Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, May 12, 2013

စမတ်ဖုန်းသုံးရင်း ကလေးမွေးမယ်


ဗိုက်ဆာတိုင်း ထငိုပါတယ်။ တစ်ခါခါ ညဘက် ကိုယ်အိပ်ပျော်နေချိန်တောင် ရုတ်တရက်ငိုသံ ကြားရတတ်ပါတယ်။


ကြည့်လိုက်တော့ သူ့ခမျာ ဗိုက်ဆာနေတာ တွေ့ရပါမယ်။ ကလေးတစ် ယောက်ကို အာဟာရ ဝဝလင်လင်ကျွေးထားဖို့ဆိုတာ မလွယ်ဘူးလေ။ စားစရာ တွေ များပေမယ့် သူ့အခြေခံလိုအပ်တဲ့ အာဟာရနဲ့ လျော်ညီတဲ့ အစားအစာလည်း ကျွေးဖိုလို့ပါသေးတယ်။ ငှက်ပျောသီး၊ ပန်းသီး၊ နွားနို့၊ ဆန်ပြုတ် အစရှိသဖြင့် ကျွေးမွေးထားရင် ကလေး အာဟာရ မပြတ်နိုင်ပါဘူး။

၂၄ နာရီအတွင်း ဘာမှမကျွေးပဲထားရင်တော့ ကလေးငိုတော့မှာပါ။ ဒီတော့ ကလေး တစ်ယောက်မွေးပြီဆို သူ့အတွက် အဝတ်အစား၊ အိပ်ယာခင်း၊ ကစားစရာ အရုပ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု အစရှိသဖြင့် လိုက်လံ ဂရုစိုက် ပေးရမှာ ဖြစ်ပါတယ်။ စမတ်ဖုန်း သုံးသူတိုင်း မွေးလို့ရပါတယ်။ တစ်ရက်တည်းနဲ့ တစ်ခန်းပြီး တစ်ခန်း ဆော့ရမယ့် ဂိမ်းမျိုး၊ အက်ရှင်၊ စွန့်စားခန်း ဂိမ်းမျိုး မဟုတ်ပါဘူး။ တစ်ရက်တစ်ရက်နဲ့ လကြာ၊ နှစ်ကြာ ဆော့ယူရမယ့် ရဂိမ်း ဖြစ်ပါတယ်။ အပန်းလည်း မကြီးပါဘူး။ ကိုယ်က ကလေးတစ်ယောက် မွေးထားတယ် ဆိုတဲ့ စိတ်လေးနဲ့ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဖုန်း နဲ့ စိတ်နဲ့ ကိုယ်နဲ့ အမြဲကပ်နေမယ်လို့ ထင်တာပါပဲ။

Baby Adopter အမည်ရတဲ့ ဂိမ်းဖြစ်ပြီး Android အတွက်ရော၊ iOS အတွက်ရော ထုတ်လုပ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ တစ်ယောက်တည်းသမား များ သို့မဟုတ် ကလေးချစ်တတ်သူများအနေနဲ့ ယင်းဆော့ဖ်ဝဲကို နီးစပ်ရာ ဆိုင်များမှာ သွင်းယူနိုင်ပါတယ်။ တော်တော်များများလည်း ဆော့နေပြီမို့ သူငယ်ချင်းမိတ်ဆွေတွေဆီကနေလည်း ရယူနိုင်ပါတယ်။

Android apk ကိုအောက်ပါလခ့်မှာ ဒေါင်းလုခ်ဆွဲ ရယူနိုင်ပါတယ်။

http://apps.store.aptoide.com/app/market/com.x2line.android.babyadopter.lite/90/602564/Baby%20Adopter%C2%AE
Aung Kham (TSJ team)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.