Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, July 14, 2013

I-Phone က လူသတ်လိုက်ပြီ

တရုတ်နိုင်ငံ စီချွမ် စီရင်စုတွင် နေထိုင်သည့် အသက်၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် I-Phone ဖြင့် ဖုန်းပြောနေစဉ် ဓာတ်လိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီး၏ အမဖြစ်သူ မအီလန် က အတည်ပြုပြောကြားခဲ့ရာတွင် ၄င်း၏ညီမဖြစ်သူသည် I-Phone ကို အားသွင်းနေစဉ်တွင်
ဖုန်းပြောခဲ့ပြီး ရုတ်တရက် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူကလည်း သေဆုံးသွားသောသမီးဖြစ်သူတွင် ဓာတ်လိုက်သေဆုံးသည့် လက္ခဏာပြခဲ့ကြောင်း ပြောခဲ့သည်။
Apple ကုမ္ပဏီက အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ အထူးဝမ်းနည်းကြေကွဲပါကြောင်းနှင့် အဆိုပါ အဖြစ်အပျက်မျိုး ထပ်မဖြစ်စေရန်အဖြေရှာသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

MMT
Source: xinhua (14-7-2013, 18:11:24)
ရွှေနိုင်ငံသစ် သတင်းစာ
ဆက်ဖတ်ရန်>>>

Root Tool Collection Tool လေး ပါ

Root Tool 16 မျိုး ပါဝင် တဲ့ Root Tool Collection Tool တစ်ခု ဖန်တီး ပေးထားပါတယ် ။ China Root Tool တွေ လဲ ပါဝင် ပါတယ် ။အသုံး ပြု ရန် ဖုန်း ကို Debugging Mode on ပြီး မှ အဲ့ Root Tool Collection.exe ကို ဖွင့် ပြီး Enter တစ်ချက် ခေါက်လိုက်ပါ ။Driver မသိသေးရင် တော့ wait က နေ တက်မှာ မဟုတ်ပါဘူး ။
Downlaod  Root Tool Collection.exe
http://www.mediafire.com/download/1tcxn2d2n9af8jb/Root_Tool_Collection_by_Mobile_House.exe

Like ?
ဆက်ဖတ်ရန်>>>

ဖုန်း ပေါက်ကွဲ မှု မဖြစ် စေရန် ဆောင်ရန် ရှောင်ရန် များ

ဖုန်း ပေါက်ကွဲ မှု တွေ ဖြစ် နေတာ ကြောင့် Mobile House မှမန်ဘာ တွေကို လဲ ဆောင်ရန် ရှောင်ရန် လေး တွေ ပြော ပြ ချင်ပါတယ် ....

ဖုန်း ပေါက် ကွဲ တယ် ဆို တာ က အဓိ ကတော့ Battery မကောင်းလို့ ဖြစ်တာ ပါ ။ ဖုန်း အတွင်း ပိုင်း မှာ ကြီးကြီး မားမား ပေါက်ကွဲ စေတဲ့ ပစ္စည်း မပါပါဘူး ...
အဲ့တော့ သတိထားရမှာ က ဖုန်း Battery ပျက် စေ နိုင် တဲ့ အကြောင်း အရင်း တွေ ကတော့ တရုတ် ဓာတ်ခဲ များ သုံးခြင်း ၊ အားသွင်း စက် မကိုက် ခြင်း ၊ ဖုန်း CPU သို့ Power IC  မကောင်းခြင်း စသည် တို့ ကြောင့် အဖြစ်များပါတယ်။

ဖုန်း Battery ဖောင်း နေ ခြင်း များ ၊ အရမ်း ပျော့ နေ ခြင်း များ ၊ ဖုန်း ပြောရင် ဖြစ်စေ၊၊ဂိမ်း ဆော့ လျှင် သို့ သီချင်း နားထောင်လျှင် ဖြစ် စေ ပူ နေ ပါ က ဆိုင် တွင် စစ်ဆေး သင့် ပါတယ် ။အရမ်း ပူ နေလို့ စစ် ကြည့် ပေး ပါ ဆို ပြီး စစ်လိုက်ပါ ။ကုန် ကျ စရိတ် မရှိပါ ဘူး ။ ဖြစ် နေလျှင် ပြု ပြင် ဖို့ ကတော့ ပါဝါ ပါပျောက် နိုင် ပေ မည့် ပြု ပြင် မှု မပြု ပဲ ဆက်လက် သုံး စွဲ ရန် မသင့် ပါ ။ အသစ် တစ် လုံး ဖြစ်စေ ပြု ပြင် ပြီး ဖြစ် စေ အသုံးပြု ခြင်း ဖြင့် မိမိ ကိုယ်ကို ကာကွယ် ပါ ....

                    Mobile House
Mobile Phone Service & Training Centre

လမ်း၃၀ ။၇၃ -၇၄ လမ်းကြား ။ဆေးကျောင်း ရှေ့ ။ ရွှေပြည်မိုး အနီး ။
မန္တလေး မြို့ ။


ဆက်ဖတ်ရန်>>>