Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

HTC ရဲ့ Desire mobile ဖုန်း အသစ် ၂ မျိုး

HTC က Desire – Android အခြေပြု ဖုန်း ၂ လုံး နဲ့ အတူ web based – Sense suite service ကို စတင် ထုတ်လုပ် လိုက် ပါတယ်။  ထုတ်လုပ်လိုက်တဲ့ mobile ၂ မျိုးကတော့ Desire HD နဲ့ Desire Z ပါ။  Sense service က ဖုန်း ပျောက် သွားတဲ့ အချိန်မှာ အသံ အကျယ် မြည်ခိုင်းပြီး ရှာတဲ့ ၀န်ဆောင်မှု၊ ဖုန်းရဲ့ နေရာကို မြေပုံ မှာ ရှာလို့ ရတဲ့ ၀န်ဆောင်မှု တွေကို ပေးသလို၊ အဝေးကနေ data တွေကို ဖျက်ပစ်တဲ့ ၀န်ဆောင်မှုနဲ့အတူ ဖုန်းအသစ်ကို ဖုန်း အဟောင်းထဲက data တွေ ကူးပြောင်းရာမှာလည်း အသုံးပြု နိုင်ပါတယ်။  အားလုံးက ကွန်ပျူတာရဲ့ web browser နဲ့ လုပ်ဆောင် ရမှာပါ။
Desire HD က ဖျော်ဖြေရေးအတွက် အဓိက ရည်ရွယ်ထားပြီး ၄ ဒသမ ၃ လက်မ screen (800 x 480 pixel) ပါဝင်ပြီး အသံအတွက် Dolby Mobile နဲ့ SRS virtual sound လုပ်ဆောင်ချက် ပါဝင်ပါတယ်။  processor က 1 GHz Qualcomm 8255 Snapdragon processor ဖြစ်ပြီး ကင်မရာ ကတော့ 8 mega pixel, dual flash ပါ။  720p high definition video တွေကို ရိုက်ကူး ပေးနိုင်ပါတယ်။
Desire Z ကတော့ ပါးပါးလပ်လပ် ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး QWERTY keyboard ပါဝင်ပါတယ်။  ၃ ဒသမ ၇ လက်မ screen (800 x 480 pixel) ဖြစ်ပြီး processor က 800 MHz Qualcomm 7230 processor ပါ။  ကင်မရာ ကတော့ 5 mega pixel ဖြစ်ပြီး 720p high definition video တွေ ရိုက်ကူး ပေးနိုင်ပါတယ်။
ဖုန်း ၂ မျိုးလုံးမှာ HTC Fast Boot လုပ်ဆောင်ချက် အသစ် ပါဝင်ပြီး အဲဒီလုပ်ဆောင် ချက် အသစ်ကြောင့် ဖုန်းခေါ်တာ၊ အီးမေး စစ်တာ တွေကို ဖုန်း လုံးဝ တက်တဲ့အထိ စောင့်စရာမလိုပဲ လုပ်ဆောင် နိုင်တယ်လို့ သိရ ပါတယ်။ ဈေးနှုန်း တွေတော့ အတိအကျ မသိရသေးပါဘူး။


No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.