Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 13, 2011

Samsung Galaxy SCH-i509

ဈေးကွက်ထဲကို အသစ်ဝင်ရောက်လာခဲ့တဲ့ ဖုန်းအမျိုးအစားတစ်ခုပါပဲ။ CDMA 800 MHz စနစ်သုံး ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး ပါးပါးလျားလျားနဲ့ ပေါ့ပါးတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားကို ကြည့်မယ်ဆိုရင်တော့ HTC ရဲ့ Wildfire S လိုမျိုးပဲ အရွယ်အစားသေးငယ်ပြီး Galaxy Mini တို့လိုမျိုး ကျစ်လျစ်တဲ့ပုံစံမျိုးနဲ့ဖြစ်ပါတယ်။ Touch Screen ဖုန်းအမျိုးအစားဖြစ်ပြီး ဖုန်းရဲ့ Touch စနစ်ပိုင်းတွေမှာလည်း ကောင်းမွန်လာတာကိုတွေ့ရပါတယ်။ CDMA 800 MHz ဖုန်းတွေထဲမှာတော့ OS ဗားရှင်းအမြင့်ဆုံးလို့ ပြောနိုင်လောက်တဲ့ဖုန်းပါပဲ။ Android OS စနစ်ကို အသုံးပြုပေးထားပြီး Android OS Version 2.3.5 ကိုထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ OS Version မြင့်မားပေမယ့် ဖုန်းထဲမှာထည့်သွင်းအသုံးပြုပေးထားတဲ့ CPU ကတော့ 600 MHz CPU ကို ထည့်သွင်းထားတာတွေ့ရပါတယ်။ ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းတွေမှာတော့ လေးလံခြင်းမရှိပဲ ပေါ့ပေါ့ပါးပါးပဲအသုံးပြုနိုင်မှာပါ။ Screen ကတော့ SLCD Screen ကိုအသုံးပြုပေးထားပြီး Capacitive Touch စနစ်ဖြစ်တဲ့အတွက် Touch စနစ်မှာလည်း ချောချောမွေ့မွေ့ပါပဲ။ ဖုန်းတွင်းမှတ်ဉာဏ်စနစ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ Internal Memory 40MB ပါဝင်ပြီး နောက်ထပ်မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်ဖို့အတွက်တော့ Micro SD Card ကိုထည့်သွင်းနိုင်ပြီး 16GB ထိ ထပ်တိုးအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက်တော့ CDMA 800 MHz စနစ်ရဲ့ EVDO စနစ်ကို အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် ၀ါယာလက်အင်တာနက် ချိတ်ဆက်နိုင်ဖို့အတွက်လည်း WiFi စနစ်ပါဝင်ပါသေးတယ်။ ဒါကတော့ အင်တာနက်ချိတ်ဆက်အသုံးပြုခြင်းတွေအတွက်ပါ။ Music ပိုင်းနဲ့ Multimedia စနစ်ပိုင်းတွေကို ကြည့်မယ်ဆိုရင်တော့ MP3, MP4, WMA, AAC, Video Player, Organizer, Phto Viewer/editor, Google Talk, Gmail, Facebook, Twitter အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Music ပိုင်းစနစ်တွေအပြင် အွန်လိုင်းအသုံးပြု Browser စနစ်ပိုင်းတွေမှာလည်း ပြည့်ပြည့်စုံစုံထည့်သွင်းပေးထားတာကို တွေ့ရမှာပါ။ OS Version အဆင့်မြင်မားတဲ့အတွက် ဖုန်းရဲ့အသုံးပြုနိုင်ခြင်းတွေနဲ့ Feature တွေက ပိုပြီးပြည့်စုံလာတာကို တွေ့ရမှာပါ။ CDMA ဖုန်းတွေထဲမှာ ဗားရှင်းမြင့်မားတဲ့ဖုန်းတစ်ခုပါပဲ။ ကင်မရာအတွက်တော့ 3.0 Mega Pixel ရှိတဲ့ကင်မရာ ပါဝင်တာကိုတွေ့ရမှာပါ။ ကင်မရာစနစ်ပိုင်းတွေအနေနဲ့တော့ Geo-tagging, Auto Focus အစရှိတဲ့စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ သင့်တယ်လို့ဆိုနိုင်လောက်အောင် သက်သာပါတယ်။ ဒီဖုန်းကို ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ မှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ Specification Network - CDMA EVDO Size - 110.4x60.8x12.1 mm Weight - 103 g LCE Size - 3.2 inch Connection - CDMA EVDO, WiFi OS Android OS, v2.3.5 Camera - 3.0 Megapixel

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.