုင်းပေါ်ပါမယ်

အိုင်ပီဖြည့်ထည့်နေရာလေးတွေ့ ပါလိမ့်မယ် ရှိနေတာတွေ ဖြည့်ပြီး ပုံ(၂) မှာ အနီရောင်များနဲ့ ပြထားတာကို ထည့်လိုက်ပါ  ( မှတ်ချက် အိုင်ပီက စက်တလုံးနဲ့တလုံးမတူပါဘူး ကိုယ့်စက်မှာပေါ်တာကို ပဲရိုက်ထည့်ပါ )
ထည့်ပြီးရင်တော့ connect ကိုနိုပ်လိုက်ရင် mouse ပုံစံ buttons တွေ နဲ့ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်

ဘယ်ဖက်ကအစမ်းရောင်ကွက်က right click ပါ
အလယ်ကစိမ်းရောင်ကွက်က keyboard ပါ ။
ညာဖက်ကအစမ်းရောင်ကွက်က left click ပါ

အခုဆိုရင်တော့ သုံးလို့ရပါပီ


credit to - ye thu soe

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.