Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

iPhone မှာ ကိုယ့်စိတ်ကြိုက် MP3 သီချင်းတွေထည့်ချင်ရင်

iPhone မှာ ကိုယ့်စိတ်ကြိုက် MP3 သီချင်းတွေထည့်ချင်ရင်

iPhone မှာ ကိုယ့်စိတ်ကြိုက် MP3 သီချင်းတွေ ထည့်တဲ့နည်းလေး ကို  တော်တော်များများ သိပြီးဖြစ်မှာပါ။ မသိသေးသော သူများလဲ ရှိဦးမယ်လို့ ထင်ပြီး ဒီပိုစ်လေးကိုရေး လိုက်ပါတယ်။ ပထမဆုံး computer မှာ iTunes ကို download လုပ်ပြီး install လုပ်လိုက်ပါ။ Latest iTunes downloadကို ဒီမှာ.. ယူပါ။ ပြီးရင် သင့်မှာ Apple ID account ရှိဖို့ လိုပါတယ်။ မရှိသေးသူများ Apple ID Account (iTunes Account) တစ်ခုကို ဖန်တီး လိုက်ပါ။

1. iTunes ကိုဖွင့်လိုက်ပါ။ အရင်ဆုံး မိမိ ရဲ့ Computer ကို Authorize လုပ်ဖို့   iTunes ရဲ့ အပေါ်ဘားမှ   
    Store ကိုနိုပ်ပြီး Authorize This Computer...ရွေးလိုက်ပါ။ ပြီးရင် မိမိရဲ့ Apple ID နဲ့ Password ကို   
    ရိုက်ထည့် ပြီး Authorize ကိုရွေးပါ။




2. iTunes ရဲ့ ဘယ်ဘက်မှ Panel လေထဲက LIBRARY ရဲ့အောက်မှ Music ထဲကို မိမိစိတ်ကြိုက် MP3 
    သီချင်းများကို အရင်ဆုံး ထည့်ပါ့မယ်။


3. မိမိ iPhone ကို computer နှင့်ချိတ်လိုက်ပါ။ iTunes ရဲ့ ဘယ်ဘက် Panel လေထဲမှ DEVICES  
    ရဲ့အောက်က မိမိ iPhone ကို ရွေးပေးပါ။ ညာဘက်က box ထဲမှ Music ကိုရွေးပါ။ Sync Music ကို  
   အမှန်ချစ်လေးပေးပြီး  Entire music library ကိုရွေးပေးပါ။ ပြီးရင် iTunes ရဲ့ညာဘက်အောက်   
   နားထောင့်က Sync ကို နိုပ်လိုက်ပါ။

 


4.iTunes> Library> Music ထဲမှ သီချင်းတွေအားလုံး iPhone ရဲ့ Home scream ပေါ်မှာ iPod ဆိုတဲ့ app icon လေးထဲကို ၀င်သွားပါလိမ့်မယ်။ iOS 5 ကိုအသုံးပြုနေတဲ့ သူတွေမှာတော့ Music ဆိုတဲ့ app icon လေးထဲကို ၀င်သွားပါမယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.