Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

HTC Radar 4G

Design HTC Radar 4G ဟာ ဒီဇိုင်းလှပပြီး အရည်အသွေးမြင့်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အလူမီနီယံဖြင့်ပြုလုပ်ထားပြီး ဖုန်းရဲ့အရွယ်အစားကတော့ အလျား ၄.၇၄ လက်မ၊ အနံ ၂.၄၂ လက်မနဲ့ အထူ ၀.၄၃ လက်မဖြစ်ပါတယ်။ အလေးချိန် ၄.၈၃ အောင်စရှိပြီး ကိုင်ဆောင်ထားတဲ့အခါမှာ သက်သောင့်သက်သာရှိသလို အိတ်ကပ်ထဲကိုလည်း အလွယ်တကူထည့်ကာ သယ်ဆောင်သွားနိုင်ပါတယ်။ Display အနေနဲ့ ၃.၈ လက်မအရွယ် WVGA (480x800) touch screen ကိုတပ်ဆင်ပေးထားပါတယ်။ ဒီ display ဟာ စာသားများနဲ့ ဓာတ်ပုံများကို ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနိုင်ပေမယ့် ၄ လက်မအရွယ် အခြားစမတ်ဖုန်းများနဲ့နှိုင်းယှဉ်ရာမှာတော့ ဗီဒီယို ကြည့်ရှုခြင်းကို ကောင်းစွာထောက်ပံ့ပေးနိုင်ခြင်း မရှိပါဘူး။ Display ရဲ့အောက်ဘက်မှာတော့ Windows Phone ထုတ်ကုန်များအတွက်လိုအပ်တဲ့ back, Start နဲ့ search ခလုတ်များကို တွေ့ရမှာဖြစ်ပါတယ်။ ကင်မရာအတွက်ခလုတ်ကိုတော့ ဖုန်းရဲ့ညာဘက်ဘေးမှာ volume rocker ခလုတ်နဲ့အတူ တွေ့မြင်နိုင်ပြီး ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတော့ Micro-USB port တစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာတော့ ၃.၅ မီလီမီတာနားကြပ်ပေါက်နဲ့ ဖုန်းအဖွင့်/အပိတ်ခလုတ်တို့ကို တပ်ဆင်ပေးထားပါတယ်။ 5-megapixel ကင်မရာနဲ့ LED flash တို့ကိုတော့ ဖုန်းရဲ့ကျောဘက်မှာတွေ့မြင်နိုင်ပါတယ်။ ဗီဒီယိုခေါ်ဆိုမှုပြုလုပ်နိုင်မယ့် front-facing VGA ကင်မရာကိုတော့ ဖုန်းရဲ့အရှေ့ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ သိုလှောင်မှုအနေနဲ့ memory က ထပ်မံတိုးမြှင့်ကာ အသုံးပြုနိုင်ခြင်းမရှိဘဲ internal memory 8GB ဖြင့်သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Features HTC Radar 4G ရဲ့ user interface အနေနဲ့ Windows Phone 7.5 Mango ကိုအသုံးပြုထားပါတယ်။ Windows Phone 7.5 Mango မှာ Twitter ပါဝင်တဲ့ People hub အပြင် threaded messaging, multitasking, Bing search engine စတဲ့ အဆင့်မြှင့်တင်မှုတွေ ပါဝင်လာပါတယ်။ Quad-band world ဖုန်းတစ်ခုဖြစ်တဲ့ HTC Radar 4G မှာအခြေခံ feature အဖြစ် speaker-phone, call waiting, call for-warding, conference calling, voice dialing, text and multimedia messaging စတာတွေပါဝင်ပြီး ကြိုးမဲ့စနစ်များအဖြစ် Bluetooth 2.1, Wi-Fi (802.11b/g/n), GPS တို့ပါဝင်လာပါတယ်။ ဖုန်းမှာတပ်ဆင်အသုံးပြုထားတဲ့ 5-megapixel ကင်မရာကို f/2.2 lens, အလင်းနည်းတဲ့နေရာမှာ စွမ်းဆောင်ရည်ကောင်းမွန်စွာ ရိုက်ကူးနိုင်စေမယ့် backside-illuminated sensor (BSI) နဲ့ LED flash တို့ဖြင့် ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရိုက်နိုင်မယ့် ခလုတ်ပါဝင်တဲ့အတွက် ဖုန်းကို lock လုပ်ထားရင်တောင် ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံအရည်အသွေးကတော့ အလွန်ကောင်းမွန်ပြီး outdoor မှာရိုက်တဲ့အခါမှာတော့ အံ့သြဖွယ်ကောင်းတဲ့ ဓာတ်ပုံအရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ ဗီဒီယိုအနေနဲ့ 720p HD ဖြင့်ရိုက်ကူးနိုင်ပါတယ်။ Performance HTC Radar 4G ကို quad-band (GSM 850/900/1800/1900) ဖြင့် အသုံးပြုနိုင်ပါတယ်။ 1GHz Qualcomm ပရိုဆက်ဆာနဲ့ 512MB RAM တို့ကိုအသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက်များကို လျင်မြန်စွာနဲ့ပြုလုပ်နိုင်ပါတယ်။ ဘက်ထရီအနေနဲ့ 1,520 mAh lithium-ion ကိုအသုံးပြုထားပြီး ဖုန်းပြောဆိုမှုအတွက် ၇.၇ နာရီအကြာအသုံးပြုနိုင်ကာ အသင့်အနေအထားအတွက် ၂၄ ရက်အကြာ အသုံးပြုနိုင်ပါတယ်။ အားသာချက် - HTC Radar 4G ကို လှပပြီးအရည်အသွေးမြင့်တဲ့ ဒီဇိုင်းအသွင်ပြုလုပ်ထားပါတယ်။ Windows Phone Mango ကို အသုံးပြုထားတဲ့အတွက် user experience ကို ချောမွေ့စွာဖြင့်အသုံးပြုနိုင်ပြီး အဆင့်မြှင့်တင်ထားတဲ့ feature အချို့ဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့ 5-megapixel ကင်မရာကလည်း လျင်မြန်ပြီး အလွန်ကောင်းမွန်တဲ့ဓာတ်ပုံများကို ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုခေါ်ဆိုမှုများကိုအတွက်လည်း front-facing ကင်မရာနဲ့ ပြုလုပ်နိုင်ပါတယ်။ အားနည်းချက် - Radar 4G မှာ memory ကို ထပ်မံတိုးမြှင့်အသုံးပြုနိုင်ခြင်းမရှိသလို ဘက်ထရီကိုလည်း user ကနေပြီး အစားထိုးနိုင်ခြင်းမရှိပါဘူး။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.