Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

iPhone ပေါ်မှာ သီချင်းနားဆင်ရင်း ကိုယ်ကြိုက်တဲ့ အချိန်မှာ Auto ပိတ်ခိုင်းချင်ရင်

iPhone ပေါ်မှာ သီချင်းနားဆင်ရင်း ကိုယ်ကြိုက်တဲ့ အချိန်မှာ Auto ပိတ်ခိုင်းချင်ရင်

ဒီနည်းလေးကတော့ သီချင်းနားဆင်ရင်း အိပ်တတ်တဲ့ သူတွေအ တွက် တော်တော်လေး အဆင်ပြေပါတယ်။ သီချင်းစဖွင့်တဲ့ အချိန်ကစပြီး နောက်ထပ် အချိန်ဘယ်လောက် ကြာရင် Auto ပိတ်ရမလဲဆိုတာ ကိုယ့်စိတ်ကြိုက် အချိန်လေးပေးထားလို့ ရပါတယ်။ တကယ်တော့ သီချင်း တစ်မျိုးတည်း မဟုတ်ပါဘူး။ iPhone ပေါ်မှာဖွင့်လို့ရတဲ့ MP3 Audio, MP4 video file အားလုံးကိုလည်း ဒီနည်းလေးကို အသုံးပြုပြီး Auto ပိတ်ခိုင်းလို့ ရပါတယ်။ ပြုလုပ်နည်းလေး ကတော့ ဒီလိုပါ။



အဆင့် (၁) ပထမဆုံး ကိုယ်ဖွင့်ချင်တဲ့ MP3, MP4 video file ကို ဖွင့်လိုက်ပါ။


အဆင့် (၂) iPhone home scream ပေါ်မှ Clock ကို နိုပ်ပါ။ ပြီးရင် Timer ကို ရွေးပါ။


အဆင့် (၃) ကိုယ်စိတ်ကြိုက် အချိန်ကြာမြင့်ချိန်ကို ရွေးပါ။ When Timer End မှာ Sleep iPod ကိုရွေးပြီး 
                 Set   ကိုနိုပ်ပေးပါ။ ပြီးရင်တော့ Start ကိုနိုပ်လိုက်ပါ။ Timer လေးမှာတစ်စက္ကန့်ပြီး တစ်စက္ကန့်
                 လျှော့သွားတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်သတ်မှတ်ထားတဲ့ အချိန် ကုန်သွားရင်တော့ ကိုယ်
                 ဖွင့် ထားတဲ့ MP3, MP4 video file လေး Auto ပိတ်သွားပါလိမ့်မယ်။


No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.