Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

LG Doubleplay

Design အလျား ၄.၈ လက်မ၊ အနံ ၂. ၅ လက်မ၊ အထူ ၀.၆၃ လက်မနဲ့ အလေးချိန် ၆.၇ အောင်စရှိတဲ့ LG Doubleplay ဟာ ကြီးမားလေးလံတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ ဖုန်းရဲ့အရှေ့ဘက်မှာ ကြည်လင်တောက်ပတဲ့ ၃.၅ လက်မအရွယ် HVGA TFT display ဟာ 320x480-pixel resolution ဖြင့် ဖော်ပြပေးနိုင်ပါတယ်။ ဂရပ်ဖစ်နဲ့စာသားများကို အရောင်အသွေးလှပစွာနဲ့ ပြတ်သားစွာဖော်ပြပေးနိုင်ပြီး 1GHz Qualcomm Scorpion ပရိုဆက်ဆာကို အသုံးပြုထားတဲ့အတွက် capacitive touch screen ကို တုံ့ပြန်မှုကောင်းမွန်စွာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Display ရဲ့အောက်ဘက်မှာတော့ Menu, Home, Back နဲ့ Search ခလုတ်များကို တွေ့ရမှာဖြစ်ပါတယ်။ Doubleplay ကို ဘေးသို့တွန်းထုတ်ပြီး ဖွင့်လိုက်တဲ့အခါမှာတော့ သာမန် QWERTY ကီးဘုတ်အစား အလယ်မှာ ၂ လက်မအရွယ် ဒုတိယ QVGA အပို display တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ သေးငယ်တဲ့အဆိုပါ display ပေါ်တွင် နှစ်သက်ရာ shortcut ရှစ်ခုကိုထားရှိနိုင်ပြီး ယင်းတို့ကို drag and drop ပြုလုပ်ပြီး ရွှေ့ထားနိုင်ပါတယ်။ ၎င်းအပို display ကို messaging, email, browser, music player, GroupText နဲ့ Social+ စတဲ့ app တို့အတွက် ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ဖုန်းရဲ့ဘယ်ဘက်ဘေးမှာတော့ Micro USB port ကိုတပ်ဆင်ပေးထားပြီး volume rocker ကိုတော့ ဖုန်းရဲ့ညာဘက်ဘေးမှာ တပ်ဆင်ပေးထားပါတယ်။ ၃.၅ မီလီနားကြပ်ပေါက်၊ screen lock ခလုတ်တို့ကိုတော့ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ တပ်ဆင်ပေးထားပါတယ်။ Features LG Doubleplay မှာ 2.2 Froyo ရဲ့ interface ကိုအဆင့်မြှင့်တင်ပေးထားတဲ့ Android 2.3.4 Gingerbread ကိုအသုံးပြုထားပါတယ်။ Android ဖုန်းဖြစ်တဲ့အတွက် Google ရဲ့ application နဲ့ ၀န်ဆောင်မှုတွေဖြစ်တဲ့ Gmail, Google Talk, အသံနဲ့ရှာဖွေနိုင်တဲ့ Google Voice, Google Maps, Latitude, Places, YouTube တို့ဖြင့် အသုံးပြုနိုင်ပါတယ်။ ကြိုးမဲ့ဆက်သွယ်မှုအနေနဲ့ GPS, Bluetooth 3.0, Wi-Fi (802.11b/g/n) တို့ဖြင့်အသုံးပြုနိုင်ပြီး Wi-Fi ပါဝင်တဲ့ device ငါးခုအထိအသုံးပြုနိုင်တဲ့ မိုဘိုင်း hot-spot အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ Android musicplayer ဖြင့် သီချင်းနားထောင်နိုင်ပြီး သီချင်းများကို အယ်လ်ဘမ်အလိုက်ခွဲထားခြင်း၊ အဆိုရှင်အမည်အလိုက် ခွဲထားခြင်းတို့အပြင် playlist များဖန်တီးထားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အချက်အလက်သိုလှောင်မှုအတွက် 2GB built-in ပါဝင်ပြီး microSD card မှတစ်ဆင့် 32GB အထိ တိုးမြှင့်အသုံးပြုနိုင်ပါတယ်။ Performance LG Doubleplay ကို quad-band (GSM 850/900/1800/1900MHz; UMTS/HSPA+) ဖြင့် အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာတပ်ဆင်အသုံးပြုထားတဲ့ 1GHz Qualcomm Scorpion ပရိုဆက်ဆာရဲ့စွမ်းဆောင်ရည်ဟာ ကောင်းမွန်ပြီး camera app ရဲ့ shutter ကို ၂ စက္ကန့်အတွင်းလုပ်ဆောင်ပေးနိုင်ကာ app တွေကိုလည်း ၂.၅ စက္ကန့်အတွင်း ဖွင့်ပေးနိုင်ပါတယ်။ ဖုန်းရဲ့ဘက်ထရီကိုတော့ မရပ်မနားဖုန်းပြောခြင်းအတွက် ၃ နာရီကြာအသုံးပြုနိုင်ပြီး standby အတွက် ၁၁ ရက်ကြာ အသုံးပြုနိုင်ပါတယ်။ အားသာချက် - LG Doubleplay မှာ ကြည်လင်တောက်ပတဲ့ display ပါဝင်ပြီး 1GHz Qualcomm Scorpion ပရိုဆက်ဆာ၊ Android 2.3 Gingerbread နဲ့ DLNA အထောက်အပံ့တို့ပါဝင်ပြီး Wi-Fi calling, mobile hot-spot, Adobe Flash နဲ့သုံးနိုင်တဲ့ full Webkit ပရိုဆက်ဆာတို့အပြင် 720p HD ဗီဒီယိုရိုက်ကူးနိုင်တဲ့ 5-megapixel ကင်မရာတို့ဖြင့် အသုံးပြုနိုင်ပါတယ်။ အားနည်းချက် - ဖုန်းမှာပါဝင်တဲ့ထူးခြားတဲ့ dual screen နဲ့ ခွဲထုတ်ကာအသုံးပြုနိုင်တဲ့ ကီးဘုတ်တို့ကိုအသုံးပြုရာမှာ အနည်းငယ်ထူးဆန်းနေပါလိမ့်မယ်။ ဒါ့အပြင် ဖုန်းရဲ့အရွယ်အစားကြီးမားတာကြောင့် ကိုင်တွယ်ရာမှာလေးလံလွန်းပြီး ဖုန်းရဲ့ဘက်ထရီကလည်း အားနည်းပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.