Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

သန္ဓေသား၏ ချက်ကြိုး နှင့် တူသော ဖုန်းအားသွင်း သည့် ကိရိယာ ထွက်ပေါ် လာ



iPhone ဆိုတာ ဘ၀မှာ အမှန်တကယ် အရေးပါတဲ့ အရာ တစ်ခုလို့ သင် မထင်ပေ ဘူးလား။ အဲဒီ အချက်ကို ဖုန်း ထုတ်လုပ်တဲ့သူ တွေက သဘော ပေါက်တာမို့ သူတို့ရဲ့ ကုန် ပစ္စည်းကို အဲဒီလို တင်စားချက် တစ်ခု အနေနဲ့ အသက်သွင်း လိုက် ပါတယ်။ ဂျပန် ကုမ္ပဏီ တစ်ခုဟာ ထူးထူးခြားခြား ကိရိယာ တစ်ခုကို ထုတ်လုပ် လိုက် ပါတယ်။ အဲဒါ ကတော့ Apple  စမတ်ဖုန်းကို ဓာတ်အားသွင်းတဲ့ ကိရိယာပါ။ အဲဒီ ဓာတ်အားသွင်း ကိရိယာဟာ သန္ဓေသားရဲ့ ချက်ကြိုးနဲ့ အလွန် တူ ပါတယ်။ ချက်ကြိုးနဲ့ အဲဒီ ကိရိယာကို ဒီဇိုင်း ရေးဆွဲခဲ့သူ ကတော့ ဂျပန် ဒီဇိုင်နာ မီအိုအီဇာဝါပဲဖြစ်ပါတယ်။ ကြိုးက နှစ်ပေ ရှည်ပြီး ချက်ကြိုးလို တွန့်လိမ်နေတဲ့ သဏ္ဌာန် ရှိပြီး ပန်းနုရောင်နဲ့ အပြာရောင် သန်းနေတဲ့ သွေးကြောလေးတွေ ယှက်သန်းလို့ တကယ့် ချက်ကြိုးနဲ့ တူ လှပါတယ်။ ကြိုးရဲ့ တစ်ဖက်စွန်းကို ပလပ်မှာ ထိုးပြီး ကျန်တဲ့ တစ်ဖက်က အရုပ်ဆိုး လှတဲ့ ဂြိုဟ်သားရဲ့ ဦးခေါင်း သဏ္ဌာန် ရှိတာမို့ ဂြိုဟ်သားက သားကောင် ဖြစ်တဲ့ ဖုန်းကို ၀ါး စား နေတဲ့ အတိုင်း ပါပဲ။ အဲဒီ ချက်ကြိုး သဏ္ဌာန် ကြိုးက အငြိမ် မနေဘဲ လှုပ်စိ လှုပ်စိနဲ့ ခုန်နေသေး တာမို့ ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးစား နေ သလို ပါပဲ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.