Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, February 23, 2013

မိုဘိုင်းဖုန်းနှင် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ




ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။


အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီအားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ်ကုန်သွားလို့ စိတ်ညစ်ရတာမျိုးကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

ဖုန်းရဲ့  လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ်လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့  နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။
--
Ref: wiki
Aung Kham (TSJ team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.