Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, November 19, 2012

Font changer မသုံး သင့် (အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်းလမ်း( )

Root လုပ် ပြီး မြန်မာ ဖောင့် ထည့် တဲ့ အချိန် မှာ ရွေး စရာ နည်း တွေ အများ ကြီး ရှိ ပါတယ် ။
TypeFresh ,  AndExplore , MMAS Font changer ,root explorer , Font changer .... စသဖြင့် ပေါ့ ။
အခု နောက် ပိုင်း MMAS Font Changer အသုံး များ ကြ တယ် ။သူ့ အားနည်း ချက် က ၂ ခု ပဲ ရှိ တယ်
 ၁။ တချို့ ဖုန်း တွေ မှာ china font ပျောက်တယ် ။
၂။ တခါ လေ ဖောင့် သွင်း ပြီး သား ကို ထပ် သွင်း ရင် software ကြောင်ပြီး စက် မတက် တော့ တာမျိုး ။
china font မသုံး ဘူး ဆိုရင် အဆင် ပြေ ပါတယ် ။သတိ ထားရ မှာ က ဖောင့် သွင်း ပြီးတာ နဲ့ အဲ့ apk ကို uninstall လုပ် လိုက် ပါ ။

နောက် ထပ် အသုံး များ တာ က Font changer.apk ပါ ။သူ ကတော့ တော်တော် များ များ ကို software ကြောင်ပြီး စက် မတက် တော့ တာမျိုး ဖြစ် စေ ပါတယ် ။
အဲ့ ကောင် တော့ လုံးဝ မသုံးသင့် ပါဘူး ။

ကျွှန်တော် အကြိုက် ဆုံး အကောင်းဆုံး စိတ်ချရ ဆုံး မြန်မာ ဖောင့် ထည့် နည်း ကတော့ Root Explorer
နဲ့ ထည့် တာပါ ။

၁။ တရုတ် ဖောင့် လဲ ရတယ် ။
၂။ အဲ့ ဟာ နဲ့ ထည့် လို့ ဖုန်း တစ် လုံး မှ ဘာ မှ မဖြစ် ဖူး သေး ဘူး ။

အားလုံး ကို လဲ အဲ့ နည်း နဲ့ သုံး ကြ ပါ လို့ တိုက် တွန်း ချင် ပါတယ် ။

ဖုန်းကိုRoot လုပ်ထားဖို့တော့လိုပါတယ်
update အနေ နဲ့ China Font မပျောက် တဲ့ Font နဲ့ ပြန် ရေးထား တာ ပါ ။

ပထမဆုံးအနေနဲ့ အောက်က package ကို ဒေါင်းပီး ဖုန်း SDcard ထဲကိုဖြည့်လိုက်ပါ
Click here to download 

Click here to download 

zip ဖြည်လိုက်ရင်တော့ Root Explorer (2.9.3).apk နှင့် DroidSansFallback.ttf နှစ်ခုရလာမှာပါ
DroidSansFallback.ttf ကတော့ zawgyi ဖောင့်ကို rename လုပ်ထားတာပါ ။
Root Explorer ကို သွင်းလိုက်ပါ ။ သွင်းပြီးရင်တော့ (root explorer ကို စဖွင့်ဖွင့်ချင်းမှာ root access ကို allow လုပ်မလားလာမေးပါလိမ့်မယ် allow ကိုရွေးပါ ဒါမှနောက်ပိုင်းတွေဆက်လုပ်လို့ရမှာပါ) Root explorer ကနေ download လုပ်ပြိးzipဖြည်ထားတဲ့ folder ထဲသွားပါ။ ရောက်ရင်တော့ DroidSansFallback.ttf ကို long click (ကြာကြာဖိ)ပြီး copy လုပ်ပါ ။
back ခလုပ် နဲ့ မထွက် နဲ့ အပေါ် ဆုံးမှာ ဖိုင်  အလွတ် ရှိ တယ် အဲ့ ဖိုင် ကို နိုပ်ပြီး ထွက် ပါ ။မဟုတ် ရင် copy ပျက် သွား ပါမယ် ။
ဒီထိပြီးရင်တော့ /system/fonts ထဲသွားပါ ။ ရောက်ရင်တော့ညာဖက် အပေါ် မှာ(Mount R/W ) ကိုနိုပ်ပါ

R/o ပြောင်း သွားရင် ရပါပြီ ။မပြောင်း ရင် Root Exploer က root access မရလို့ ပါ ။





menu နိုပ်ပါ အခုဆိုရင်တော့ Paste ကိုနိုပ်လို့ ရပါပြီ ။
နိုပ်လိုက်ရင် Warning ဆိုပီး ရှိပီးသားလို့ လာပြပါလိမ့်မယ် overwirte လိုက်ပါ Yes ကိုရွေးပါ ။
အခုဆိုရင် မြန်မာ ဖောင့် မြင်ရပီဖြစ်ပါတယ် ( တချို့ စက်တွေကတော့ စက်ကို ReBoot လုပ်ပြီးမှ အလုပ်လုပ်ပါတယ်)
keyborad သွင်းဖို့ အတွက်ကတော့ အောက်ကလင့်မှာ keyboard ကို အရင်ဒေါင်းပါ
MyanDroid Soft Keyborad
FrozenKeyboard

ဒေါင်းပြိးတော့ install လုပ်လိုက်ပါ ။
install ပြီးရင်တော့  Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard or FrozenKeyboard  ကို select (အမှန်ခြစ်) ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာMyDroid Soft Keyboard or FrozenKeyboard  ကို ရွေးလိုက်ပါ။
အခုဆိုရင်တော့ အားလုံးသုံးလို့ ရပါပြီ။။
ကြိုက်တာ သုံး လို့ရအောင် နှစ် မျိုးထည့် ပေးထားပါတယ် ကျွှန်တော် တော့ FrozenKeyboard ပိုကြိုက် ပါတယ် ။
အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ..


18 comments:

  1. အစ်ကို permission ပေးစရာလိုသေးလားခင်ဗျ..

    ReplyDelete
    Replies
    1. ၀င်ဝင် ချင်း root access တောင်းတာ ပဲ ပေးရပါမယ် ။ကျန် တာ မလိုပါဘူး ။

      Delete
    2. ဖြေပေးတဲ့အတွက် ကျေးဇူးပါအစ်ကို..

      Delete
  2. ကျနော့် samsung tab 2 10.1 /model no GT-P5110 ကိုအဲဒီအတိုင်း MM ဖောင့်သွင်းလိုက်တာ တရုတ်စာတွေပျောက်ကုန်လို့ အကိုရေ။။ကူညီပါဦးဗျာ

    ReplyDelete
  3. root exploer နဲ့ သွင်း တဲ့ နည်း ကို တ်ာတော် များများ စမ်းပြီး ပါပြီ ။မပျောက် ပါ ဘူး ။font မှား လို့ ဖြစ် ပါ မယ် ။font က 3.7 Mb ဆိုဒ် ရှိ ပါတယ် ။ တခြား က ဒေါင်း ထား တာ နဲ့ ဆို မရ ပါ ဘူး သေ ချာ ပြန် စမ်းပါ ။

    ReplyDelete
  4. စမ်းပြီးပြီအကိုရ၊ FACTORY RESET လဲချပြီးပြီ။တရုတ်စာပြန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ အကို။ကူညီပါဦးဗျာ။

    ReplyDelete
  5. တစ်ခုခု ညှိနေလို့နေ မှာ ပါ ။firmware ပြန်ရေးလိုက်ပါ

    ReplyDelete
  6. အဲဒါဘယ်လိုရေးရမှာလဲ အကိုရ။ပြောပြပေးပါဦး

    ReplyDelete
  7. အစ်ကိုရေ ကော်ပီ မပေးလို့ဗျလုပ်ပါဦး sd card က r/w ဗျ system ထဲရောက်သွားပြီးရင် r/o ပြောင်းသွားရော သူ့ကိုကြည့်လို့ပဲရမယ်လို့ပြောပါတယ် အစ်ကိုပြောသလို r/o & r/w ချိန်းဖို့နေရာလည်း G510 huawei မှာမတွေ့လို့ပါ

    ReplyDelete
  8. ၀င်ဝင် ခြင်း root access တောင်းလား မတောင်း ရင် root မရ သေးလို့ ပါ ။

    ReplyDelete
  9. Sony xperia P lt22i ပါ မြန်မာဖောင့်သွင်းလိုက်တာ select languageနေရာက ဂျပန်နဲ့ တရုတ်စာတွေက အတုံးတွေဖြစ်ကုန်ပါတယ် ဆိုင်ကိုပြန်ပြောတော့မြန်မာဖောင့်ကိုပြန်ဖြုတ်မှရမယ်တဲ့ japan chine seက သုံးနေတာဆိုတော့မရှိလို့ မရပါဘူး အကြံပေးပါအုန်း ဆိုင်ကနေ ကီးဘုတ်ကို နားလည်မှု့လွဲပြီးဂျပန် နဲ့ တရုတ်ကီးဘုတ်ကိုထပ်ထည့်ပေးလိုက်ပါတယ် စာမရိုက်ရတာ ပြသနာမဟုတ်ပါဘူး ဖတ်လို့ မရတာက ပြသနာပါ

    ReplyDelete
    Replies
    1. sony xperia p lt22i 6.1.1.b.1.54 ပါ rootလုပ်နည်းလေးသိချင်ပါတယ် root ကြည်လိုက်တာလဲ အတော့်ကို စုံနေပီ.........

      Delete
  10. အကို ရေ xperia p lt22i 6.1.1.b.1.54 ပါ root ချင်လို့ပါ

    ReplyDelete
  11. Root Explorer နဲ့ လုံးဝအဆင်မပြေတဲ့ error ရှိတတ်လား အကို....ကျနော် c 8600 က လုံးဝ သွင်းမရလို့ပါ......

    ReplyDelete
  12. မရှိပါဘူး ။ခုတင် ပေး ထားတဲ့ root explorer သွင်းမရရင် တခြား ဗားရှင်း သွင်း ကြည့် ပါ ။

    ReplyDelete
  13. အကိုရေ အားလုံးတော့ပြေမယ် ထင်တယ် ကျနော်က iQ5 တလုံးဝယ်ပြီး ကိုယ့်ဘာသာကိုထည့်ကြည့်တာ ပြေဘူးဗျ ဘယ်လိုဖြစ်လဲဆိုတော့ ဇော်ဂျီအမည်ဆိုတဲ့ဖိုင်ကို ကော်ပီ ကူးပြီ မယ်နူး ထဲမှာ ပေ့(စ်)ရမယ်ဆိုတာကို လုံးနားမလည်ဘူးအကိုရေ အခုတော့ ကျနော် ဖုံး RO လဲရပြီ ကီးဘုတ်လဲတွေ့နေရပြီ
    စာရိုက်ရင်မမြင်ဘူး ဖြစ်နေတယ် ဘယ်လိုလုပ်ရမလဲအကို ပြောပြပါဦးအကို










    ReplyDelete
    Replies
    1. ဒီမှာ ရေးထား တဲ့ အတိုင်း သေချာ ဖတ်လုပ် ပါ ။ ခင်ဗျား ပြော တာ တွေ ဒီမှာ မရေးထားပါဘူး ။ ဘာ ဇော်ဂျီ မှ မကူး ခိုင်းပါဘူး ။droidsanfallback ပါ ။ မီနုးထဲ လဲ မကူးခိုင်း ပါဘူး ။ system အောက် က font ထဲ ကူး ပါ ။ တကယ် လို့ ဒီလောက် ရှင်းရှင်းလေး ရေး ထား တာ နား မလည် ရင် ဆိုင် မှာ သွား ထည့် လိုက်ပါ ။

      Delete
  14. ကျေးဇူးတင်ပါတယ်အကို ကျနော် ကိုတော့ခွင့်လွတ်ပါ ကျနော်က ပြည်တွင်းမှာမဟုတ်လို့ပါအကို ဆိုင်ဆိုတာကလဲ ထိုင်းတွင်းတောတွင်းတနေရာမှာဆိုတော့ အခက်အခဲကြောင့်ပါအကို အခု ပြောပြတဲ့အတွက် တသက်စာမေ့မရအောင်ပါပဲ

    ReplyDelete

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.