Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

ဂျီအက်စ်အမ်ဖုန်းများအတွက် အင်တာနက်စနစ် ပြန်လည်လျှောက်ထားနိုင်ပြီဟုဆို

အသုံးပြုခွင့်ချထားပေးခြင်းအား ခေတ္တရပ်ဆိုင်းထားခဲ့သော ဂျီအက်စ်အမ် အင်တာနက်စနစ်ဖြစ်သည့် EDGE စနစ်အား ယခုအချိန်တွင် အသုံးပြုခွင့်များ ပြန်လည်ချထားပေးလျက် ရှိပြီး အသုံးပြုလိုသူများအနေဖြင့် လျှောက်ထားအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးကပြောပြရာတွင် “ခုချိန်မှာ ဂျီအက်စ်အမ်ဖုန်းတွေအတွက် အင်တာနက်အသုံးပြုခွင့်တွေကို ပြန်လည်ပြီး လျှောက်ထားနိုင်ပါပြီ။ ဂျီအက်စ်အမ်ဖုန်းတွေအတွက် အင်တာနက်အသုံးပြုခွင့်တွေကို ကျပ်ငါးသိန်းဂျီအက်စ်အမ်ဖုန်းတွေ စတင်ချထားပေးစဉ်အချိန်က အသုံးပြုခွင့်ပေးခဲ့ပေမယ့် ကြားထဲမှာနည်းပညာပိုင်းဆိုင်ရာမြှင့်တင်ခြင်းတွေကို ပြုလုပ်နေခဲ့ရတဲ့အတွက် အသုံးပြုခွင့်ပေးခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် ခုဒီဇင်ဘာလမှာတော့ ပြန်လည်ပြီးအသုံးပြုခွင့်တွေလျှောက်ထားနိုင်ပါပြီ” ဟုပြောသည်။ ယင်းကဲ့သို့ ဂျီအက်စ်အမ်အင်တာနက်စနစ် လျှောက်ထားရန်အတွက် ဖုန်းအား စတင်ထုတ်ပေးစဉ်အချိန်ကပါဝင်ခဲ့သော စာရွက်စာတန်းများဖြစ်သည့် အမည်ပေါက်စာရွက်စာတန်းများ၊ DN Note နှင့် ငွေသွင်းချလံ အစရှိသည့် စာရွက်စာတန်း မူရင်း၊ မိတ္တူများနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံသုံးပုံတို့လိုအပ်မည်ဖြစ်ပြီး အသုံးပြုခွင့်လျှောက်ထားခြင်းအတွက် ကျပ်တစ်သောင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းများအတွက် မြန်မာ့ဆက်သွယ်ရေးရုံးတွင်သာ လျှောက်ထားရမည်ဖြစ်ပြီး နေ့ချင်းပြီးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကတ်အဟောင်းအားအပ်ရန်မလိုအပ်ပဲ လိုင်းဖွင့်ပေးပါက ၂၄ နာရီအတွင်း အသုံးပြုခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။မန်းလေး တွင်လည်းမကြာခင် လျောက်ထားနိုင်မည်ဖြစ် ပါသည် ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.