Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Wednesday, December 21, 2011

ဖုန်းတစ်လုံးလုံး ကို မြန်မာလိုပြရန် ပြုပြင်နည်း

ဖုန်းတစ်လုံးလုံး ကို မြန်မာလိုပြရန် ပြုပြင်နည်း



iPhone တစ်လုံးလုံးရဲ့  System Default font တွေကို မြန်မာဖောင့် နဲ့  နှင့်သက်ရာ အခေါ်ဝေါ်လေးတွေကို  ကိုယ့် စိတ်ကြိုက် ပြောင်းနိုင်မယ့် နည်းလမ်းလေး

သတိပေးချက်

ယခုနည်းလမ်းကို လုပ်ဆောင်ရာတွင် နမူနာ အနေ
နှင့် အနည်းငယ်သာ ပြောင်းလဲ ဖော်ပြသွား မျာဖြစ်တဲ့ အတွက် ထပ်မံ၍ မိမိ စိတ်ကြိုက် လိုက်လံပြုပြင်ရာတွင် အမှားယွင်း တစ်စုံတစ်ရာ ဖြစ်ခဲ့ပါ က ကာယကံရှင် ၏ တာဝန်သာ ဖြစ်ပါလိမ့်မည်။

လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
> iPhone Explorer (သို့ ) iFun Box

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အနေ
နှင့် "iPhone Explorer" ကို အသုံးပြုသွားမည်ဖြစ်ပါတယျ။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)

ပထမဦးစွာ iPhone ကို USB အသုံးပြု၍ PC 
နှင့် ချိတ်ဆက်ပါ။

အဆင့် (၂)

iPhone Explorer (သို့ ) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။


အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမယ်။ "Library" folder ကို ဖွင့်ပါ။


အဆင့် (၅)



"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။


အဆင့် (၆)

"CoreServices" folder တွင်းရှိ "SpringBoard.app" folder ကို ဖွင့်ပါ။


အဆင့် (၇)

"SpringBoard.app" folder ထဲမွာ "English.lproj" folder ကို ထပ္မံဖြင္ပါ။


အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြင် အသေးခင် သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။



အဆင့် (၉)

Desktop တွင်ရှိ "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းခိုင်းပါက "Ok" သာနိုပ်ပါ။

အဆင့် (၁၀)

အောက်ကပုံတွင်တွေ့ ရသော စာသားများ ကို တွေ့ ရပါမယ် ။
- ပထမဦးစွား Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။



အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှာ စာသားများကိုသာ ပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတွက် "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။



အဆင့် (၁၂)


အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနိုပ်ပါ။

အဆင့် (၁၃)

Desktop တွင်ရှိသော ပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများ နှင့် တွေ့ ရပါလိမ့်မယ်။


Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက်ရှာပွီး Install လုပ်ပါ။ Reboot လုပ်ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသောApp icon ကို long press ဖိထားပါ။
icon လေးတွေ မှိတ်တုပ် မှိတ်တုပ် ဖြစ်လာပါက နောက်တစ်ချက် ထပ်နိုပ်လိုက်ပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box တက်လာပါလိမ့်မယ်။








credit to  မိုးသကြား

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.