Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, February 25, 2013

iPhone Unlocking ဆိုသည်မှာ

iPhone Unlocking ဆိုသည်မှာ....


iPhone Unlocking 
ဆိုသည်မှာ မိမိ iPhone ကို နေရာ ဒေသ နိုင်ငံအလိုက် မည်သည့် ဆက်သွယ်ရေး နည်းပညာနှင့် မဆို အံဝင်ခွင်ကျ အသုံးပြုနိုင်ရန် ဖုန်းတွင်ပါရှိသော မိုဒန်မှ SIM ကာဒ်၏ ကန့် သတ်ချက်များကို ဖယ်ရှားပေးခြင်းဖြစ်သည်။
Unlock မှာ နှစ်မျိုး နှစ်စားရှိပါတယ်.....
(i) Software unlock
(ii)Hardware unlock

Software နှင့် unlock လုပ်ခြင်းက ဖုန်းအတွက်ပိုပြီး safe ဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ Hardware unlock လုပ်သလို ဖုန်း(device) ကို အပြင်ပန်း အမှန်တစ်ကယ် မွမ်းမံပြင်ဆင်ခြင်း မရှိတာကြောင့် တစ်စုံတစ်ခု ဖြစ်ခဲ့လျှင်...

အချိန်မရွေး Fectory setting ကို ပြန်ပြောင်းပေးနိုင်တဲ့ အတွက်ကြောင့်ပါ။ Soft unlock များကို များသောအားဖြင့် နိုင်ငံတစ်ကာ iPhone Hackers များ အဖွဲ့ ဖြစ်တဲ့ Dev Team က အခမဲ့အနေနဲ့ ပြုလုပ်နေပါတယ်...

Hardware unlocking ကတော့ ပိုက်ဆံပိုမိုကုန်ကျမှုနဲ့  အခြားရှုပ်ရှုပ်ထွေးထွေး ပြုလုပ်ရမယ့် အပိုင်းတွေရှိနေတာကြောင့် Risk ပိုများပါတယ်....

Unlocking ဟာ တရားဝင်ပါသလား.....?
Wikipedia ရဲ့ အဆိုအရတော့ ဖုန်းတစ်လုံးကို ခွင့်ပြုချက်မရပဲ unlock လုပ်တာ (သို့ ) Provider ရဲ့  code တွေကို unlock လုပ်တာဟာ ဥပဒေကို ချိုးဖောက်တာပါပဲ သို့ ပေမယ့် နိုင်ငံတော်တော်များများမှာ SIM locks ကို unlock ပြုလုပ်ခြင်းနှင့် ပက်သက်လို့  တိတိကျကျ ပြဌါန်းထားတဲ့ ဥပဒေတွေ မရှိကြပါဘူး....

Why Unlock Your iPhone....?
ဘာဖြစ်လို့ များ iPhone ကို unlock လုပ်ကြတာလဲ....?
အဓိက အကြောင်းရင်းကတော့ ရှင်းပါတယ်... မည်သည့် နိုင်ငံ မည်သည့် Service Provider နဲ့ မဆို သင့် iPhone အလုပ်လုပ်နိုင်ရန် ဖြစ်ပါတယ် နောက်တစ်ခုကတော့ unlock iPhone ကို ပြန်ရောင်းရင်တောင်မှ ဈေးကောင်းရနိုင်ပါတယ်....

iPhone ကို ဘယ်လို Unlock လုပ်ကြမလဲ...?
သင့် iPhone ကို unlock လုပ်ရန် အတွက် ပထမဦးစွာ သင့် iPhone သည် jailbreak ဖြစ်ရန် လိုပါတယ်...ပြီးတဲ့နောက်မှာ computer မှတစ်ဆင့် (သို့ ) iPhone မှတိုက်ရိုက်ဖြစ်စေ unlock ပြုလုပ်နိုင်ပါတယ်...

Unlock လုပ်ကြရအောင်...
၁) သင့် iPhone သည် Jailbroken ဖြစ်နေရပါမယ်။
၂) Cydia ကိုသွားပါ --> Search ထဲတွင် --> "ultrasnow" ကိုရှာပါ။
အကယ်၍ ရှာမတွေ့ ခဲ့လျှင် Cydia --> Manage --> repo666.ultrasn0w.com ကို Add လုပ်နိုင်ပါတယ်။
၃) UltraSnow ကို Install လုပ်ပါ။
၎) iPhone ကို Reboot လုပ်ပေးပါ။
၅) ဒါဆိုရင် Unlock လုပ်ခြင်းပြီးဆုံးသွားပါပြီ။

စာကြွင်း။ ။ ကျွန်တော်ရဲ့  Post လေးတွေကို အစဉ်ဖတ်ရှုနေသော Reader တစ်ဦးက မေးထားတာတွေကို ကြိုးစားပြီး ရှာဖွေ တင်ပြထားတာပါ Reader များအားလုံးကို အစဉ်လေးစားလျှက်....
From
မိုးသိကြား

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.