Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 20, 2011

ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို iPhone ထဲမှာ Photo Album လေးအဖြစ် သိမ်းထားချင်ရင်

ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို iPhone ထဲမှာ Photo Album လေးအဖြစ် သိမ်းထားချင်ရင်

ကိုယ်ရိုက်ထားတဲ့ ဓါတ်ပုံတွေကို iPhone ထဲမှာ Photo Albumလေးအဖြစ် သိမ်းထားချင်တဲ့ သူတွေအတွက် နည်းလမ်းလေး တစ်ခုပါ။ ဒီနည်းလမ်းလေးကိုလည်း iPhone user တော်   တော်များများ သိပြီးဖြစ်မယ် ထင်ပါတယ်။ မသိသေးသော သူများအတွက်ရည်ရွယ်ပြီး ဒီပိုစ့်လေးကိုရေး   ခြင်းဖြစ်ပါတယ်။ ထုံးစံအတိုင်း ပထမဆုံး computer မှာ iTunes download  လုပ်ပြီး install လုပ်လိုက်ပါ။  Apple ID account မရှိသေးသူများ Apple ID Account (iTunes Account) တစ်ခုကို ဖန်တီး လိုက်ပါ။
 
        (1) New Folder တစ်ခုကို create လုပ်လိုက်ပါ။ ပြီးရင် မိမိ ထည့်လိုသော ဓါတ်ပုံများကို New Folder ထဲသို့ထည့်သိမ်းပြီး Folder name ကို photos လို့ပေးလိုက်ပါ။ (photos လို့နာမည်ပေးထားတဲ့ Folder ကြီးထည်မှာ တခြား Folder name လေးတွေနဲ့ အများကြီးခွဲပြီး ဓါတ်ပုံတွေကို သိမ်းချင်လည်းရပါတယ်။ ဥပမာ- Wedding photos, X-mas photos, Singapore Zoo.... စသည်ဖြင့်ပေါ့။) iPhone ထည်မှာလည်း folder name လေးတွေအလိုက် ခွဲပြီး ပေါ်နေပါလိမ့်မယ်။

             (2)iTunes ကိုဖွင့်လိုက်ပါ။

       (3)မိမိ iPhone ကို computer နှင့်ချိတ်လိုက်ပါ။ iTunes ရဲ့ ဘယ်ဘက် Panel လေထဲမှ DEVICES ရဲ့အောက်က မိမိ iPhone ကို ရွေးပေးပါ။ ညာဘက်က box ထဲမှ Photos ကိုရွေးပါ။ 


       (4)Sync photos from ကို အမှန်ချစ်လေးပေးပြီး ဘေးမှာရှိသော photo button လေးကို နိုပ်လိုက်ပါ။ box လေးတစ်ခု ကျလာပါမယ်။ box လေးထဲမှ Choose folder...ကိုရွေးပြီး မိမိ ဓါတ်ပုံများကို ထည့်သိမ်းထားသော (photos လို့ အမည်ပေးထားသော) folder ကိုရွေးပါ။ ပြီးရင် select folder ကိုနိုပ်လိုက်ပါ။ အောက်မှ All folders ကိုရွေးပေးပါ။ ပြီးရင် iTunes ရဲ့ညာဘက်အောက်နားထောင့်က Sync ကို နိုပ်လိုက်ပါ။
 


         (5)ဓါတ်ပုံတွေအားလုံး iPhone ရဲ့ Photos ဆိုတဲ့ icon လေးထဲကို ၀င်သွားပါ လိမ့်မယ်။ 

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.