Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Sunday, August 11, 2013

** ချစ်စရာ Minion Ringtones & Live Wallpapers App များ **

Despicable Me 2 ဇာတ်ကားထွက်ပြီးတဲ့နောက်ပိုင်း minion လေးတွေကို
ပိုပြီး လူသိများလာပါတယ်။ ပေါက်ကရလုပ်တတ်တဲ့ စရိုက်၊ သခင့်ကို ချစ်တဲ့ စိတ်ထား၊ ပြောင်ချော်ချော်လုပ်တတ်ပုံ .. စတဲ့ သူတို့ပုံစံတွေက အရမ်းချစ်စရာကောင်းခဲ့ပါတယ်။ အစကတော့ minion နဲ့ပက်သတ်ပြီး Apps တစ်ခုပဲ တင်မလို့ပဲ။ ဒါပေမဲ့ ရှာရင်း ရှာရင်း ..
minion နဲ့ ပက်သက်တဲ့ app လေးတွေ အများကြီးတွေ့တာနဲ့ မထူးပါဘူးဆိုပြီး တစ်ခါတည်း စုတင်ပေးလိုက်တယ်ဗျာ။ ဘာတွေတင်ပေးလိုက်လဲဆိုတော့ ..

MinionFun
Despicable Me 2 ဇာတ်ကားထဲမှ minion အသံလေးတွေကို ..
စုစည်းပေးထားတဲ့ soundboard app ဖြစ်ပါတယ်။

Minion Ringtones
ဒါကတော့ minion အသံတွေကို Ringtone လုပ်နိုင်မယ့် ..
app ဖြစ်ပါတယ်။ Ringtones (၉)မျိုး ပါဝင်ပါတယ်။

Dispicable Minion Wallpaper
minion wallpaper လေးတွေ စုစည်းထားတဲ့ app ပါ။
ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ HD Wallpaper တွေကို စုပေးထားပါတယ်။

Dispicable Me 2 Live Wallpaper
မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်ပြပြီး ချစ်စရာကောင်းတဲ့ ..
minions live wallpaper လေးတွေပါ။ Live Wallpaper ဖြစ်လို့ ..
သူတို့ရဲ့ ရုပ်အရှင်လေးတွေနဲ့ ကိုယ့်ဖုန်းမှာ အလှဆင်နိုင်ပါတယ်။
Live Wallpaper (၄)မျိုး ပါဝင်ပြီး Sound လဲပါဝင်လို့ Ringtone များလဲ
ပြုလုပ်နိုင်ပါတယ်။

download - (40MB) Zip file

dropbox -
https://www.dropbox.com/s/gceg6ptg2pjwplc/Minions%20Apps.rar
zippyshare -
http://www74.zippyshare.com/v/43857127/file.html

ပျော်ရွှင်ပါစေ။
Mr.AD
ဆက်ဖတ်ရန်>>>

♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော Android Application များ ♥♥


♥♥ ချစ်သူကို ရင်ခုန်ကြည်နူးအောင် လုပ်နိုင်သော
Android Application များ ♥♥


♥♥ ၀ လာလို့ စိတ်ညစ်နေလား ချစ်သူ ♥♥

ကိုယ့်ကိုကိုယ် ၀ လာပြီဆိုပြီး စိတ်ညစ်နေတဲ့ ချစ်သူကို စက္ကန့်ပိုင်းအတွင်း ပိန်သွားအောင် လုပ်ပြပြီး ရင်ခုန်ကြည်နူးသွားစေချင်ရင်တော့ Cymera ဆိုတဲ့ Photo edit app က ကူညီပေးပါလိမ့်မယ်။ Cymera မှာ Beauty menu အောက်က Slim ဆိုတဲ့ ထူးခြား ဆန်းသစ်တဲ့ function လေးက သင့်ချစ်သူရဲ့ ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း ပိန်ပြီးသွယ်လျသွားအောင် လုပ်ပေးပါလိမ့်မယ်။ Photoshop နဲ့ဖန်တီးနေစရာမလိုဘူး။ လုပ်ရတာလဲ လွယ်မှလွယ် ချစ်သူရဲ့ ပုံရိပ်တွေကို အလှပဆုံး ဖန်တီးပေးမယ့် app ဖြစ်ပါတယ်။

♥♥ ချစ်သူဆီကို ချစ်စရာကောင်းတဲ့ Text Art တွေနဲ့ SMS ပို့မယ် ♥♥

ချစ်သူဆီကို SMS ပို့တဲ့အခါ စာနဲ့အတူ ပျော်စရာကောင်းပြီး ချစ်စရာကောင်းတဲ့ text art ဒီဇိုင်းလေးတွေနဲ့ ပူးတွဲပြီးပို့လိုက်ရင် ချစ်သူ ရင်ခုန် ကြည်နူးသွားမှာ သေချာပါပဲ။ အဲ့ဒီအတွက် CoolText - Funny ဆိုတဲ့ app လေးက ကူညီပေးပါလိမ့်မယ်။ ချစ်သူဆီမှာ ဒီ app သွင်းထားစရာမလိုပါဘူး။ စာသားတွေမှာပါတဲ့ အက္ခရာတွေကိုပဲ အလှဆင်ပြီး ပို့ပေးမှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးမှာ app ရှိစရာမလိုအပ်ပါဘူး။ ကိုယ့်ဘက်မှာပဲ ရှိနေရင် ပို့လို့ရပါပြီ။
ဒီလောက်ဆို သဘောပေါက်ပီမလား .. ဟဲဟဲ .. :)

♥♥ ကြည်နူးစရာကောင်းတဲ့ Happy Couple Live Wallpaper ♥♥

ချစ်သူကို လက်ဆောင်ပေးလို့ကောင်းတဲ့ live wallpaper လေးပါ။
ကောင်လေးက ကောင်မလေးကို အနမ်းလေးတွေ ပေးနေတယ်။
လုံးဝ Cute ပါပဲ။ ချစ်သူ ဒီ wallpaper ကိုမြင်လိုက်ရင် အသည်းယားပြီး ချစ်သွားမှာ သေချာတယ်။ ချစ်သူနဲ့တွေ့တုန်း Zapya ကိုဖွင့် ဒီ app လေးကို ပို့ပေးလိုက်။ ချစ်သူ သဘောကျပြီး သင့်ကို wallpaper ထဲကလို အာဘွားပေးမှာ မြင်ယောင်သေး :D

♥♥ နှစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေကို Love Frames နဲ့အလှဆင်မယ် ♥♥

ချစ်သူနဲ့နှစ်ယောက်တွဲရိုက်ထားတဲ့ပုံလေးတွေကို Love Frames app နဲ့ ချစ်စရာကောင်းအောင် ဖန်တီးလို့ရပါတယ်။ Frame တွေအများကြီးပါတယ်။ ပါဝင်တဲ့ Frame တွေကလဲ အရမ်းလန်းတယ်ဗျာ။ ကြည်နူးစရာတွေအပြည့်ပဲ။ ချစ်သူနဲ့ချိန်းတွေ့တုန်း နှစ်ယောက်တွဲပုံလေးတွေကို Love Frames နဲ့..
အတူတူ ထိုင်ကလိကြရင်း ကြည်နူးမှုတွေ အတိုင်းမသိ ခံစားနေကြမှာ မြင်ယောင်သေး :)


♥♥ ချစ်သူနဲ့အတူ ဖုန်းထဲမှာ နှစ်ယောက်တစ်ကမ္ဘာ တည်ဆောက်မယ် ♥♥

LoveByte ဆိုတဲ့ app လေးကတော့ ချစ်သူစုံတွဲတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ app ဖြစ်ပါတယ်။ internet connection တော့လိုအပ်ပါတယ်။ LoveByte ကိုဖွင့်ပြီး Register လုပ်ရပါမယ်။ ကိုယ့်ချစ်သူလဲ Register လုပ်ရမယ်။ ဒါမှ နှစ်ယောက်စလုံး Chatting လုပ်နိုင်ပါမယ်။ online ပေါ်မှာ နှစ်ယောက်တစ်ကမ္ဘာလေး တည်ဆောင်တဲ့သဘောပေါ့။ LoveByte နဲ့ဘာတွေလုပ်လို့ရလဲဆိုတော့ ကိုယ့်ချစ်သူနဲ့ ဘယ်နှစ်ရက် လျောက်လည်ဖူးလဲလို့မှတ်သားလို့ရတယ်။
ချစ်သူနဲ့ပက်သတ်ပြီး ခံစားမှုတွေကို Note ထဲမှာ ရေးမှတ်ထားလို့ရတယ်။
ချစ်သူတွေဖြစ်ကြတာ ဘယ်နှစ်ရက်ရှိပြီလဲဆိုတာ မှတ်သားထားလို့ရတယ်။
ဓါတ်ပုံတွေကိုလဲ နေရာ၊ရက်စွဲ၊ အချိန်တွေရေးပြီး သိမ်းဆည်းထားလို့ရပါတယ်။ ချစ်စရာကောင်းတဲ့ ပုံတွေနဲ့ sms ပို့တဲ့ function ပါတယ်။ ချစ်သူတွေအတွက် အသုံးဝင် function တွေနဲ့ ကြည်နူးစရာကောင်းတဲ့ app တစ်ခုပါ။ ကိုယ့်ချစ်သူနဲ့ အမှတ်တရများစွာကို LoveByte နဲ့အတူ သိမ်းဆည်းထားရင်း ထာဝရ ပျော်ရွှင်ကြည်နူးနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ :)

ဒီလောက်ဆို သဘောကျ ကျေနပ်ကြရဲ့လားဗျ။ Couple တွေအတွက် 

သီးသန့်လုပ်ပေးချင်နေတာကြာပါပြီ။ အခု fans (4000) ပြည့်အထိမ်းအမှတ်အနေနဲ့ အမှတ်တရလေးဖြစ်အောင် ကြိုးစားရှာဖွေ တင်ဆက်ပေးလိုက်ပါတယ်။
အားလုံးသော ချစ်သူတွေ ချစ်ခြင်းခိုင်မြဲ ထာဝရ လက်တွဲနိုင်ကြပါစေဗျာ။

application တွေကို ဒေါင်းရအဆင်ပြေအောင် Zip file နဲ့ချုံ့ပြီးတင်ပေးလိုက်ပါတယ်။ file size က (41MB) ဖြစ်ပါတယ်။ နည်းနည်းတော့ သည်းခံပြီး ဒေါင်းပေးပါနော်

download -

box
https://www.box.com/s/nlgese77l56wh6y5xmbo


zippyshare

http://www31.zippyshare.com/v/2957546/file.html 






From Happy Android World
ဆက်ဖတ်ရန်>>>

Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ Dropbox စနစ်ကို အသုံးပြုကြည့်ကြရအောင်

ဒီတစ်ပတ်မှာတော့ နောက်ပိုင်းထွက် နည်းပညာမြင့် Android OS ဖုန်းတွေမှာ ပါဝင်လာတဲ့ Dropbox စနစ်ကို အသုံးပြုတဲ့နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ Dropbox  ဆိုတာကတော့  အွန်လိုင်းအသုံးပြုစနစ်တစ်ခုလို့ အတိုကောက်ဆိုရမှာပဲဖြစ်ပါတယ်။ Dropbox စနစ်ဟာ အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့အချက်အလက်တွေကို သိမ်းဆည်းထားနိုင်အောင် ပြုလုပ်ပေးထားတဲ့ စနစ်တစ်ခုဖြစ်ပြီး  ဒီဝန်ဆောင်မှုကို မိုဘိုင်းဖုန်းတွေပေါ်မှာ ထည့်သွင်းပေးလာခဲ့တာလည်းဖြစ်ပါတယ်။ Dropbox စနစ်အတွက်  သတ်မှတ်ပေးထားတဲ့ အချက်အလက်သိမ်းဆည်းနိုင်မှု ကန့်သတ်ချက်ကလည်း ရှိနေပါတယ်။ အချို့ဖုန်းတွေမှာဆိုရင်တော့ 50GB လောက်ထိ ၀န်ဆောင်မှုပါဝင်နေပြီး အချို့ဖုန်းတွေမှာတော့ 8GB လောက်ထိပဲ ပါဝင်တာလည်း တွေ့ရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ်ကို  ဘယ်လိုအသုံးပြုကြမလဲဆိုတာကို စတင်ပြီး လေ့လာကြည့်ကြရအောင်။ ပထမဆုံး ဖုန်းထဲမှာပါဝင်တဲ့ Dropbox စနစ်ထဲကို ၀င်လိုက်ပါ။ ဒါဆိုရင်တော့ ဒီလိုပုံစံမျိုးကို စတင်ပြီး မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ခုမြင်တွေ့နေရတဲ့ စာမျက်နှာကတော့ Dropbox ရဲ့ စာမျက်နှာတစ်ခုဖြစ်ပြီး ဒီစာမျက်နှာပေါ်မှာ အသုံးပြုရမယ့် စာနှစ်ကြောင်းကို အောက်ဘက်မှာ ဖော်ပြထားတွေ့ရမှာဖြစ်ပါတယ်။

အောက်ဘက်မှာရှိနေတဲ့ စနစ်နှစ်ခုထဲက I'm already a Drop-box user ဆိုတဲ့စနစ်ထဲကို စတင်ပြီး ၀င်ကြည့်ကြရအောင်ပါ။ ဒီလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီစနစ်ကတော့ Dropbox စနစ်အတွက် အကောင့်လုပ်ထားပြီးသားဆိုရင် တစ်ခါတည်းဝင်ပြီး အသုံးပြုနိုင်မယ့်စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ထဲမှာတော့ ကိုယ့်ရဲ့ User-name နဲ့  Password တွေကို ပေးရမှာဖြစ်ပါတယ်။ အကောင့်မရသေးဘူးဆိုရင်တော့ ဒီနေရာကို အရင်လာလို့မရပါဘူး။ ဒါကြောင့် နောက်ထပ်စနစ်တစ်ခုဖြစ်တဲ့ I'm new to Dropbox ဆိုတဲ့နေရာကို ပြန်သွားကြပါမယ်။ ဒီနေရာကိုဝင် လိုက်မယ်ဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ကြရမှာပါ။

ဒါကတော့ Dropbox စနစ်အတွက် အကောင့်ပြုလုပ်ရမယ့်နေရာပဲဖြစ်ပါတယ်။ ဒီနေရာမှာ ဖော်ပြထားတဲ့ အကောင့်ပြုလုပ်ဖို့ လိုအပ်တဲ့ အချက်အလက်တွေကို သေချာဖြည့်စွက်ခဲ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ ဖြည့်စွက်ချက်တွေကို ဖြည့်စွက်ပြီးသွားပြီဆိုရင်တော့ အောက်ဘက်မှာရှိနေတဲ့ registor for dropbox ကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုးထပ်မံ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီလိုမျိုးမြင်တွေ့ရပြီဆိုရင်တော့ I Agree ကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ Next ကို နှိပ်လိုက်ပါ။

ပြီးရင်တော့ အွန်လိုင်းစနစ်ကို WiFi နဲ့သုံးမှာလား မိုဘိုင်းဖုန်း Data စနစ်နဲ့ သုံးမှာလားဆိုတာကို ရွေးချယ်လိုက်ပါ။

ဒါဆိုရင်တော့ Dropbox အတွက် အကောင့်တစ်ခုရရှိပြီဖြစ်ပါတယ်။ အကောင့်ရရှိပြီဆိုရင်တော့  Dropbox ထဲကို ရောက်ရှိပြီဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။


ဒီထဲမှာ မြင်နေရတဲ့ Photo ဆိုတဲ့နေရာထဲမှာ ကိုယ်သိမ်းဆည်းထားချင်တဲ့ဓါတ်ပုံတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ ဒါ့အပြင် နောက်ထပ် သိမ်းဆည်းနိုင်မယ့် စနစ်တွေလည်း အများအပြားရှိပါသေးတယ်။ Camera Uploads ဆိုတဲ့ စနစ်တွေကိုလည်း ထပ်မံမြင်တွေ့လာရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့  Favorite ဖိုင်တွေကိုလည်း သက်သက်ခွဲခြားပြီး သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုတဲ့နေရာမှာတော့ အချို့ ဖုန်းတွေမှာဆိုရင် Dropbox စနစ်ပဲပါဝင်ပြီး အသုံးပြုဖို့ သိမ်းဆည်းဖို့ Memory နေရာကို ပိုက်ဆံပေးပြီး ၀ယ်ရတာမျိုးလည်းရှိတတ်ပါတယ်။

ရေးသားသူ - ကိုသက်
ဆက်ဖတ်ရန်>>>

Android OS ဖုန်းတွေမှာ Google Play (Play Store) စနစ်ကို အသုံးပြုကြည့်ကြမယ်


  Google Play စနစ်ဟာ ပြည်တွင်းမှာ အသုံးပြုခွင့်ရခဲ့တာ၊ အသုံးပြုနိုင်ခဲ့တာဟာ အချိန် သိပ်မကြာသေးပါဘူး။ အရင်တုန်းကတော့ Android OS ဖုန်းတွေအတွက် လိုအပ်တဲ့ APP တွေနဲ့ ဂိမ်းတွေကို 1Mobile Market နဲ့ အခြား Free ၀က်ဘ်ဆိုက်တွေပေါ်မှာပဲ ရယူအသုံးပြုခဲ့ကြရပါတယ်။ ခုချိန်မှာတော့ ပြည်တွင်းမှာ Android Market ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ Play Store ပေါ်မှာ အသုံးပြုနိုင်မယ့် စနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ စတင်ပြီး လေ့လာကြည့်ကြပါမယ်။ ပထမဆုံး ကိုယ့်ရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Play Store ဆိုတဲ့စနစ်လေးကို ဖွင့်လိုက်ပါ။ အင်တာနက် ဖွင့်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Play Store ကို ဖွင့်လိုက်ရင်တော့ ခုလို စတင်မြင်တွေ့ရမှာပါ။

ဒီနေရာမှာ အပေါ်ဆုံး ထိပ်ဘက်ကိုစတင်ပြီး ကြည့်ကြပါမယ်။ Featured ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ Play Store ထဲမှာရှိနေတဲ့ အစိတ်အပိုင်းတွေနဲ့  ထူးခြားချက်လေးတွေကို ဖော်ပြထားတဲ့ နေရာပဲ ဖြစ်ပါတယ်။

ဘယ်ဘက်ဘေးနားကို ကြည့်မယ်ဆိုရင်တော့ CATEGORIES ဆိုတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် စနစ်တွေကို စာရင်းပြုစုပြီး ပြသထားတဲ့ နေရာပဲဖြစ်ပါတယ်။ ဒီထဲမှာတော့ Game, Books & Reference, Business, Comics, Communication, Education, Entertainment, Finance, Music & Video etc; အစရှိသဖြင့် အသုံးပြုနိုင်မယ့် စနစ်ပေါင်းများစွာ ရှိနေပါတယ်။ ကိုယ်အသုံးပြုချင်တဲ့ စနစ်ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

FEATURED ရဲ့ ညာဘက်ဘေးကို ကြည့်လိုက်မယ်ဆိုရင်တော့ Top Free ဆိုတဲ့ စနစ်ကို မြင်တွေ့ ရမှာဖြစ်ပါတယ်။ Top Free ဆိုတာကတော့ Play Store ထဲမှာရှိနေတဲ့ အခမဲ့ ထိပ်တန်း လူသုံးများ ဆော့ဖ်ဝဲအချို့ကို ဖော်ပြပေးထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။ ခုလို မြင်ရမှာဖြစ်ပါတယ်။

Top Free ရဲ့ ညာဘက်ဘေးနားကို ဆက်ကြည့်မယ်ဆိုရင်တော့ Top New Free ဆိုတဲ့ စနစ်ကို ဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာကလည်း Play Store ထဲမှာရှိနေတဲ့ အသစ်ထွက် လူကြိုက်များ၊ လူသုံးများနေတဲ့ ထိပ်တန်း အသစ်ထွက်ဆော့ဖ်ဝဲ App တွေကို ဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ကိုယ်ကြိုက်နှစ်သက်တဲ့ Application ကို ရှာဖွေပြီးတော့ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

Top New Free ရဲ့ ညာဘက် ဘေးနားကို ဆက်လက်ကြည့်မယ်ဆိုရင်တော့ Trending ဆိုတဲ့စနစ်ကို ဆက်လက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီစနစ်ထဲမှာလည်း ကိုယ့်စိတ်တိုင်းကျ Application တွေကို ရှာဖွေပြီး Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးဟာ Play Store ထဲမှာ အခမဲ့ Download ပြုလုပ် ရယူအသုံးပြုနိုင်မယ့် နေရာတွေပဲဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေအားလုံးထဲမှာ ကိုယ်လိုချင်တဲ့ Application ကို ဆက်လက် ရှာဖွေချင်တယ်ဆိုရင်တော့ အပေါ်ဘက် ညာဘက်ထိပ်နားမှာ Search ဆိုတဲ့ သင်္ကေတလေးရှိပါတယ်။ ခုလိုမျိုး မြင်တွေ့ရမှာဖြစ်ပါတယ်။

ပုံမှာမြင်နေရတဲ့ Search ပုံစံ လေးကို နှိပ်လိုက်မယ်ဆိုရင် ခုလိုမျိုး ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။ မြင်နေရတဲ့ Search ဘားထဲမှာ ကိုယ်ရှာဖွေချင်တဲ့ဆော့ဖ်ဝဲ Application ရဲ့နာမည်ကို ရိုက်ထည့်ပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင်တာကို Top  Free ထဲမှာပဲဖြစ်ဖြစ်၊ Top New Free ထဲမှာပဲဖြစ်ဖြစ်၊ Featured ထဲမှာပဲဖြစ်ဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ စနစ်တွေထဲက ကြိုက်နှစ်သက်ရာစနစ်ထဲမှာ ရှာဖွေ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

မြင်တွေ့နေရတဲ့ထဲမှာ ရှိတာတွေကတော့ My Apps, My Wishlist, Accounts, Settings, Help ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ My Apps ဆိုတာကတော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Install ထည့်သွင်းထားတဲ့ Application တွေကို ဖော်ပြပေးထားတဲ့နေရာပဲဖြစ်ပါတယ်။

သူ့ရဲ့ ညာဘက်ဘေးနားမှာဆိုရင်တော့ All ဆိုတာကို မြင်တွေ့ရမှာဖြစ်ပြီး ဒီစနစ်ကတော့ ဖုန်းထဲ မှာရှိနေတဲ့ အကောင့်တွေနဲ့ သက်ဆိုင်တဲ့ Application တွေအားလုံးကို စုစည်းဖော်ပြထားတဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့် နဲ့ချိတ်ထားတဲ့ App တွေပဲ ပါဝင်ပါတယ်။ ဒါတွေကတော့ Play Store ထဲမှာ အသုံးပြုနိုင်မယ့် အခြေခံအချက်အလက်တွေပဲဖြစ်ပါတယ်။

ရေးသားသူ - ကိုသက်
ဆက်ဖတ်ရန်>>>

Scare your friends !!!

Scare your friends !!!

    နောက်ပြောင်တတ်သော လူငယ်များ ပိုမိုနှစ်သက်မယ့် Application တစ်ခုဖြစ်ပါတယ်။ မိမိသူငယ်ချင်းများကို ခြောက်လှန့် လိုသော သူများ၊ စနောက်တတ်သူများ နှစ်သက်ကြမှာပါ။ Scare your friends ကို မိမိမိုဘိုင်း ဖုန်းအတွင်း ထည့်သွင်း၍ လုပ်ဆောင် ချက်သုံးခုကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ပထမအဆင့် ခြောက်လှန့်လိုတဲ့ Horrifying ဓာတ်ပုံ ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ထို့အပြင် terrifying အသံကိုလည်း ရွေးချယ် ထည့်သွင်းရမှာ ဖြစ်ပြီး အချိန်သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ မိမိရဲ့ မည်သည့်သူငယ်ချင်း၊ မိတ်ဆွေ ကို ခြောက်လှန့်မလဲ ရွေးချယ် ကာ နောက်ပြောင်နိုင်မှာ ဖြစ်ပါတယ်။ Album, Camera များဖြင့်လည်း ဓာတ်ပုံများကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Application ကို Google Play တွင်အခမဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။
Scare your friends ! ! ! - screenshot thumbnail
 Play Store Link
https://play.google.com/store/apps/details?id=com.siat.scare&hl=en

Mobile House Link
http://www.mediafire.com/download/6kfuv9fzpyh80jj/Scare_Your_Friends_By_MH.apk
ဆက်ဖတ်ရန်>>>

Android USB Drivers စုစည်းမှု : Samsung/ Motorola /Sony/ LG/ ZTE/ HTC/ ASUS/ Huawei/ Acer/ Amazon

android-USB-Drivers

Motorola USB Drivers

Download Motorola USB Drivers (Win)

Google USB Drivers

Download Galaxy Nexus USB Drivers (GSM or CDMA-Verizon)
Universal Naked Driver 0.72 (Compatible with Nexus 4, 10, Q, & S)

Samsung USB Drivers

Download Latest Samsung Kies
In case the above drivers do not work for you, do as described below.
  1. Go to the Samsung Mobile  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Support tab/button.
  4. You will get the download link for the specific USB Drivers for your device.
  5. Download the drivers and install onto to your computer.

HTC USB Drivers

HTC Sync Manager
In case the above drivers do not work for you, do as described below:
  1. Go to the HTC  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Support tab/button.
  4. In the support page, click the downloads tab.
  5. Here you will get the download link for the specific HTC Sync Drivers for your device.
  6. After downloading HTC Sync, start the installation process. You only need to install the USB driver and not the app itself.

LG USB Drivers

In case the above drivers do not work for you, do as described below:
  1. Go to the LG Electronics  official site
  2. Type the name and model of your device in the search box.
  3. Select your device and click the Resources button.
  4. In the support page, click the downloads tab.
  5. Download the drivers and install onto to your computer.

Dell USB Drivers

Download Dell (Phones & Tablets) USB Drivers Go to the link and choose your mobile device or tablet to download the specific version USB drivers.

Intel Android USB Drivers

Download Intel USB Drivers

ZTE USB Drivers

ASUS USB Drivers

Download ASUS PC Suite (drivers included)

Huawei USB Drivers

Download HiSuite (drivers included).

Acer USB Drivers

Download Acer USB Drivers

Sharp USB Drivers

Download Sharp USB Drivers

Amazon USB Drivers

Download Amazon USB Drivers Amazon SupportPage

Pantech USB Drivers

Download Pantech USB Drivers

XIAOMI USB Drivers

for M2,MI ONE,MI PLUS, etc.
Download XIAOMI USB Drivers

OPPO USB Drivers

for Finder x907,x905…
Download OPPO USB Drivers

Lenovo USB Drivers

for A750 and others
Download Lenovo USB Drivers

Download Latest Google Apps

Download Adobe Flash Player for Android

ဆက်ဖတ်ရန်>>>