Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

i-Phone 4 ကi-Phone 4s ထက် ပိုမိုအရောင်းသွက်

ပြည်တွင်း Apple ဈေးကွက် အတွင်း i-Phone 4ကi-Phone 4s ထက် ပိုမိုအရောင်းသွက်လျက် ရှိကြောင်းApple ပစ္စည်းအရောင်း ဆိုင်များမှ သိရသည်။ i Phone 4s များစတင်ဈေးကွက်သို့ ဝင်ရောက် ချိန်တွင် တစ်လခန့်အထိ အရောင်း သွက်ခဲ့သည်။i Phone 4 များဈေး ကွက်ထဲသို့ စတင် ဝင်ရောက်လာ ချိန်ထက်ပိုမို အရောင်းသွက်ခဲ့သည် ဟုသိရပြီး နောက်ပိုင်းတွင် i Phone 4 များသာ ပိုမိုအရောင်းသွက် သည်ဟု သိရသည်။ Appleဈေးကွက်အတွင်း iPhone 4 များ ပြန်လည်အရောင်း သွက်လာခြင်းနှင့်ပတ်သက်၍ i- Mac Mobile Phone Sales and Service Centre မှကိုတင်ထွဋ်က "ယခုလက်ရှိအချိန် မှာတော့ ကျွန်တော့်ဆိုင်မှာ i- Phone 4 က ပိုရောင်းရပါတယ်။ ဆိုင်စဖွင့်ခါစက iPhone 4s တွေ ရောင်းရပေမယ့် ခုချိန်မှာတော့ iPhone 4ကို ဝယ်တဲ့သူများပါ တယ်။ ဆိုင်မှာ iPhone 4 က ပစ္စည်း ပြတ်သွား တတ်တဲ့အတွက် မကြာခဏမှာယူပေးနေရပါတယ်။ iPhone 4 ကို လူတွေဝယ်ယူတာ များတာကတော့ iPhone 4s က ဘက်ထရီကြာကြာ မခံဘူးလို့ နိုင်ငံ တကာမှာပျံ့နှံ့နေတဲ့ သတင်းနဲ့ လည်း ဆိုင်မယ်ထင်ပါတယ်" ဟု ပြောသည်။

နိုင်ငံတကာ Apple ဈေး ကွက်တွင်လည်းiPhone 4s ၏ ဘက်ထရီပြသနာနှင့် ပတ်သက်၍ အငြင်းပွားမှု များရှိနေပြီး ပြည်တွင်း တွင်အသုံးပြုနေကြသော iPhone 4s များတွင် ဘက်ထရီကြာရှည်ခံ မှု ပြဿနာမရှိကြောင်း iPhone 4s user များမှ သိရသည်။ iPhone 4s ၏ ဘက်ထရီပြ သနာများနှင့်ပတ်သက်၍ I-NORA Apple ပစ္စည်းအရောင်းဆိုင်မှ ကို ထက်မြက်အောင်က "နိုင်ငံတကာ မှာ အငြင်းပွားမှု ဖြစ်နေတဲ့ iPhone4sဘက်ထရီကြာရှည်မခံ တဲ့ ပြဿနာကို ကျွန်တော်အမြင် ကတော့ နိုင်ငံတကာမှာက i- Phone နဲ့အသုံးပြုလို့ရတဲ့ Application ကိုသုံးဖို့ပို အခွင့်သာ တယ်လေ။ ပြည်တွင်းမှာကတော့ နိုင်ငံတကာ iPhone userတွေ လောက် Applicationတွေကို အသုံးပြုဖို့ အခွင့်အရေးနည်းနေ သေးတယ်ဆိုတော့ နိုင်ငံတကာမှာ လောက် အချိန်ပြည့်အသုံးပြုနေ ကြတာနည်းပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ iPhone4sတွေ ဘက်ထရီမခံတာက နေ့စဉ်ရက် ဆက်အသုံးပြုတာများတာနဲ့လည်း သက်ဆိုင်မယ်ထင်ပါတယ်။ ပြည် တွင်းမှာ အသုံးပြုချိန်နည်းတဲ့အ တွက် ဘက်ထရီပြဿနာမရှိတာ လို့လည်းမြင်ပါတယ်။ iPhone4 တွေစပြီးထွက်တဲ့အချိန်တုန်းကလည်း ဘက်ထရီပြသနာတက်ဖူးပါတယ်။ ခုတော့ iPhone 4sပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် Apple ကiOs 5.0.1 ကိုထပ်ပြီး တီထွင် ပေးထားတယ်လို့ သိရပါတယ်"ဟု ဆိုသည်။ iPhone 4s များသည် ပြည် တွင်းဈေးကွက်အတွင်းသို့ အောက် တိုဘာလ စတင်ဝင်ရောက်လာခဲ့ ခြင်းဖြစ်ပြီး Apple မှဈေးကွက် စတင်တင်သွင်းသည့်နေ့နှင့် တစ် ပတ်အကြာတွင် ပြည်တွင်းသို့တင် သွင်းနိုင်ခဲ့သည်ဟု Apple ပစ္စည်း အရောင်းဆိုင်အချို့မှ သိရသည်။ လက်ရှိအချိန်တွင်Appleဈေး ကွက်အတွင်း iPhone4s များဈေး နှုန်းကျဆင်းလာပြီး iPhone4s 64GBပေါက်ဈေးမှာ ရှစ်သိန်းရှစ် သောင်းဝန်းကျင်ရှိသည်ဟုသိရသည်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.