Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Friday, February 22, 2013

iTunes Error 3194 ဖြေရှင်းရန်

iPhone 3Gs ကစပြီး Apple ရဲ့  Device တွေကို Stock (သို့ ) Custom firmware တွေကို Restore လုပ်ရာတွင် Apple က SHSH Blobs (Signature HaSH) ကို သုံးပြီး Verified လုပ်ပြီးမှ firmware ကို install လုပ်ခွင့်ပေးပါတယ်။ အကြမ်းဖျင်းအားဖြင့် SHSH Blobs ကို သင့် Device အတွက် iTunes upgrade တံခါးတွေဖွင့်တဲ့ သော့တစ်ချောင်း အနေနဲ့ သာ သဘောပေါက် စေချင်ပါတယ်။ 

ဒီလို upgrade/downgrade တွေ အတွက် သော့ မှားဖွင့်မိတဲ့ အခါမှာ iTunes က verified မဖြစ်ပဲ ကျလာတဲ့ message ကတော့ "The ... could not be restored. An unknown error occurred (3194)" ဖြစ်နေတတ်ပါတယ်။ ဒီကိစ0x081စကို ဖြေရှင်းဖို့ ဆိုရင်... 



Tiny Umbrella က ကူညီနိုင်မှာပါ...

Download Tiny Umbrella (Official Site)

၁) Tiny Umbrella ကို စတင်လိုက်ပါ။

၂) "Advance" Tab ကိုသွားပါ။

၃) "Set Hosts to Cydia on exit" စာတန်းပါတဲ့ Box လေးကို UNTICK (အမှန်ခြစ်ဖြုတ်ပါ)။

၎) အမှန်ဖြစ် ဖြုတ်ပြီးပြီ ဆိုပါက အောက်ဆုံးနားရှိ " Apply Changes " ဆိုတဲ့ button လေးကို နှိပ်ပါ။

၅) ပြီးရင် Tiny Umbrella ကိုပိတ်ပြီး နောက်တစ်ကြိမ် သင့် Device ကို "Restore" ပြန်လုပ်ပါ။


အကယ်၍ Tiny Umbrella ကိုမသုံးပဲ ဒီပြဿနာကို ဖြေရှင်းချင်ရင်တော့ "host" file ကို ပြန်ပြင်ရပါလိမ့်မယ်၊ "host" file မှာပါတဲ့ gs.apple.com. ကိုညွှန်းသော စာကြောင်းတိုင်းကို ဖျက်ပစ်ပါ ပြီးရင် "Save" ပါ။

Host file လမ်းကြောင်း ကတော့
WINDOW အတွက်
C:\Windows\System32\drivers\etc\hosts

Mac အတွက်
/private/etc/hosts
ဆက်ဖတ်ရန်>>>