Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Thursday, July 4, 2013

Pattern Lock နှင့် Password Lock နှင့် SIM Lock(Pin Lock) တို့ ရဲ့ သိကောင်း စရာ များ ၊ဖြည်နည်း များ ၊ ဆောင်၇န် ရှောင် ရန် များ

Mobile House မှ မန်ဘာ များ အတွက် Pattern Lock နှင့် Password Lock နှင့် SIM Lock(Pin Lock) တို့ ရဲ့ သိကောင်း စရာ များ ၊ဖြည်နည်း များ ၊ ဆောင်၇န် ရှောင် ရန် များ ကို ပြောပြ ပေးပါမယ် ။

ခု ချိန် မှာ Android ဖုန်း တွေ အရမ်း ခေတ် စား နေ တော့  Android သုံး တဲ့ သူ တွေ အများ စု က လဲ ဖုန်း ကို လုံခြုံ ရေး အနေ နဲ့ Pattern Lock သို့ မဟုတ် Password Lock ချ ကြပါတယ် ။
အဲ့ Pattern Lock နှင့် Password Lock က မသိ ပဲ လျောက် လုပ် နေ မှာ ဆိုး လို့ သတ်မှတ် တဲ့  အခေါက် ရေ ကျော် သွား ရင် Gmail အကောင့် တောင်းပါတယ် ။ဒါပေ မယ့် အကောင့် ထည့် ဖို့ အတွက် ကလည်း wifi လိုအပ် ပါတယ် ။အဲ့ အတွက် wifi ဆိုတာ က လဲ ချိတ် မိ နေ ဖို့ အခွင့် ရေးနည်း ပါတယ်။
အဲ့ တော့  ဘယ် နည်း တွေ နဲ့ ဖြည် လို့ ရမလဲ ....

1. system ပိုင်း ထဲ ၀င်ပြီး gesture pattern or password ဖျက်မယ် ။ အဲ့ အတွက် Root လိုအပ် ပြီး screen lock ကို ကျော်ဝင် နိုင်ရပါမယ်။ Debugging Mode on ထား ဖို့ လဲ လိုအပ် ပါမယ်။
2. ခုနောက် ပိုင်း China Tool နှင့် bat နဲ့ ရေးထား တဲ့ Tool တွေ ထွက် လာပါတယ် ။အဲ့ ကောင်တွေ အသုံး ပြု မယ်ဆို လဲ Root Access နှင့် Debugging on ထား ဖို့ လိုအပ် မှာ ဖြစ်ပါတယ် ။ကွန်ပြူ တာ က နေ လုပ်ဆောင်မှာ ဖြစ်ပါတယ် ။
3. Debugging mode ကို မဖွင့် ထား ခဲ့ ဘူး ဆို ရင် တော့  ပထမ အဆင့် အနေ နဲ့ Hardreset ချ ပါမယ်။
4. Hardreset ချဖို့ အတွက် Recovery mode လိုအပ် ပါတယ်။Recovery Mode ခေါ် ဆို လို့ မရ တဲ့ ဖုန်း တွေ ဆို ရင် တော့ နောက် တစ်ဆင့် အနေ နဲ့ ဆော့ဝ် ရေး ပါမယ် ။ 3 နဲ့ 4 နည်း က တော့ ဖုန်း ထဲ ရှိ ဒေတာ များ ph book များ ကို ပျက်စေ မှာ ဖြစ်ပါတယ် ။
ကျွှမ်းကျင် တဲ့ ဖုန်းပြင် ဆိုင် တွေ ၊ Pro တွေ အနေနဲ့ တော့ ဒီထက် မက တဲ့ နည်းတွေ ရှိပါတယ် ။ 

SIM card Lock ဖြစ် တဲ့ Pin Lock ကို တော့ မချ ကြ ပါနဲ့ ။Pin Lock က ၉ ခါပဲ အမှား ခံပါတယ် ။၉ ခါပြည့် ရင် SIM card ပျက် သွား မှာ ဖြစ်ပါတယ် ။ပထမ ဆုံး ၃ကြိမ် သာ Pin lock မိမိ ချ တဲ့ နံပတ် ရိုက်ထည့် နိုင်ပြီး ကျန် ၆ ခါ မှာ Puk code ကိုရိုက် ရမှာ ဖြစ် ပါတယ် ။Puk က ရုံး က တောင်း ရမှာ ဖြစ်ပြီး ဆိုင်တွေ မှာ လုပ်မယ် ဆို ၈၀၀၀ လောက် ကုန် ကျ နိုင်ပါတယ် ။တကယ်လို့ သူငယ် ချင်း က မှား နိုပ် မိရင် လဲ ဆက် ပြီး လျောက် မရိုက် ဆက်သွယ် ရေး သို့ ဖုန်းဆိုင် ကို သွား လိုက်ပါ ။Puk က နေ့ ခြင်း code ရနိုင်ပါတယ် ။SIM card ပျက် ခဲ့ ပြီ ဆို လျှင် ၁ပတ် လောက် ထိ စောင့် ရတက်ပါတယ်။


အဲ့ အတွက် မိမိ Lock ချ တော့ မယ် ဆို အကောင်း ဆုံး ကတော့ Application ကို အသုံး ပြုပြီး App များ sms Msg များ ၊ Contact Name များ ၊ Gallery , File Manager များ စသည် ဖြင့် မိမိ မမြင်စေ ချင် သည်များ ကို ပိတ်ထား ပါ က ပိုမို စိတ်ချ ရပြီး ဖုန်း ဆော့ဝ် ရေး ခြင်း မှ ကင်း ဝေ စေပါမယ် ။
သို့ သော် လည်း မကြိုက် လို့ နဂို ပါသည့် Pattern Lock နှင့် Password Lock ကို အသုံး ပြုမည် ဆိုရင် လဲ ဒီလို ကာကွယ် ထားပါ ။
1. အင်တာနက် ဖွင့်ပြီး Settings ထဲ က Accounts အောက် မှ Add account ကိုနိုပ် ပြီး Google အကောင့် ထည့် ထားပါ ။
2. အမြဲ တန်း wifi ဖွင့်ထားပါ ။မှတ်ချက် - wifi ဖွင့် ထား ခြင်း ဖြင့် အားပိုစား သည်ဆိုသည် မှာ ဟုတ်ပါ။
3. သူငယ်ချင်း ဖုန်း ကနေ wifi လွင့်ပြီး ဖြစ်စေ ၊ Wifi ရှိတဲ့ နေရာ တစ်ခုခု နဲ့ ဖြစ် စေ တစ်ခါချိတ်ထားပါ ။
မှတ်ချက် - password မပြောင်း သော wifi လိုင်းဖြစ် ရမည် ။


ထိုကဲ့ သို့ လုပ် ထားခြင်း ဖြင့် အကယ် လို့ သူများ လျောက်လုပ် လို့ အကြိမ် ရေ များ သွား ရင် မိမိ ချိတ်ထား သော wifi ရှိ ရာ သို့ သွား လိုက်ပါ ။မိမိ ဖုန်း သည် wifi ဖွင့် ထား တဲ့ အတွက် အလိုလျောက် ချိတ်ဆက် ဖူးသော wifi ကို အလိုလျောက် ချိတ် ဆက်ပေးပါမယ် ။ အဲ့ အခါ ကြ မှ မိမိ Gmail အကောင့် နှင့် Password ကို ရိုက် ထည့် လိုက်ပါ ။



ဒီ ပိုစ့် ကို အကျိုး ရှိတယ် ထင် ရင် ကြိုက် ရင် Like & Share လုပ်ပေး ကြပါ ။
Like & Share ၁၀၀ ဆီပြည့် သွားရင် တော့
sms ပို့ ပြီး Pattern Lock & Password Lock ကို ဖြုတ် မည့် နည်း ဆက်တင်ပေးပါမယ်။

Mobile House
ဖုန်းပြု ပြင်ရေး နှင့် ဖုန်းပြုပြင်ရေး နည်းပညာ သင်တန်း

လမ်း ၃၀ ၊ ၇၃ - ၇၄ လမ်းကြား ဆေးကျောင်း ရှေ့ ။ ရွှေပြည်မိုး လက်ဖက်ရည် ဆိုင် အနီး ။
မန္တလေး မြို့ ။

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.