Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, November 25, 2011

Android ဖုန်း ထဲ TypeFresh သုံးပြီး မြန်မာဖောင့် သွင်းမယ်


ဒေါင်းလော့ဆွဲပါ TypeFresh0.9.3.5.apk at http://cl.ly/4ZiA
ဒေါင်းလော့ဆွဲပါ  Andexplorer1.7.apk at http://cl.ly/4Zzo
ဒေါင်းလော့ဆွဲပါ   Myanmar Font Zawgyi.ttf


1. Download လုပ် ပြီး ရင် apps နှစ် ခုလုံး  install လုပ်ပါ

2. မြန်မာဖောင့် ကို (eg. Zawgyi.ttf) SD card ထဲ ကူးထည့် ပါ ။

3. TypeFresh ကိုဖွင့် ပါ။ ပြီးတော့   DroidSansFallback.ttf  ကိုနိုပ်ပါ ပြီးတော့ SD card ထဲမှာ ထည့် ထားတဲ့ (Zawgyi.ttf) ကိုရွေးပါ . (တခြား fonts တွေ ကို ပြောင်းစရာမလိုပါဘူး)

4. Menu button ကို နိုပ်ပါ ။ပြီးရင်  apply fonts ကိုနိုပ်လိုက်ပါ ။error မတက် လာရင်  restart လုပ်ပေးလိုက် ပါ. ပြန်တက်လာ ရင် Zawgyi font ကိုတွေ့ ရပါပြီ ။ ( error တက် ရင် တခြားနည်း နဲ့ စမ်းပါ )

5. ပြီးရင် ကီးဘုတ် သွင်းဖို့ အောက် မှာ FrozenKeyboard ဒေါင်းလော့ ဆွဲပါ

Download Links

FrozenKeyboard 1.1.1.apk

Mirror

Download from Mediafire

Minimum Requirements : Android 1.6 and up



သွင်းပြီးရင်သွင်း နည်း ကို ဒီမှာ ကြည့် ပါ။အဲ့ ထဲ မှာလဲ ကီးဘုတ် တစ်မျိုးပါပါတယ် ။နှစ်မျိုး လုံး သွင်းပြီး ကြိုက်ရာ သုံး နိုင် ပါတယ် ။

ဆက်ဖတ်ရန်>>>

JailBroken လုပ်ထားသော iPod/iPhones မှာ မြန်မာဖောင့်ထည့် နည်း

Cydia ကို သွားပါ။ Manage အောက်က Source ကို သွားပါ။ Edit ကနေ Add လုပ်လိုက်ပါ။ address တွင်
Http://Cydia.Macforus.Com

ကိုထည့်လိုက်ပါ။ ပြီးလျှင် Package များကို သူ reload လုပ်ပါမည်။ အကုန်ပြီးသွားလျှင် Sections အောက်တွင် Zawgyi ဆိုတာ ပေါ်လာမည်။ အထဲတွင်

Zawgyi Font နှင့်

Zawgyi Keyboard

ဆိုပြီး ၂ ခုရှိပါသည်။


Zawgyi Font
Zawgyi Font သည် System Font များကို hack ပြီးတော့ မြန်မာစာ စာလုံးများ ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သွင်းပြီးပါက remove ပြန်လုပ်နိုင်မည် မဟုတ်ပါ။ remove ပြန်လုပ်ပါက itune မှ restore ပြန်လုပ်လိုက်ရပါမည်။ Zawgyi Font package သည် application များ အားလုံးနီးပါးတွင် မြန်မာစာ ပေါ်စေရန် font များကို ပြုပြင်ထားခြင်းသာဖြစ်သည်။

Zawgyi Keyboard

Zawgyi Keyboard ကိုသွင်းရာတွင် iKeyEx , Zawgyi Font နှင့်  အခြား Dependencies များကို အလိုအလျောက်သွင်းသွားမည်ဖြစ်သည်။ အောက်ပါ ပြဿနာများ ကြုံတွေ့ရတတ်သည်။

၁။ English စာတွင် auto correct မဖြစ်တော့ခြင်း။ ( 3.1.2 တွင် auto correct အလုပ်လုပ်ပါသည်။ သိပ်မသေချာပါ။ အများအားဖြင့် အလုပ်လုပ်ပါသည်။ )

၂။ keyboard အတက်နှေးခြင်း။

၃။ အချို့ OS 3.0 < များဖြစ်ခဲ့လျှင် ပြဿနာတက်ခြင်း။



စတင်ခြင်း

၁။ Settings > iKeyEx > Mix and Match >Make ကိုသွားပါ။

၂။ Layout ကို Zawgyi ရွေးလိုက်ပါ။ name ကို Zawgyi လို့ပေးလိုက်ပါ။

၃။ Mix and Match > iKeyEx >Keyboards ကို ပြန်သွားပါ။

၎။ Zawgyi ဆိုတာလေး ဘေးနားရှိ + လေးကို နှိပ်လိုက်ပါ။

၅။ သွင်းပြီးပြီဆိုပါက သင့် iPhone/iPod Touch ကို restart ချလိုက်ပါ။

keyboard ပြောင်းချင်လျှင် ကမ္ဘာလုံးပုံလေးကို နှိပ်ကာ ပြောင်းလဲနိုင်ပါသည်။




How to upgrade
အသစ်ထွက်ခဲ့သောကြောင့် upgrade လုပ်လိုလျှင် Cydia > Changes > Refresh ကိုနှိပ်ပြီး Upgrade ပေါ်လာပါက upgrade လုပ်ပါ။ ပြီးလျှင်

Settings > iKeyEx > Keyboards > Zawgyi ကို – icon လေးကို နှိပ်လိုက်ပါ။

iKeyEx > Setings ကို ပြန်သွားလိုက်ပါ။ Mix and Match > Zawgyi > Delete ကို နှိပ်လိုက်ပါ။

ပြီးလျှင် Mix and Match ကနေ Zawgyi keyboard ကို အပေါ်ကအတိုင်း ပြန်လည် ထည့်သွင်းနိုင်သည်။

Tip: Settings > General > Keyboard > Auto-Capitalization ကို off  ထားလျှင် မြန်မာစာ ရိုက်ရတာ ပိုအဆင်ပြေသည်
ဆက်ဖတ်ရန်>>>

iphone\ipod ပေါ်က အင်္ဂလိပ်မြန်မာ မြန်မာအင်္ဂလိပ် အဘိဓါန်

Ornagai English To Myanmar, Myanmar To English ကို iPhone/ iPodTouch တွေမှာ သုံးလို့ရပါပြီ။ မြန်မာစာ search အတွက်သိပ်မကောင်းသေးပါဘူး။  ဒါပေမယ့်လည်း အသုံးတော့ တည့်ပါတယ်။ လိုအပ်ချက်တွေကတော့
  • Jailbreak
  • Installous


၁. အင်တာနက်ချိတ်ပြီး Cydia ကို ဖွင့်ပါ။
၂. Manage > Sources > Edit > Add ကို သွားလိုက်ပြီး “http://cydia.hackulo.us” လို့ ထည့်လိုက်ပါ။
၃. ပြီးရင် search ကိုသွားပြီး installous လို့ ရိုက်ထည့်ပြီး installous ကိုရှာ။ ပြီးရင် install လုပ်လိုက်ပါ။
၎. Springboard ပေါ်မှာ installous ကို တွေ့ပါလိမ့်မယ်။
Download IPA (1.8MB)
အဲဒါကို SFTP နဲ့ \private\var\mobile\Library\Downloads\ မှာ တင်လိုက်ပါ။ Installous ကို ဝင်ပြီး Download ကနေ install လုပ်လိုက်ရင်ရပါပြီ။ ပြီးရင် Spring Board မှာ WeDictPro ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ ပေါ်လာရင် restart ချလိုက်ပါ။ ပြန်တက်လာရင် ပေါ်လာတာကို တွေ့ရပါမယ်။
ဆက်ဖတ်ရန်>>>

Nokia ဖုန်း ကို certificate error မဖြစ်အောင် လုပ်နည်း

certificate ဖြစ်အောင်လုပ်ရပါတော့မယ်.. ;) ;)
     အောက်ကလင့်ကို သွားပြီး အကောင့်တစ်ခုလုပ်လိုက်ပါ..

     http://cer.opda.cn
     အကောင့်ဖွင့်ပုံကိုတော့ အသေးစိတ်မရေးတော့ပါဘူး ဖွင့်တတ်ကြမယ် မျှော်လင့်ပါတယ်..
     ပြီးရင်တော့ mycertificate.. နောက် apply cer ကိုနှိပ်လိုက်ပါ..

     အဲဒီမှာ လိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ.. အဓိကကတော့ imei နံပါတ်ပါဘဲ..
     Model  မှာ ကိုယ့်ဖုန်းနံမည်ထည့်ပါ ဥပမာ nokia 5800 xpressmusic
     IMEI    မှာတော့  ဖုန်းထဲမှာ *#06#  ကို နှိပ်ရင် ပေါ်လာတဲ့ နံပါတ်ကို ထည့်ပါ
     Comfirm IMEI မှာ အပေါ်ကထည့်ထားတဲ့ နံပါတကို ပြန်ထည့်ပါ
     Remark   မှာတော့ ကို ဖုန်းကို ပေးမယ့် နံမည်ထည့်ပါ
     ပြီးရင် submit applaction လုပ်လိုက်ပါ..
 
     အဲဒီနောက်တော့ စောင့်ရပါတော့မယ် တခါတလေ ၂ နာရီလောက်နဲ့ရပေမယ့် တစ်ခါတလေ ၂ ရက်လောက်ထိကြာပါတယ်..
     အဲဒီ imei နံပါတ်ကို certi ဖြစ်အောင်လုပ်ပြီးပြီဆိုရင်တော့ တ၀က်လောက်ကပြီးသွားပါပြီ.. :D :D

     အဲဒီ ဆိုဒ်ထဲမှာဘဲ Signing Softs ကိုသွားပါ...အောက်နားက ကိုယ့်မော်ဒယ်ဘေးနားက မှာ select လုပ်ပါ..
    choose fille ကနေကိုယ် သွင်းချင်တဲ့ apps ကို တင်လိုက်ပြီး submit လုပ်ပါ..


     တစ်ဖိုင်တင်ပြီးတိုင်း download နဲ့ signed ဆိုပြီးမေးပါမယ် .. signed ကိုပေးဖို့ဘဲ ပြောချင်ပါတယ် ဒါမှ နောက်ပြန်ဒေါင်းလို့ရမှာပါ
   
၎.. ပြီးရင်တော့ အဲဒီ ဖိုင်ကို ဒေါင်းပြီး ဖုံးထဲ ထည့်ပြီး install လုပ်လိုက်ပါတော့ ခင်ဗျာ..
ဆက်ဖတ်ရန်>>>

nokia မှာမြန်မာဖောင့် သွင်းနည်း (၂)

http://code.google.com/p/fontrouter/
http://www.mediafire.com/file/djvzmlzgn2m/FontRouterManV1.06RC_S60_3RD_FP2.sisx


အဲဒီနှစ်ခုကို ဒေါင်းပြီး ဖုံးထဲက internal memory မှာ install လုပ်လိုက်ပါ..
filemanager ကိုသုံးပြီး C:/data/Fonts ထဲကို ဇော်ဂျီဖောင့်(.ttf ဖြစ်ရပါမယ် .TTF မဖြစ်ရပါဘူး)ထည့်လိုက်ပါ..
ပြီးရင် ခုနက install လုပ်ထားတဲ့ FontRouterMan ကိုဖွင့်ပါ
 option ကနေပြီး c အောက် ကိုယ်ထည့်ထားတဲ့ ဖောင့်ဖိုင်ကိုရွေး ပြီးရင် ထွက်လိုက်ပါ..



ဖုံးကို reboot ပြန်လုပ်လိုက်ပါ

မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့...သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..မြင်ကွင်းကိုတော့ အထဲမှာပါတဲ့ အတိုင်း လိုက်ညှိကြည့်လိုက်ပေါ့...သေချာတာက တခါလုပ်ပြီးတိုင်း တစ်ခါ reboot လုပ်ရမှာပါ..

nokia 5800 နဲ့ N95 မှာသေချာပေါက်ရပါတယ် စမ်းကြည့်ကြပါ


ဆက်ဖတ်ရန်>>>

Nokia ဖုန်း ကို certificate error မဖြစ်အောင် လုပ်နည်း (၁)


ဖုံးထဲကို တစ်ချို့  software တွေသွင်းရင် certificate error ဆိုတာပေါ်လာပြီး သွင်းလို့ မရဘူးဖြစ်တတ်ပါတယ်။ သုံးချင်ရင်တော့ 
အဲဒီ unsign file တွေကို signed file ဖြစ်အောင်လုပ်ပြီးမှာ ကိုယ့်ဖုံးထဲကိုထည့်ရတာပါ။
အဲဒီလို sign လုပ်ဖို့  signstool2.2 လိုပါတယ်။ နောက် ကိုယ့်ဖုံးရဲ့ IMEI no. နဲ့ လုပ်ထားတဲ့
certificate file နဲ့ key file လိုပါတယ်။
အဲဒါတွေလုပ်ဖို့ ကိုယ့်ဖုံးရဲ့ IMEI no. ကိုမှတ်လိုက်ပါ။ (*#06#) နှိပ်လိုက်ရင်ပေါ်လာပါတယ်။
http://cer.s603rd.cn/index.php

အဲဒီ site မှာ signstool 2.2 ကို ဒေါင်းလို့ရပါတယ်။ အနီရောင်နဲ့ရေးထားတဲ့ ဘေးက here ကိုနှိပ်ပါ။
ကိုယ့်ဖုံး IMEI no. ကို ပထမအကွက်မှာ ထည့်ပြီး ဘေးက အကွက်ထဲကို ပေါ်နေတဲ့ ဂဏန်း ၄ လုံးရိုက်ထည့်ပြီး
ဘေးက လေးထောင့်ကွက်လေးကိုနှိပ်လိုက်ပါ။ နောက် ၁၂ နာရီလောက်ကြာပြီးရင် အဲဒီ ကိုပြန်သွားပြီး
ကိုယ့် IMEI no. ပြန်ရိုက်ထည့်။ အဲဒီအချိန်မှာ ပေါ်နေတဲ့ ဂဏန်း ၄ လုံးရိုက်ထည့်လိုက်ပြီး ဘေးက အကွက်ကိုနှိပ်လိုက်ရင်
download လုပ်ရမဲ့ link ကို အောက်ကပုံမှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်။

အဲဒီကနေ ကိုယ့်ရဲ့ cer file and key file ရပါတယ်။
ပြီးရင် ကိုယ် ထည့်ချင်တဲ့ software+singstool+cer+key file တွေကို ဖိုဒါတခုထဲမှာထည့်ထားပြီး
signstool ကို run လိုက်ပါ။ ပုံထဲကအတိုင်းပေါ်လာပါလိမ့်မယ်။

အဲဒီမှာ cer file ကိုရွေး။ software ကိုရွေးပြီး၊ sign နှိပ်လိုက်ရင် အဲဒီဖိုဒါထဲမှာ
signed လုပ်ပြီးသားဖိုင်တခု ထပ်ရောက်လာပါတယ်။ အဲဒါကိုမှ ဖုံးထဲကိုကူးထည့်ပြီး install လုပ်ရပါတယ်။
ဆက်ဖတ်ရန်>>>

Mobile Technology

Mobile Technology ကိုအသုံးပြုသော
interface ကွဲပြားခြားနားမှုပေါ်မူတည်၍ GSM နှင့် CDMA စနစ် ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။

GSM (Global System For Mobile Telecommunications)
1980 ခုနှစ်တွင် ဥရောပနိုင်ငံကြီးများတွင် Analog Cellular System ကို အသုံးပြုခဲ့သည်။ ထိုစဉ်က နိုင်ငံအသီးသီးသည် ၄င်းတို့၏ နိုင်ငံပိုင်ကွန်ယက်စနစ်နှင့် Standard များကို သီးသန့်သုံးစွဲ ခဲ့ခြင်းကြောင့် မိမိ
နိုင်ငံအတွင်း၌သာ ဆက်သွယ်မှုများ အဆင်ပြေလာခဲ့သော်လည်းကျန်သောနိုင်ငံများနှင့် ဆက်သွယ်ရာတွင် ဆက်သွယ်မှုများနှေင့်နှေးခဲ့၇သည်။၁၉၈၂ ခုနှစ်တွင် ဥရောပနိုင်ငံများအားလုံး ပါဝင်သော ညီလာခံတခုကျင်းပခဲ့ပြီး နိုင်ငံတိုင်း အသုံးပြုနိုင်သော Mobile Technology System တစ်ခုကို သတ်မှတ်နိုင်ရန် ရည်ရွယ်ပြီး Group Special Mobile (GSM) ဟုခေါ်သော အဖွဲ့အစည်းတစ်ရပ် ထူထောင်ခဲ့သည်။ထိုအချိန်မှ စ၍ GSM Network System တစ်ခုပေါ်ပေါက် ဖြစ်ထွန်းလာခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်ကျော်တွင် GSM Network ကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြောင်းတွေ့ရသည်။ GSM ၏အမည်ကိုလည်း Golbal System For Mobile Telecommunications ဟုပြောင်းလဲ ခေါ်ခဲ့သည်။ GSM Telephone Network ၏
Standard Frenquency Band များမှာ 850 Mhz , 900 Mhz ,1800 Mhz နှင့် 1900 Mhz တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အသုံးပြုနေသော GSM Frenquency Band မှာ 900 Mhz ဖြစ်ပါသည်။850 နှင့် 950 Mhz များသည် GSM Network ၏ အနိမ့်ဆုံး Frenquency Band များဖြစ်ပြီး 1800 နှင့် 1900 Mhz များထက် Longer Distance (Signal ရောက်ရှိနိုင်မှု အကွာအဝေး)ရှိကြောင်းတွေ့ရသည်။
1900 Mhz Frenquency Band ကို မြောက်အမေရိက၊ကနေဒါ၊တောင်အမေရိက
နိုင်ငံများတွင် အဓိက သုံးစွဲပြီးအာရှနှင့် ဥရောပ၌ သုံးစွဲသော
နိုင်ငံနည်းပါးကြောင်း တွေ့ရသည်။

WCDMA (Wide Band Code Division Multiple Access)
2001
ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင် အသုံးပြုခဲ့သည့် 3G(Third Generation)
Mobile Technology တစ်ခု ဖြစ်သည်။ Air Interface အနေဖြင့် UMTS (Universal Mobile Technology System) ကိုအသုံးပြုထားသည်။WCDMA ၏ Standard Frenquency Band မှာ 2100 MHZ ဖြစ်သည်။ယခုအခါ မြန်မာနိုင်ငံ တွင် ရန်ကုန်မြို့အတွင်း၌ WCDMA ကွန်ယက် ကို၇၇ှိ အသုံးပြုနိုင်ပြီ ဖြစ်သည်။
အထက်ဖေါ်ပြပါ Mobile Network System များသည် နည်းပညာပိုင်းဆိုင်ရာ အခြေခံ သဘောတရားများ
တူညီသော်လည်း အသုံးပြုသော Frenquency အနိမ့်အမြင့် ကို လိုက်၍ အားသာချက်နှင့် အားနည်းချက် များ ဒွန်တွဲ လျှက် ရှိကြောင်းတွေ့ရသည်။

High Frenquency (1900 & 2100 MHZ) ကွန်ယက်အသုံးပြုခြင်း၏ အားသာချက်--

(၁)ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များကို ခံနိုင်ခြင်း
(၂)လိုင်းကြည်လင်ပြတ်သားပြီး နှောင့်ယှက်မှုကင်းသော connection ကိုရရှိနိုင်ခြင်း
(၃)Outdoor Antenna အသုံးပြုစရာ မလိုဘဲ Internal Antenna ဖြင့်သာ ကောင်းစွာအသုံးပြုနိုင်ခြင်း
(၄)တိုက်တာအဆောက်အအုံ
ထူထပ်သောနေရာများ၊Mobile Subscriber {Phone သုံးစွဲသူများပြားသော မြို့ပြဒေသများတွင် clear and un-interrupted (ကြည်လင်ပြတ်သားပြီး အနှောင့်အယှက်ကင်းမဲ့သော) } connection ဖြင့်
အသုံးပြုနိုင်ခြင်း၊အသုံးပြုရန် သင့်တော်ခြင်း
(၅)Network Capacity မြင့်မားခြင်း
(၆)အသုံးပြုသော Mobile Handset များ၏ Battery သက်တမ်းကို ကြာရှည်သေခြင်း တို့ ဖြစ်သည်။

အားနည်းချက်များမှာ--

(၁)Network
Coverage Area (Signal ဖမ်းယူနိုင်သော Area) မှာ Low Frenquency Band များနှင့် နှိုင်းယှဉ်လျှင် Signal Strength နည်းပါးခြင်း
(၂)High Frenquency ကိုအသုံးပြုပါက Operator Station (Base Transceiver Station)များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာတည်ဆောက်ရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားခြင်း


Low Frenquency (450 MHZ) ကို အသုံးပြုခြင်း၏ အားသာချက်များမှာ--

(၁)Large Network Coverage Area( Signal ရောက်ရှိနိုင်မှု ဧရိယာ) ကျယ်ပြန့်ခြင်း
(၂)Receiving Signal ကောင်းမွန်ခြင်း
(၃)Cell
Area ကျယ်ဝန်း၍ Base Transceiber Station များကိုလည်း နီးကပ်စွာ တည်ဆောက်ရန် မလိုခြင်းကြောင့် ကွန်ယက်တိုးချဲ့ မှုများတွင် ကုန်ကျစရိတ် သက်သာခြင်း တို့ဖြစ်သည်။

အားနည်းချက်များမှာ--

(၁)Signal ရောက်ရှိနိုင်မှု ဧရိယာ ကြီးမားခြင်းကြောင့် Transmission ပိုင်းတွင် High Power Comsumption (Power သုံးစွဲ မှုများခြင်း)
(၂)အသုံးပြုသော Handset များ၏ Battery Life ကို ကျဆင်းစေခြင်း
(၃)Transmission
တွင် Power Comsumption မြင့်မားမှုကြောင့် CDMA 450 MHZ များတွင်
စကားကြာရှည်စွာ ပြောပါက Handset များပူလာခြင်း တို့ ဖြစ်ပါတယ်။
ဆက်ဖတ်ရန်>>>

WINDOWS MOBILE PHONE ထဲ ဇော်ဂျီ ထည့်ခြင်း

ပထမဆုံး http://www.2shared.com/file/9070833/b067f525/zawgyi_keyboard_for_wm__pocket_pc.html ကနေဒေါင်းပြီး software လေးယူလိုက်ပါ..
ပြီးရင် Zawgyi Mobile Keyboard.CAB ကို install လုပ်လိုက်ပါ.. install တော့လုပ်တတ်မယ်ထင်တယ်နော်.. ;) ;) (မကြိုက်ရင် ပြန်ဖြုတ်ပုံလဲ အဲ့ထဲမှာပါတယ်..ဖတ်ကြည့်.. :D)
ပြီးရင်တော့ keyboard နေရာမှာ ချိန်းပြီး zawgyi keyboard သုံးလို့ရပါပြီ.. ;D ;D

အဲ.. ဒါပေမယ့် ဖောင့်ရသေးဘူး.. ;D ;D
နောက်ဆက်လုပ်ရမယ့် အဆင့်တွေရှိသေးတယ်..
ခုနက ဒေါင်းထားတဲ့ထဲမှာပါတဲ့ TRE.arm.CAB ကို install ထပ်လုပ်လိုက်ပါ။
TRE ကိုသုံးပြီး HKEY_LOCAL_MACHINE\System\GDI\SysFnt အတိုင်းသွားပြီး Nm နောက်က Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။

HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Barfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MACHINE\\SYSTEM\GWE\Menu\Menufnt\Popfnt မှာ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
HKEY_LOCAL_MAHINE\SYSTEM\GDI\V1\FontAlias မှာလဲ Tahoma ကို ZawGyi-One လို့ချိန်းလိုက်ပါ။
ပြီးရင် ဖုံးကို ပိတ်ပြီးပြန်ဖွင့်လိုက်ပါ..

သင်လိုချင်တဲ့ ဇော်ဂျီဖောင့်နဲ့ ဆိုဒ်တွေကို မြင်ရမယ့် အပြင် ဖုံးထဲမှာပါ ဇော်ဂျီကို သုံးလို့ရပါလိမ့်မယ်...
ဆက်ဖတ်ရန်>>>

myanmar Dictionary for Pocket PC (PPC)

Installation:
After installation of MDict you may need to copy ZawGyi-One font to your PPC
1.Find "Fonts" folder at where MDict.Folder,
2.Copy ZawGyi-One to the "Fonts" folder
3. copy Database "MZDictionary.mdx" to where ever you want on your PPC

Run:
Run Mdict.exe
Add Library: Library>>Open Library>>'open the MZDictionary.mdx you just copy'
After that You can used.

Here Download link;
This one is you have to run from your PC.This is reader for your Dictionary.
http://www.octopus-studio.com/MDictPPC.Setup.exe
MZDictionary.mdx
http://www.mmgeeks.org/forum/download/file.php?id=246&sid=508fc14a5bb1d71b3b2015c93c70dc38
Zawgyi-One font
http://mmitpros.ning.com/group/zawgyi/forum/attachment/download?id=1445004%3AUploadedFi58%3A17774

ဆက်ဖတ်ရန်>>>

iphone များကို 2G , 3G ,3Gs အမျိုးအစားခွဲခြင်း

iphone များကို အမျိုအစားခွဲခြင်း  
 
iphone တွေမှာ အမျိုးအစားများတယ်လို့မဟုတ်ပေမယ့် မသိတဲ့သူများမှာတော့ ခွဲရခက်တတ်ပါတယ်..
2g . 3g. 3gs သူတို့တွေကို ခွဲရတာ တကယ်တော့ လွယ်ပါတယ်.. အရောင်လေးနဲ့ ခွဲလို့ရပါတယ်...
ပုံလေးတွေကို ကြည့်လိုက်တာနဲ့ဘဲ ခွဲခြားလို့ရသွားမှာပါ.. ကြည့်ကြည့်လိုက်ပါ..

ငွေရောင်လေးက 2G ပါ  . 3G ကတော့ အမဲရောင်ရယ် ငွေရောင်ရယ် ဆိုပြီး ၂ မျိုးထွက်ပါတယ်.. 3GS ကလဲ  3G နဲ့ အရောင်တူပါတယ် ဒါပေမယ့် နောက်ကျောက စာကတော့ ပိုပြီ ထင်ရှားပါတယ်..

ပထမပုံမှာ ဘယ်ဘက်က 3G  ဖြစ်ပြီး ညာဘက်က 3GS  ဖြစ်ပါတယ် နောက်တစ်ပုံကတော့  ငွေရောင်က 2G  ဖြစ်ပြီး အမဲရောင်ကတော့ 3G ဖြစ်ပါတယ်..  . 
အားလုံး အလွယ်တစ်ကူခွဲခြားနိုင်လိမ့်မယ်လို့ မျွော်လင့်ပါတယ်.

ဆက်ဖတ်ရန်>>>

Nokia ဖုန်း မြန်မာဖောင့် သွင်း နည်း (1)

Nokia ပေါ်က စာလုံးများ           
လက်ရေးစတိုင် ဖောင့်တွေ၊ မိမိနှစ်သက်တဲ့ ဖောင့်လှလှလေးတွေ ပြောင်းဖို့အတွက် ဒီနည်းက အဆင်ပြေလိမ့်မယ်။ နောက်ပြီး ဘာ tool မှ သုံးစရာ မလိုသလို၊ ပြန်ဖြုတ်မယ်ဆိုရင်လည်း အလွယ်တကူပဲ။ Hack ပြီးထည့်ရတာ မဟုတ်လို့ အန္တရာယ် ကင်းပါတယ်။
ဇော်ဂျီ version မျိုးစုံနဲ့ စမ်းပြီးပြီဗျ။ေ- တို့၊ -ျ တို့၊ -ာ တို့မှာ ထပ်ကုန်တာ။ မြန်မာ ၃ unicode ဆို ပိုဆိုးတယ်။ ကီးဘုတ်ဆို ပိုဝေးတာပေါ့ဗျာ။
အရင်ဆုံး စမ်းထားတဲ့ ဖောင့်သုံးမျိုးရှိတယ်။ Pristina, Harlow, နဲ့ ဇော်ဂျီ ပေါ့ဗျာ။


 
zawgyi ဖောင့် ပဲတင်ပေးလိုက်ပါတယ်။  ဒီ မှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။

ပထမဆုံး သိထားဖို့ လိုတာက သုံးမယ့် ဖောင့်က Open font type ဖြစ်ရမယ်။ သိသာအောင် ပြောရရင် ‘O’ ပုံ icon နဲ့ ပြနေလိမ့်မယ်။ (တကယ်လို့ true type font ကို သုံးမယ်ဆိုရင်တော့ ဖောင့်ပေါ်နိုင်ဖို့ သိပ်မသေချာဘူး။ အချို့ဖောင့်တွေအတွက် error တက်နိုင်တယ်)။ install မလုပ်ရသေးတဲ့ ဖောင့်ကိုပဲဖြစ်ဖြစ်၊ control panel ရဲ့ font ဆိုတဲ့ folder ထဲက ဖောင့်ကိုပဲဖြစ်ဖြစ် ယူသုံးနိုင်ပါတယ်။ လိုအပ်တာတစ်ခုကတော့ phone က SD Card ရှိဖို့ လိုပါတယ်။

Creating your Font folder
1. ပထမဆုံး Fonts ဆိုတဲ့ နာမည်နဲ့ folder တစ်ခု ဖန်တီးလိုက်ပါ။ (s က အစ မကျန်ပါစေနဲ့)
2. မိမိပြောင်းချင်တဲ့ ဖောင့်ကို ဒီဖိုဒါမှာ လာထည့်ပြီး 4 ခု copy လုပ်ပါ။ (ဖောင့်တစ်ခုထဲကိုပဲ ၄ ခု လုပ်ရမှာပါ)
3. copy လုပ်ထားတဲ့ ဖောင့်လေးခုကို s60snr.ttf, s60ssb.ttf, s60tsb.ttf and S60ZDIGI.ttf ဆိုပြီး rename ပေးပါ။
Transferring New font to Nokia phone
1. phone ကို ကွန်ပျူတာမှာ “Mass Storage” mode နဲ့ ဖြစ်အောင် join ပါ။ (sd memory card ကို ဖွင့်ကြည့်ပြီး ဖောင့်ထည့်ဖို့အတွက် ဖြစ်ပါတယ်)
2. My Computer မှာ ပေါ်လာမယ့် Removable Disk (သို့) Memory Card ဆိုပြီး ပေါ်လာမယ့် sd card ကို ဖွင့်ပါ။
3. SD card ထဲမှာ Resource ဆိုတဲ့ folder ကိုဖွင့်ပါ။ (မရှိခဲ့ရင် new လုပ်ပြီး Resource လို့ နာမည်ပေးပါ)
4. ခုနက ဖန်တီးထားတဲ့ Fonts ဆိုတဲ့ Folder ကို Resource ထဲကို ထည့်လိုက်ပါ။
5. phone ကို PC နဲ့ join ထားရာကနေ ဖြုတ်လိုက်ပါ။
6. phone ကို restart ချလိုက်ပါ။ (ပိတ်ပြီး ပြန်ဖွင့်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်)
ဒါဆိုရင်တော့ မိမိ ထည့်သွင်းလိုက်တဲ့ဖောင့် ဖုန်းပြန်ပွင့်တာနဲ့ ပေါ်လာပြီ ဖြစ်ပါတယ်။

To Reset Original Font
အရင်ဖောင့်အတိုင်း ပြန်ဖြစ်ဖို့ကတော့ လွယ်ပါတယ်။ လုပ်ခဲ့တဲ့အတိုင်း ကွန်ပျူတာမှာတပ်ပြီး fonts ဆိုတဲ့ folder ကို ဖျတ်ပေးလိုက်ရုံပါပဲ။

တစုံတရာ error မရှိနိုင်ကြောင်း ဖတ်ကြည့်လိုက်တာနဲ့ သိမှာပါ။လက်လှမ်းမှီရာ Nokia 5800, 5350, 5130 နဲ့ N97 တွေမှာတော့ စမ်းကြည့်ပြီးပါပြီ။ အဆင်ပြေပါတယ်။ 
ဆက်ဖတ်ရန်>>>

Nokia မြန်မာဖောင့် သွင်း နည်း with certificate

How to install symbiam myanmar 3

ကဲ .ပထမဆုံး သိထားရမှာက nokia ဖုံးတွေကို software တွေသွင်းကြတဲ့ အခါ တစ်ချို့တွေက အလွယ်တကူရပြီး တချို့က certificate error ဆိုပြီး ပြတတ်ကြတာ သတိထားမိကြပါသလား..
ထားပါတော့ ကိုယ်တိုင်မထည့်ဖူးလို့ မသိဘူးဆိုရင်လဲ မှတ်ထားလိုက်ကြပေါ့ဗျာ..အဲဒီလိုဖြစ်တဲ့ အခါသုံးလို့ရအောင် certificate ဖြစ်အောင်လုပ်ရပါမယ်... အခု software ကို ထည့်တဲ့သူတွေကြုံနေတဲ့ အဓိက အခက်အခဲလို့ဆိုရပါမယ်.. အဲဒါကို ဖြေရှင်းနည်းပေးပါ့မယ်..

၁.. ပထမဆုံး ကျွန်တော်တို့ လုပ်ရမှာက ကိုအောင်နိုင်ဦးတင်ပေးထားတဲ့ ဟောဒီလင့်ကနေ software အရင်ဒေါင်းပါ  

      http://gallery.mobile9.com/f/1283465/

အဲဒီမှာ တစ်ခုပြောချင်တာက တင်ပေးထားတဲ့ sis ဖိုင်ကို rar အဖြစ်ကို ပြန်ပြောင်းရပါမယ်.. ၂ခုလုံးကို တစ်ခုထဲအဖြစ်တင်ချင်တဲ့အတွက် ဒီလိုတင်ထားတယ်လို့ယူဆရပါတယ်..
   
၂.. နောက်က sis ကို rar အဖြစ်ပြောင်းလိုက်ပါ.. ပြီးရင် extract လုပ်လိုက်ပါ..
     SymbianMyanmar v3.0.sis , Edit SymbianMyanmar v3.0.sis နှစ်ဖိုင်ရပါမယ်..
     အလွယ်တကူယူမယ်ဆိုရင်တော့ ဒီကယူပါ..
     SymbianMyanmar v3.0.sis  http://www.mediafire.com/?gmyttmtccmj
     Edit SymbianMyanmar v3.0.sis  http://www.mediafire.com/?fnqj5zwjynm

၃.. အဆင်သင့်ဖြစ်ပြီဆိုတော့ certificate ဖြစ်အောင်လုပ်ရပါတော့မယ်.. ;) ;)
     အောက်ကလင့်ကို သွားပြီး အကောင့်တစ်ခုလုပ်လိုက်ပါ..

     http://cer.opda.cn
     အကောင့်ဖွင့်ပုံကိုတော့ အသေးစိတ်မရေးတော့ပါဘူး ဖွင့်တတ်ကြမယ် မျှော်လင့်ပါတယ်..
     ပြီးရင်တော့ mycertificate.. နောက် apply cer ကိုနှိပ်လိုက်ပါ..

     အဲဒီမှာ လိုအပ်တာလေးတွေဖြည့်ပေးလိုက်ပါ.. အဓိကကတော့ imei နံပါတ်ပါဘဲ..
     Model  မှာ ကိုယ့်ဖုန်းနံမည်ထည့်ပါ ဥပမာ nokia 5800 xpressmusic
     IMEI    မှာတော့  ဖုန်းထဲမှာ *#06#  ကို နှိပ်ရင် ပေါ်လာတဲ့ နံပါတ်ကို ထည့်ပါ
     Comfirm IMEI မှာ အပေါ်ကထည့်ထားတဲ့ နံပါတကို ပြန်ထည့်ပါ
     Remark   မှာတော့ ကို ဖုန်းကို ပေးမယ့် နံမည်ထည့်ပါ
     ပြီးရင် submit applaction လုပ်လိုက်ပါ..
 
     အဲဒီနောက်တော့ စောင့်ရပါတော့မယ် တခါတလေ ၂ နာရီလောက်နဲ့ရပေမယ့် တစ်ခါတလေ ၂ ရက်လောက်ထိကြာပါတယ်..
     အဲဒီ imei နံပါတ်ကို certi ဖြစ်အောင်လုပ်ပြီးပြီဆိုရင်တော့ တ၀က်လောက်ကပြီးသွားပါပြီ.. :D :D

     အဲဒီ ဆိုဒ်ထဲမှာဘဲ Signing Softs ကိုသွားပါ...အောက်နားက ကိုယ့်မော်ဒယ်ဘေးနားက မှာ select လုပ်ပါ..
    choose fille ကနေ ခုနက ဒေါင်းထားတဲ့ ဖိုင်၂ ဖိုင်ထဲက တစ်ဖိုင်ကို တင်လိုက်ပြီး submit လုပ်ပါ..


     နောက်တစ်ဖိုင်ကိုလဲ ရွေးပြီး ထပ်တင်ပါ.. တစ်ဖိုင်တင်ပြီးတိုင်း download နဲ့ signed ဆိုပြီးမေးပါမယ် .. signed ကိုပေးဖို့ဘဲ ပြောချင်ပါတယ် ဒါမှ နောက်ပြန်ဒေါင်းလို့ရမှာပါ
   
၎.. ပြီးရင်တော့ အဲဒီ ၂ ဖိုင်လုံးကို ဒေါင်းပြီး ဖုံးထဲ ထည့်ပြီး symbiam myanmar3 ကို install လုပ်လိုက်ပါတော့ ခင်ဗျာ..
ဆက်ဖတ်ရန်>>>