Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, July 7, 2012

Android ဖုန်းမှ အင်တာနက်ကို ကွန်ပျူတာမှာ ချိတ်ဆက်ပြီးအသုံးပြုနည်း

ကွန်ပျူတာမှာ မိမိဖုန်းနဲ့သက်ဆိုင်တဲ့ ဖုန်း Driver ကိုအရင်သွင်းထား ပါ။
 Android ဖုန်းက  အင်တာနက်ကို ကွန်ပျူတာမှာ
ချိတ်ဆက်ပြီးသုံးဖို့အတွက် EasyTethere v0.9.3 ကိုတင်ပေးလိုက်ပါတယ်။
ဒီ application ကိုသုံးဖို့အတွက် ဖုန်းထဲမှာရော ကွန်ပျူတာမှာရော EasyTether
ဆော့ဝဲသွင်းထားရမှာပါ။ ကွန်ပျူတာထဲမှာသွင်းဖို့ EasyTether Driver
ကိုအောက်မှာရယူနိုင်ပါတယ်။

Window XP/Vista/7 အတွက် EasyTethered Driver အားရယူရန် (For 32 bit)
Window XP/Vista/7 အတွက် EasyTethered Driver အားရယူရန် (For 64 bit)



Download လုပ်ပြီးပြီဆိုရင်တော့ ကွန်ပျူတာအတွက် EasyTether Driver ကို
ကွန်ပျူတာထဲမှာအရင် install လုပ်လိုက်ပါ။ ပြီးရင် ဖုန်းထဲမှာသွင်းဖို့
EasyTether v0.9.3 ကိုdownload လုပ်ပါ။ Android ဖုန်းထဲမှာသွင်းဖို့ EasyTether v0.9.3 ကိုတော့ အောက်မှာရယူနိုင်ပါတယ်။


http://minus.com/muZOJwYQF/

ပြီးရင် EasyTether v0.9.3 ကိုဖုန်းထဲမှာ install လုပ်ပါ။
ပြီးရင်ဖုန်းရဲ့ setting => Applications => Development ထဲက USB
debugging ကိုအမှန်ခြစ်ပေးပါ။ ပြီးရင်ခုနက ဖုန်းထဲမှာသွင်းထားတဲ့
EasyTether ထဲကိုဝင်ပါ။ ကွန်ပျူတာထဲမှာ EasyTether
သွင်းပြီးသားလားလို့မေးရင် သွင်းပြီးသားဆိုပါက အမှန်ခြစ်ပေးပါ။
အောက်ပုံအတိုင်းပါ။






ပြီးရင် USB(Enable USB Tethering) ကိုအမှန်ခြစ်ပေးပါ။

ပြီးရင် ဖုန်းရဲ့  အင်တာနက်ကိုဖွင့်ပါ။ ပြီးရင် (USB
ကြိုးဖြင့်) ကွန်ပျူတာနဲ့ချိတ်ဆက်ပါ ။ အကယ်၍ မိမိဖုန်းရဲ့ driver
ကွန်ပျူတာထဲမှာမရှိသေးဘူးဆိုရင် auto install လုပ်ပါလိမ့်မယ်။ ပြီးရင်
ဖုန်းရဲ့ EVDO/EDGE အင်တာနက်ကိုဖွင့်ပါ။ ပြီးရင် ကွန်ပျူတာက
EasyTether ကိုဖွင့်ရပါမယ်။ taskbar မှာ အောက်ပါအတိုင်းပေါ်နေပါလိမ့်မယ်။






အဲဒီ Easytether icon လေးကို right click နှိပ်ပြီး Connect via Android ကိုနှိပ်ပါ။
ဒါဆိုရင် ဖုန်းထဲက အင်တာနက် Connection ကိုကွန်ပျူတာမှာ ချိတ်ဆက်မိသွားပြီဖြစ်ပါတယ်။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.