Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, September 17, 2013

Everypost

Everypost

မနေနိုင်လို့ တစ်ခုလောက် ထပ်တင်ပေးခဲ့ဦးမယ်။ ကျွန်တော်တို့တွေ facebook , Twitter , Google + .. အစရှိတဲ့ social site တွေမှာ Status အသစ်တွေတင်တဲ့အခါ သက်ဆိုင်ရာ site(သို့)App တွေကို ဖွင့်ပြီးမှ တင်ရပါတယ်။ လိုင်းမကောင်းရင် ဖွင့်နေရတာနဲ့ပဲ အချိန်ကုန်ပါတယ်။ everypost ကို နာမည်ကြီး social site တွေမှာ Status အသစ်တွေ အမြန်ဆုံး တင်နိုင်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။

အချိန်ကုန်သက်သာပြီး Status တွေ လျင်မြန်စွာ တင်နိုင်ပါမယ်။ ဓါတ်ပုံ၊ video တွေကိုပါ တင်နိုင်ပါတယ်။ ကိုယ်တင်ချင်တဲ့ Social Site တွေကို everypost မှာ sign in လုပ်ပေးထားရုံနဲ့ သက်ဆိုင်ရာ icon များကို ရွေးချယ်ပြီး တင်နိုင်ပါတယ်။ Status တစ်ခုတည်းကိုပဲ site အများကြီးဆီ တစ်ခါတည်း တင်နိုင်တယ်။ ဥပမာ .. fb နဲ့ twitter ကို တစ်ခါတည်း ရွေးပေးထားရင် နှစ်ခုစလုံးဆီ တင်ပေးသွားပါတယ်။
Social site တွေ အပြင် Dropbox , Email .. စတာတွေမှာပါ upload လုပ်နိုင်ပါတယ်။ everypost ကနေ တင်နိုင်သော နေရာများမှာ ..
Facebook
Twitter
Google +
Pinterest
Tumblr.
Flickr
Linkedin
Dropbox
Email .. တို့ဖြစ်ပါတယ်။ အချိန်ကုန်သက်သာစေပြီး မိမိ wall ပေါ်ကို လွယ်ကူမြန်ဆန်စွာ Status အသစ်တွေ တင်နိုင်မှာဖြစ်လို့ အလန်းလေးပါပဲ။
Android 2.2 နှင့်အထက်တွင် အသုံးပြုနိုင်ပါတယ်။

download - (10MB)

dropbox - https://www.dropbox.com/s/4d7wg6whbfxpgrz/Mr.AD%20-%20Everypost.apk

copy - https://copy.com/UFh7eBIwRcgD

ပျော်ရွှင်ပါစေ။

Mr.AD (ပျော်ရွှင်စရာ Android ကမ္ဘာ)

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.