Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Tuesday, March 12, 2013

1st Myanmar Balance (Beta) for Android (Myanmar )

   ကိုယ့်ဖုန်းရဲ့ လက်ကျန်ငွေကို စစ်ချင်ရင် ဒီ App လေးကို သုံးပြီး အလွယ်တကူ စစ် နိုင်မည့် အပြင်
ပိုက်ဆံထပ်ထည့်တဲ့ အခါမှာလဲ Pin Number ပဲ ရိုက်ပြီး ငွေဖြည့် လို့ ရပါတယ် ။
 
 Version 1.0(Beta)

1st Myanmar Balance is an application to check remaining balance and top up balance of your mobile in Myanmar.

[✔] Only support Myanmar mobile network
[✔] Support both GSM and CDMA.
[✔] 100% Free
[✔] No need root user access

Features
[✔] Check remaining balance.
[✔] Top up balance.

Download  Here
1st Myanmar Balance
ဆက်ဖတ်ရန်>>>

Symbian Signed Certificate with wifi

wi-fi ပါတဲ့ ဖုံးတွေအတွက်ပါ။
internet connection ရှိမယ်ဆိုရင် ကိုယ့်ဖုံးအတွက် certificate ကို ချက်ခြင်းရနိုင်တဲ့နည်းလေးပါ။

Download  Here
 
အဲဒီ software ကို ဖုံးထဲမှာ install လုပ်လိုက်ပါ။ signed လုပ်ပြီးသားက တရုပ်လိုဘဲရှိပါတယ်။
အဲဒီ application ကို ဖုံးထဲမှာ run လိုက်ရင် ဒီလိုမြင်ရပါတယ်။

အဲဒီမှာ ညာဘက်အောက်ဆုံး က icon ကိုနှိပ်လိုက်ရင် ဒီလိုမြင်ရပါတယ်။ အဲဒီမှာ မေးခွန်းတခု တက်လာရင် ဘယ်ဘက်ကဟာကို ရွေးနှိပ်လိုက်ပါ။

နံပါတ် ၂ နေရာက ကိုယ့် cer n key file save လုပ်ဖို့နေရာရွေးတာပါ။ default က C:// မှာပါ။ ကျနော်က memory card ထဲမှာ save ဖို့ ပြောင်းထားတာပါ။
ပြီးရင် ညာဖက်က back နဲ့ ပြန်သွား။ အောက်ဆုံးတန်း အလယ်က icon ကို နှိပ်လိုက်ပါ။

အဲဒီက အပေါ်ဆုံး နံပါတ် ၁ ကိုနှိပ်လိုက်ပါ။

wi-fi access point ကိုရှာပါလိမ့်မယ်။

အဲဒီက ကိုယ်သုံးတဲ့ access point ကိုရွေးပေးလိုက်ပါ။
အဲဒါဆို ကိုယ့် အတွက် cer n key file ကို download လုပ်ပါတယ်။ ဘယ်မှာ save မလဲမေးရင် memory card ကိုရွေးပေးလိုက်ရင် ကိုယ့်ဖုံးရဲ့ cer n key file ကိုရပါပြီ။
ရလာတဲ့ cer n key file ကို ကွန်ပြူတာထဲမှာ signtools2.2 နဲ့ application တွေကို signed လုပ်ပြီး ဖုံးထဲထည့်လို့ရပါပြီ။
wi-fi ပါတဲ့ ဖုံးတွေအတွက် certificate ကိုချက်ခြင်းရနိုင်တဲ့ နည်းလေးပါ။
ဒီနည်းနဲ့ software ကို nokiasymbianthemes.com မှ ရရှိပါတယ်။

Signtool လိုချင် ရင်အောက်မှာ ဒေါင်းပါ ။
Download here 

from tyrino
ဆက်ဖတ်ရန်>>>

WINDOWS MOBILE PHONE ထဲ မြန်မာဖောင့် နှင့် ကီးဘုတ် ထည့်နည်း

ပထမဆုံး ဖုံးထဲက window ထဲက font folder ထဲကို Zawgyi-one.tff ကို သွားထည့်ထားလိုက်ပါ။
INGChangeFont ကို အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ။

Download Here
 
window ဖုံးတွေမှာ အလွယ်တကူ ဖောင့်ချိန်းနိုင်တဲ့ software ပါ အရင်လို reg ထဲသွားပြီး ပြင်စရာမလိုပါဘူး
ပြီးရင် install လုပ်ပြီး အဲဒီ app ကို ဖွင့် ပြီးရင် font နေရာမှာ zawgyi ချိန်းပေးလိုက်ရုံပါဘဲ ။
ဖောင့် ရပြီ ဆို Keyboard ထည့် ပါမယ် ။
keyboard ကိုတော့အောက်ကလင့် မှာ ဒေါင်းပါ။
Download Here

zip ဖိုင် ကို ဖြည် လိုက် ရင် အထဲ မှာ သွင်းနည်း ၊ ဖျက် နည်း ကို Manual(Install and Uninstall).pdf ဖိုင် ပါ ပါတယ် ။

From tyrino 
ဆက်ဖတ်ရန်>>>

sim card ကို ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည် မဟုတ်

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချ မည်ဟုဦးစိုးသိန်းဆိုလိုက်ပြန်

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။

`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။
`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။