Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, July 7, 2012

Kindle Fire 6.3.1 ကို ROOT လုပ်ရအောင်၊ Myanmar Font ထည့်ရအောင်....( For Kindle Fire Version 6.3.1 )


ပညာဓိကာလင်္ကာရ(Pyinnyardhikalinkara) ::
Kindle fire -တွေ ကော မြန်မာဖောင့်သွင်းလို့ရတဲ့နည်းလမ်းရှိပါသလား.. ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး တင်ပေးစေချင်ပါတယ်..
ကျွန်တော်လည်း ခုနောက်ပိုင်း နည်းနည်းအလုပ်လေးတွေ ရှိလာလို့ Blog ဘက်တောင် အာရုံသိပ် မရောက်ဖြစ်ဘူး။ ခု Mail ထဲမှာ မေးလာတဲ့သူငယ်ချင်း တစ်ယောက်ရှိလို့ အားလုံး အဆင်ပြေအောင် ပြန်တင်ပေးလိုက်ပါတယ်။ စလုပ်လိုက်ကြရအောင်.... : P
 Kindle Fire 6.3.1 ကို ROOT လုပ်နည်း

Kindle Fire  6.3.1 ကို Root လုပ်ဖို့အတွက် မိမိဆီမှာ အင်တာနက်ရှိရမယ်။ Wifi နဲ့ပဲရပါမယ်။ နောက်ပိုင်း Version က 6.3.1 ဖြစ်ရပါမယ်။ ပြီးလျှင် မိမိကွန်ပျူတာတွင် အခြား ဖုန်း Driver များမထည့်ထားပါနှင့်။ ပြီးလျှင် မိမိ Kindle Fire သည် Version 6.3.1 ဖြစ်ရပါမည်။
  1. Root လုပ်ဖို့အတွက် အရင်ဆုံး ဒီနေရာလေး မှာ လိုအပ်တဲ့ Driver လေးကို Download လိုက်ပါ။ 
  2. ပြီးလျှင် မိမိကွန်ပျူတာတွင် Extra Here လုပ်လိုက်ပါ။ 
  3. အထဲတွင် Kindle Fire Utility Folder ကို တွေ့ပါမည်။ အဲထဲမှာ Install Driver.bat ကို ဖွင့်လိုက်ပါ။ Driver ကို Install စလုပ်ပါမယ်။ ခဏစောင့်လိုက်ပါ။
  4. ပြီးလျှင် run.bat File ကိုဖွင့်ပါ။ လိုအပ်သော ဖိုင်များကို သူ့ကသူ Download လုပ်နေပါမည်။ ခဏစောင့်လိုက်ပါ။ 
  5. ပြီးသွားလျှင် အပေါ်က ပုံအတိုင်း ပေါ်လာပါမယ်။ မပေါ်လာပါက မိမိစက်မှာ အခြား ဖုန်း Driver များ ထည့်ထားလို့ပါ။ အခြားဖုန်း Driver ကို ပြန် Uninstall လုပ်လိုက်ပါ။
  6. အပေါ်က ပုံအတိုင်း ပေါ်လာပြီဆိုလျှင် 2 ကိုရိုက်ပြီးတော့ Enter ခေါက်လိုက်ပါ။ 
အပေါ်က အဆင့်တွေ အားလုံးပြီးသွားပါက မိမိ Kindle Fire သည် Root လုပ်လို့ပြီးဆုံးသွားပါပြီ။ 
Kindle File 6.3.1 တွင် Myanmar Font သွင်းခြင်း 
မြန်မာဖောင့် သွင်းရန်အတွက် အောက်မှာ လိုအပ်တဲ့ ဖိုင်များကို Download ချလိုက်ပါ။
  1. Download ပြီးသွားပါက အပေါ်က Download ဆွဲထားတဲ့ဖိုင်အားလုံးကို မိမိ Kindle Fire မှာ Folder တစ်ခုထဲ ထည့်လိုက်ပါ။ပြီးလျှင် Root Explorer ကို Install လုပ်လိုက်ပါ။ Myan-Droid Keyboard ကိုလည်း Install လုပ်ပါ။
  2. ပြီးလျှင် Root Explorer ကို ဖွင့်လိုက်ပါ။ Superuser Requested ! လို့ မေးလာရင် Allow လုပ်ပေးပါ။ 
  3. ပြီးလျှင် SD Card ထဲကိုသွားပါ။ ခုနက Download ဆွဲထားတဲ့ Folder  နေရာကို သွားလိုက်ပါ။
  4. ပြီးလျှင် DroidsamFallback.ttf ဆိုတာကို ခဏဖိထားလိုက်ပါ။ ပြီးလျှင် Copy ရွေးပေးပါ။
  5. ပြီးလျှင် Parent Folder ကိုနှိပ်ပြီးပြန်ထွက်ပါ။ System ထဲကို သွားလိုက်ပါ။ ပြီးလျှင် Font ထဲဝင်လိုက်ပါ။
  6. အပေါ်ဆုံးက Mount R/W ကိုနှိပ်လိုက်ပါ။ Mount R/O ဖြစ်သွားပါမည်။
  7. ပြီးလျှင် Paste လုပ်လိုက်ပါ။ မြန်မာဖောင့် သွင်းခြင်း ပြီးဆုံးသွားပါပြီ။
Keyboard အတွက် Kindle Fire ရဲ့ Setting ထဲသွားပါ။ Language & Keyboard မှာ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးပါ။
ပြီလျှင် မိမိ Kindle Fire ကို Shut Down ချလိုက်ပါ။
ပြန်တက်လာလျှင် မိမိ Kindle Fire မှ office app or notepad တစ်ခုခု ပေါ်တွင် စာရိုက်ရန်နေရာတွင် ခပ်ကြာကြာလေးဖိလိုက်ပါ…Input method ပေါ်လာရင် နှိပ်လိုက်ပါ… Myan Droid Soft Keyboard ကိုရွေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပါပြီ။

3 comments:

  1. Kindle Font ဆိုတဲ့နာမည်နဲ့ ဖိုဒါအသစ်ဆောက်ပြီး သိမ်းလိုက်ပါတယ်.. အဲဒီဖိုဒါကို ရှာလို့မတွေ့ပါ..system ဆိုတာကိုလည်း ရှာလို့မရပါ..setting ထဲမှာ language & keyboard ဆိုတာကိုလည်း မတွေ့ပါ.. ကူညီပါဦးခင်ဗျာ.. Root မဖြစ်တာပဲလား မသိပါ.. Root လုပ်တုန်းက 2 ရိုက်ပြီး Enter ခေါက်လိုက်တဲ့အခါ ဒေါင်းလော့ successful လို့ပြပါတယ်.. အဆုံးမှာ waiting device လို့လဲ ပြပါတယ်.အဆင်ပြေမယ်ဆို ကူညီပေးစေလိုပါတယ်..

    ReplyDelete
  2. root explorer ထဲ ၀င် တဲ့ ချိန် root access တောင်းပါ မယ် မတောင်း ရင် root မဖြစ် သေး လို့ ပါ ။

    ReplyDelete
  3. version6.2.1 အတွက်ရရင်တင်ပေးပါနော် အကို ဒီနည်းက 6.2.1 အတွက် root မရလို့ပါ ကျေးဇူးပါအကို

    ReplyDelete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.