Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, April 20, 2013

***Game တစ်ခုလုံးကို iOS Device တစ်ခုကနေအခြားi Device ကို Transfer လုပ်နည်း***

facebook က နေ ဝေမျှ ပေး တဲ့ ဝဏ္ဏ သိင်္ခ ကိုကျေးဇူးတင်ပါတယ်။

ကျနော်တစ်နေ့ကကျနော့် iPhone မှာ Cydia ပျက်သွားတာနဲ့ iOS ကကြောင်တောင်တောင်ဖြစ်သွားတယ်..ဒါနဲ့ iOS Update မဖြစ်မနေ
လုပ်ဖို့ အခြေအနေတစ်ခုပေါ်လာတယ်..ဒါနဲ့ Smurf Game ကလဲ Level 41 ရောက်အောင်ဆော့ထားတာဆိုတော့အတော်စဉ်းစားရကြပ်
သွားတယ်..ဒါနဲ့ အင်တာနက်ကရှာကြည့်တော့ ဖြစ်နိုင်တဲ့နည်းလေးကိုစဉ်းစားမိတယ်.. ရှာတွေ့ တာက iFile တင်ထားတဲ့ iDevice က
သူရဲ့ System File ဆီကို iFile ကတစ်ဆင့်သွားလို့ရတယ်ဆိုတာပါပဲ ကျနော့် Error တက်သွားတဲ့iOS Device ရဲ့ Version က 5.1.1
ပါ… iOS ရဲ့ တင်လိုက်သမျှApplication တွေအကုန်က var/mobile/application ထဲမှာသိမ်းထားတာပဲဖြစ်ပါတယ်…Game တစ်ခုကို
Folderတစ်ခုနဲ့ သိမ်းထားတာတွေ့ ရပါလိမ့်မယ်..ဘယ် Folder ကဘယ်ဂိမ်းလဲဆိုတာကိုသိချင်ရင်တော့ iFun Box ကိုသုံးပြီးတော့
ကျနော်ပြောတဲ့ Location ကိုသွားပြီးတော့ ကိုယ်သိမ်းချင်တဲ့ App (သို့မဟုတ်)Game ကိုPC ပေါ်အရင် Back Up လုပ်ဖို့လိုပါတယ်.
ဒါကတော့နိဒါန်းပါ..အောက်မှာလုပ်ပုံအဆင့်ဆင့်နဲ့ လိုအပ်တဲ့ File တွေညွန်းပါမယ်..

၁။ ။ သင့်ရဲ့ iOS က Jailbroken ဖြစ်နေဖို့လိုပါတယ်
၂။ ။ iFile လိုပါမယ် (Cydia ကိုသွား iPhoneဆို Manage ထဲက Source ကိုသွား Edit ကိုနှိပ် ပြီးရင် Add ပေါ်လာပါမယ် အဲဒီAdd ကိုနှိပ်
Boxတစ်ခုကြလာမယ် http://apt.thebigboss.org/repofiles/cydia ကိုAdd ပါ..ပြီးရင် Search Box ကနေ iFile ကိုဝင်ပြီး Install လုပ်
လိုက်ပါ... iPad အတွက်ဆိုရင် Cydia သွား ပြီးရင် Source ဆိုတာကိုဝင် Editနှိပ် Add ပေါ် Addကိုနှိပ် အပေါ်က Link ကိုပဲAddလိုက်ပါ
Add ပြီးလို့ OK နှိပ်ပြီး… ဘောက်တစ်ခုကြလာပါလိမ့်မယ်.. Add Anyway သာနှိပ်လိုက်ပါ..
၃။ ။ iFunbox လိုပါမယ် (ဒီကဆွဲ http://www.mediafire.com/?8af0yo24825z12f )
၎။ ။Game Backup လုပ်ဖို့ Computer မှာ Free Spaceအနည်းငယ်လိုပါမယ်..
၅။ ။iFile သွင်းဖို့ အင်တာနက်လိုပါမယ်..

အရင်ဆုံး iFile ကိုသွင်းထားပါ…ပြီးရင်ကွန်ပျူတာနဲ့ မိတ်ဆွေရဲ့ iDevice ကိုချိတ်လိုက်ပါ…လက်ရှိကိုယ့်ရဲ့စက်ထဲမှာရှိတဲ့
ကိုယ်Backup လုပ်ချင်တဲ့ Game ရဲ့ Version ကိုကြည့်ထားပါ…အရေးကြီးပါတယ်.. Version မတူရင်မရပါဘူး..Versionဆိုတာ
iOS Version မဟုတ်ပါဘူးသေချာအောင်ပြောတာပါ.. Gameရဲ့ Versionပါ.. ကိုယ်Backup လုပ်မယ့်Game နဲ့ Version တူ
Game ကိုလဲ Downloadဆွဲထားဖို့လိုပါမယ်.. download.pandaapp.com မှာစုံပါတယ်.. ဒါတွေလုပ်ပြီးရင် iFunbox ကိုဖွင့်လိုက်ပါ
ပြီးရင် ကိုယ့်ရဲ့ iOS Device နာမည်ပေါ်နေပါလိမ့်မယ်..မပေါ်ရင်ကြိုးဖြုတ်ပြီးပြန်တတ်ပါပေါ်လာပါလိမ့်မယ်..
ပြီးရင် အဲဒီ ကိုယ့် iOS Device ရဲ့နာမည်ပေါ်နှိပ်ပါ…ဘေးကဘောက်ထဲမှာ General Storage တို့ App Share တို့ပေါ်လာပါလိမ့်မယ်
အဲဒီထဲက Raw Filesystem ကိုဝင်လိုက်ပါ အဲ့ဒီထဲကနေ var/mobile/application အောက်ကိုရောက်အောင်သွားပါ…
ပြီးရင် Game App တွေပုံနဲ့တကွပြပါလိမ့်မယ် ကိုယ့်Backup လုပ်ချင်တဲ့Game ပေါ်မှာ Right Click နှိပ်ပါCopy To PC ကိုနှိပ်ပြီး
Location ရွေးပြီးသိမ်းလိုက်ပါ..သေချာလုပ်ပါ…မမှားပါစေနဲ့ မှားပြီးဖျက်မိတာတို့သေချာမသိမ်းမိတာတို့ဆိုရင်တော့ကယ်လို့မရတော့
ပါဘူး…သိမ်းပြီးပြီဆိုရင် ကိုယ်သိမ်းလိုက်တဲ့ Folder ကိုဖွင့်ကြည့်ပါ…Document ဆိုတဲ့ Folderရယ် Library ဆိုတဲ့ Folder ရယ်
Game Logo နှစ်ခုရယ် Tmp Folder ရယ်တွေ့ ရပါလိမ့်မယ်..အဲ့ဒီထဲက Document Folder ကအရေးကြီးဆုံးပါ…Game ဆယ်ခု
လုံးBackup လုပ်ချင်ရင်ဆယ်ခုလုံး Backup လုပ်ထားပါ..အားလုံးပြီးပြီဆိုရင်တာ့…စိတ်ချလက်ချ iOS Update လုပ်လို့ရပါပြီ…

သေချာစမ်းပြီးသားပါ…

Game Update လုပ်ပြီးပြီးဆိုရင်… Jailbreak ပြန်လာပါ..ပြီးရင် iFile ကို Install ပြန်လုပ်ပါ..
ပြီးရင်ခုနကဆွဲထားတဲ့ Version တူ Game ကိုပြန်တင်ပါ..ပြီးရင် အဲဒီ Game ကိုဖွင့်ပြီးပြန်ပိတ်ပါ..အပြီးပိတ်ပါ. Process မကျန်ပါစေနဲ့
အားလုံးပြီးပြီဆိုရင်တော့ iFunbox ကိုဖွင့်ပါ..ခုနကအတိုင်း Application ထဲရောက်အောင်ပြန်သွားပါ..ပြီးရင် ကိုယ်ခုနကထည့်တဲ့
Game icon ကိုနှိပ်ပြီးသူ့ထဲရောက်အောင်ဝင်လိုက်ပါ…ခုနက Desktop ပေါ်မှာသိမ်းထားတဲ့အတိုင်း Document Folder Tmp Folder
Library Folder ကိုတွေ့ပါလိမ့်မယ်..ပြီးရင် ကိုယ် Backup လုပ်ထားတဲ့ Folder ထဲသွားပါ…အဲ့ဒီထဲကကိုယ်သွင်းထားတဲ့ Game Folder
ထဲက Document Folder ကို Copy လုပ်ပြီး ခုနကဖွင့်ထားတဲ့ iFunbox မှာပေါ်နေတဲ့ Document Folder နေရာကို Paste လုပ်လိုက်ပါ
Overwrite တောင်းလဲ Overwrite လုပ်လိုက်ပါ..ပြီးရင်ပြန်ပိတ်ပါ..ဂိမ်းကိုဖွင့်ကြည့်ပါ..အရင်ဆော့ထားတဲ့ Level အတိုင်းပြန်တွေ့ ရပါလိမ့်
မယ်…အဲဒီနည်းအတိုင်း Version တူဂိမ်းကို iPad ထဲ Install လုပ်ပြီး အထက်ပါနည်းအတိုင်းလုပ်လိုက်ပါက iPad ထဲတွင်လဲမိမိအရင်
ဆော့ထားတဲ့ Level အတိုင်းတွေ့ ရပါလိမ့်မယ်… ပြီးပါပြီ အားလုံးပြုံးပျော်နိုင်ကြပါစေ…

ရေးသားသူ ဝဏ္ဏ သိင်္ခ (Nice IT & Mobile Solution)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.