Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, December 4, 2012

၁၅ လုံးသာ ထုတ်သော ရွှေဖြင့်လုပ်သည့် Sony Xperia P



Sony Xperia P ကို ၂၀၁၂ ခုနှစ် ဇွန်လက စတင်ဖြန့်ချိပြီး ကမ္ဘာ့ရောင်း အား ကောင်းဖုန်းစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ ဈေးနှုန်း အားဖြင့် မြန်မာပြည် မှာ မြန်မာကျပ်ငွေ ၂သိန်းခွဲနီးပါး လက်ရှိ ပေါက်ဈေးရှိနေတဲ့ ဖုန်း ဖြစ်ပါ တယ်။ သို့ပေမယ့် ပုံမှာ ဖော်ပြထားတဲ့ ရွှေဗားရှင်း Xperia P ကတောင် သိန်းပေါင်း ထောင်ချီ ပေါက်ဈေးရှိမှာ ဖြစ်ပါတယ်။

Sony မှ Limited Edition အနေနဲ့ ၁၅ လုံးသား ထုတ်လုပ်ပြီး 24K gold Sony Xperia P  လို့အမည်ပေးထားပါတယ်။ 24K အဆင့် သန့်စင်ထား တဲ့ ရွှေနဲ့ အလွှာထပ်ပေးထားတဲ့ ဖုန်း ဖြစ်ပါတယ်။ ၄ လက်မ Display သာချိန်လို့ ကျန်တဲ့အစိတ်အပိုင်းတော်တော်များများကို ရွှေနဲ့ ဖုံးပေးထား မှာ ဖြစ်ပါတယ်။

Android 2.3 မဟုတ်တော့ပဲ Ice Cream Sandwich နဲ့ ထွက်ရှိမှာ ဖြစ် ပါတယ်။

Dimensions     : 122 x 59.5 x 10.5 mm
Operating system : Ice Cream Sandwich

CPU                       : 1 GHz dual core STE NovaThor U8500
GPU                       : Mali 400

Memory                : 1GB
Storage                : 16GB (13GB Available)

Removable storage :    Not available
Battery                : 1305mAH

Data inputs       : Touch, Accelerometer
Display                : 4 inch qHD (960x540 pixels) (275 ppi)

Rear camera      : 8 MP, Auto-focus, LED flash, 3D Sweep Panorama, face and smile detection and geo-tagging, FullHD 1080p video recording at 30 FPS

Front camera       : VGA
Connectivity      : Bluetooth 2.1+EDR and A2DP, wifi-802.11 b/g/n, usb 2.0, NFC(near field communication)

ရွှေနဲ့ ကာဗာဖုံးလိုက်တာက လွဲလို့ ကျန်တာ ဘာမှ မပြောင်းလဲပါဘူး။ အလေးချိန် ကတော့ ပိုပေါ့သွားမှာ ဖြစ်ပါတယ်။ GSM ဖုန်းပဲ ဖြစ်ပါ တယ်။ ဒီတော့ Sony ခရေဇီ သူဌေများ အပြိုင်အဆိုင် လုဝယ်မယ့် ဖုန်းလည်း ဖ်ြစပါတယ်။  ဈေးနှုန်းကို ကြေညာထားခြင်း မရှိသေးပဲ မကြာမီ ကာလအတွင်း ဖြန့်ချိမှာ ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: SonyMobile

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.