Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

တချို့ ဆို့ မှာတင်ထား တဲ့ မိုဘိုင်းဖုန်း လျှို့ဝှက်ချက် ဆိုတာနဲ့ ပတ်သတ်ပြီး

မြန်မာနိုင်ငံ မှာရှိတဲ့ လူအများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, မြန်မာနိုင်ငံမှာ ရှိတဲ့လူ အများစုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှို့ဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။

ကိုင်နေတဲ့ လူအများစုဟာ ဖုန်း တစ်လုံးရဲ့ အသုံးဝင်မှုကို အများ အားဖြင့် Camera, Music, Bluetooth, FM, Radio, Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြုနေကြတာများ ပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက်အနည်း ငယ်ကို ဖော်ပြပေးလိုက်ပါတယ်။


(၁) အရေးပေါ် ကွန်ရက်ရှာ ရန် Keypad ကို Locked လုပထားရင်တောင် မိုဘိုင်းဖုန်းတွေဟာ ၁၂၂ ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာအရေး ပေါ် ဖုန်းနံပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲမှာရှိရင် ဒီနံပါတ်ကို နှိပလိုက်တာနဲ့ ဖုန်းဟာအနီးဆုံးဆက် သွယ်မှုကွန်ရက်ကို အလိုအလျောကရှာမှာဖြစ်ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ ခလုတ်တွေကို ပိတထားရင်တောင် နှိပ်လို့ရနေမှာဖြစ်ပါ တယ်။ (
မြန်မာနိုင်ငံ မပါ )

(၂) ဘက်ထရီအရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီအားနည်းလာပြီ ဆိုရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်းတွေမှာ အရေးပေါ်သုံးဖို့ချန်ထား တဲ့ ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစလို့ ဖုန်းမှာ ဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကို တွေ့ရမှာဖြစ်ပါ တယ်။နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံး အတွက် ဘက်ထရီအားကို အလအလျောက်အား ပြန်ဖြည့်မှာဖြစ်ပါ တယ်။ ဒီနည်းဟာ လူအများစု အတွက် အသုံးဝင်စေမယ့် အချကတစ်ချက်ဖြစ်ပါတယ်။
ဖုန်းတော်တော် များများစမ်းပြီး ပြီ မရ ပါ ။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်းစနစ် တပ်ဆငထားတဲ့ကားအသုံးပြုသူတွေအတွကကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပသော့တစ်ချောင်း အိမ်မှာကျန်ရှိနေ ခြင်းဖြစ်ပေါ်ကြုံလာပါက မိုဘိုင်း ဖုန်းတစ်လုံးရှိရုံနဲ့ အဆင်ပြေတာကတွေ့ရမှာပါ။အသုံးပြုပုံကတော့ အိမ်မှာရှိတဲ့လူတစ်ယောက် ဖုန်းကမိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစဖက်လူနဲ့ အဆက်အသွယ်ရရင် အိမက လူကို ကားသော့ဖွင့်တဲ့ခလုတ် ကို ဖုန်းအနားကပ်ပြီးနှိပ်ခိုင်းလိုက်ရုံ နဲ့ ကားတံခါးပွင့်သွားမှာဖြစ်ပါ တယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနား မှာ ထားရှိရမှာဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိဘဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခု ဖြစ်ပါတယ်။


(၄) မိုဘိုင်းဖုန်းအခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျ ပျောက်ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံ ရခြင်း အစရှိတဲ့အကြောင်းတစ်ခုခု ကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရ နိုင်တော့ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီးပစ်လို့ရပါတယ်။ ပထမဦး ဆုံးအနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါမှာ ဂဏန်း ၁၅ လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့ သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်း တွေကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ။ ကိုယ့်ဖုန်းပျောက်ဆုံး သွားတဲ့နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဖုန်းဆက်ပြီး ကုတ် နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါ တယ်။ တကယ်လို့ ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ်နိုင်မှာဖြစ် လို့ မိမိဖုန်းထဲက ဖုန်းနံပါတ်စာရင်း တွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ဒါကတော့ ဟုတ်လောက်ပါတယ် ခက်တာ ဘယ်မှာတိုင်ရမလဲ မသိတာပဲ ။

(၅) Nokia ရဲ့ဖုန်းကုတ် နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ ကုတ်နံပါတ် တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိ ကြပါဘူး။ ဒါပေမယ့် Nokia ဖုန်း အသုံးပြုမယ့်သူတွေအတွက် ကုတ် နံပါတ်တွေကို ဖော်ပြပေးလိုက်ပါ တယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့် မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။


LCD Display ကိုပိုပြီးရှင်းလင်းပြတ်သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်။ ဖုန်း မှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကိုကြည့်မယ်ဆို ရင်တော့ *#0000# ကိုနှိပ်ပြီးကြည့် နိုင်ပါတယ်။ Bluetooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ် ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့် နိုင်ပါတယ်။


ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအရာနဲ့ ဖုန်းLifetime ကိုသိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါ တယ်။ မှတ်သားထားသော ဖုန်း နံပါတ်များကို ချေဖျက်ချင်ပါက *#3925538# ကို နှိပ်ပြီးဖျက်နိုင် ပါတယ်။Series 60 ဖုန်းတွေ အတွက်တော့ *#7370925538# ကိုနှိပ်ပြီးဖုန်းကို reset lock လုပ် နိုင်ပါတယ်။ ဒါပေမယ့် ဖုန်းပြန် တက်လာတဲ့အချိန်မှာ defult code 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်း ပြန်ပွင့်သွားမှာဖြစ်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.