Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, May 25, 2013

HD movies တွေ FREE ကြည့်ရအောင်


iPhone, iPad, iPodTouch များမှ နေ၍ HD quality ရုပ်ရှင်များကို လွယ်လွယ်ကူကူ FREE ကြည့်ရှုနိုင်မယ့် App လေး တစ်ခု ဝေမျှပေးလိုက်ပါတယ်။
ရေးပေးဖို့  ရည်ရွယ်ထားတာ ကြာနေပေမယ့် အခက်မခဲလေး တစ်ချို့ ကြောင့် အခုမှပဲ ရေးပေးနိုင်ပါတော့တယ်..

"HDmovies" လို့  အမည်ရတဲ့ App က Apple Store မှာတင်ရောင်းတဲ့ App မဟုတ်လို့  မည်သည့် App Store မှာမှ ရှာတွေ့ နိုင်မှာ မဟုတ်ပါဘူး။ PPstream, Funshion တို့ ထက် ကောင်းမွန်ပြီး ရုပ်ရှင်ဇာတ်ကား အများစုဟာ HD quality နဲ့  ကြည့်ရှုနိုင်ပါတယ်။ Streaming video ဖြစ်လို့  တစ်ခါထဲ အပြီးတိုင် တိုက်ရိုက်ကြည့်ရှုပါက ပိုမိုအဆင်ပြေပြီး connection သိပ်ကောင်းပါက လိုတဲ့နေရာကို ရွေ့ ပြီး ကျော်ကြည့်နိုင်ပါတယ်။

ပုံမှန် 3G ၏ internet connection နဲ့ တင် ကြည့်ရှုနိုင်ပါတယ်။ ဒီ App လေးကို Installous, Vshare တို့ ကဲ့သို့  သီခြား တည်ထောင်ထားသော ဗီယမ်နန် AppStore တစ်ခုမှ ရရှိတာဖြစ်ပါတယ်။
iOS နှင့် Android နှစ်မျိုးလုံးအတွက်ပါ "Free" ပေးထားပါတယ်။

iDevice မှ တိုက်ရိုက်သွားပါက သူ၏ Site App ကို Download လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ မူရင်း Site ထဲမှာလည်း movies များကို ကြည့်နိုင်ရန် လုပ်ပေးထားသော်လည်း ၅ မိနစ်အထိသာ Free ကြည့်ခွင့် ရပြီး ဆက်လက်ကြည့်လိုပါက Point ဝယ်ယူရမှာ ဖြစ်ပါတယ်။
ယခု ဝေမျှလိုက်သော "HDmovies" App အပါအဝင် အခြား App တော်တော်များများကို "FREE" ပေးထားပေမယ့် download လုပ်လိုပါက Member အဖြစ် Sign Up လုပ်ရန်လိုအပ်ပါတာ်။ အားလုံးကို ဗီယမ်နန်ဘာသာ နှင့်သာ ဖော်ပြထားပြီး ကြားထဲတွင်လည်း ကဂျီကဂျောင် လက်ပေါက်ကပ်သော အဆင့်များခုခံထားတဲ့ အတွက် Free ဆိုသော်လည်း App များ download လုပ်ရန် အဆင်မပြေပါ။
စူးစမ်းလိုသူများအတွက် မူရင်း Site ကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်။

** Jailbreak လုပ်ထားသော iDevice များအတွက်သာ **

>>Download HDmovies For iOS

Install လုပ်နည်းများ

နည်းလမ်း (၁)
iTunes အသုံးပြုသူများ File ->Add File to Library နှင့် ထည့်ပြီး Sync လုပ်ပါ။

နည်းလမ်း (၂)
iFunBox အသုံးပြုသူများ iFunBox Classic -> Install App နှင့် ထည့်သွင်းပါ။

နည်းလမ်း (၃)
iDevice မှ တိုက်ရိုက် Download Install လုပ်သူများ အတွက် "Vshare" နှင့် "iFile" ရှိထားရန်လိုအပ်ပါသည်။
Install လုပ်ရန် အောက်ပါပုံများ အတိုင်း ဆောင်ရွက်ပါ။





အသုံးပြုနည်း

App စတက်လာသောအခါ Update လုပ်ရန် ပြောလာပါမည် "Cancel" သာ နှိပ်ပါ။

မိမိကြည့်လို သော movie ကို နှိပ်ပြီး မြှားပြထားသော "001" နေရာကို နှိပ်ပါ။

စိတ်ကြိုက် ကြည့်ရှုနိုင်ပါပြီ...



Video တွင် လက်တွေ့ လေ့လာရန်



ဒီဗွီဒီယိုမှာ စကားမှားထားတာလေးတွေကို Video ရဲ့  Description မှာ ပြန်ပြင် ရေးပေးထားပါတယ်...


မူရင်း Site သို့  >>


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ်

မိုးသိကြား

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.