Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

တန်ဖိုးနည်း ဖုန်းများအတွက် ဘီလ် သတ်မှတ်ချက် ယခုနှုန်း အတိုင်းသာဖြစ်

အများပြည်သူများ သုံးစွဲနိုင်စေရန် ချထားပေး မည်ဖြစ်သော တန်ဖိုး နည်းဖုန်း များတွင် ဖုန်းခေါ်ဆိုခ ဘီလ်သတ်မှတ် ချက်မှာ ယခုနှုန်းထား အတိုင်း သာဖြစ်ပြီး တိုးမြှင့် ကောက်ခံသွားရန် အစီအစဉ် မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ အဆိုပါ တန်ဖိုးနည်းဖုန်းများတွင် ဖုန်းခေါ်ဆိုခမှာ အထွက်တစ်မိနစ် လျှပ် ကျပ် ၁၀ဝ၊ ကျပ် ၈၀ အစရှိသဖြင့် ပြင်ပတွင် သတင်းများ ထွက်ပေါ် နေသော် လည်း ယင်းကဲ့သို့ နှုန်းထားတိုးမြှင့် ကောက်ခံသွားရန် အစီအစဉ် မရှိဘဲ ယခုနှုန်းထားဖြစ်သော ကျပ် ၅၀ သာ ကောက်ခံသွားမည်ဖြစ်သည် ဟု အဆိုပါ တာဝန်ရှိသူက အတည်ပြု ပြောကြား သည်။ ၎င်းက “ဈေးနှုန်းက အခုလက်ရှိ ကောက်ခံ နေတဲ့ ရိုးရိုး GSM ဖုန်းတွေအတိုင်းပါပဲ။ ၅၀ ပဲကောက်မှာပါ။ တိုးကောက်ဖို့ လုံးဝအစီအစဉ် မရှိပါဘူး။

ဒီနှုန်းထားတွေ အတိုင်းပဲကောက်မှာပါ” ဟု ပြောသည်။ လာမည့် နှစ်ဖေဖော်ဝါရီ လတွင် စတင်ချ ထားပေးမည့် ယင်းတန်ဖိုး နည်းဖုန်းများမှာ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်ရန် ချထားပေးသော ဖုန်းများဖြစ်ပြီး သန်းသုံးဆယ် စီမံကိန်း၏ ပထမအဆင့် လေးသန်း စီမံကိန်း အတွက် စတင်ချထားပေးမည့် ဖုန်းများဖြစ်သည်။ သုံးစွဲသူတစ်ဦးကလည်း “ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ချထားပေးမယ်ဆိုတာ ကောင်းပါ တယ်။ ခေါ်ဆိုခတွေကိုလည်း အခုဈေး နှုန်း အတိုင်းပဲ ကောက်မယ် ဆိုရင် ပိုအဆင်ပြေပါတယ်။ ဒီဈေးနှုန်းက သုံးစွဲသူတွေအတွက် အဆင်ပြေတယ်ဆိုနိုင်ပါတယ်။ ဒီထက်များမယ်ဆို ရင်တော့ သိပ် အဆင်မပြေ နိုင်တော့ပါဘူး” ဟု သူ၏ထင်မြင်ချက်ကို ပြောသည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.