Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Monday, August 12, 2013

Android ဖုန်းမှာ ငွေဖြည့်ကတ် ကို ကင်မရာ နဲ့ ထည့် မယ်


  ငွေဖြည်ကတ်ကို ကင်မရာနဲ့ချိန်လိုက်တာနဲ့ နံပတ်တွေကို Scan လုပ်ပြီး ဂဏန်းတွေပေါ်လာမှာဖြစ်ပါတယ်။ပြီးရင် မိမိ ဖုန်း နဲ့ သက်ဆိုင် တဲ့ *123* စတဲ့ ရှေ့ ကထည့် တဲ့ ဟာ ကို အောက် ညာဖက် အကွက် မှာ ထည့် ပြီး ဖုန်း ခေါ် ရုံပါပဲ ။

Download Here
 http://www.mediafire.com/?6x822fg9dqndq1t
ဆက်ဖတ်ရန်>>>

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာ







မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြောသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက်ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစုထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။
ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထားရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထားရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
7Day Daily News
ဆက်ဖတ်ရန်>>>

Android နဲ့ Apple ဘယ်ဟာသုံးကြမလဲ ??


 
Apple နဲ့ Android ဘာကွာလဲလို့မေးတဲ့သူများများအတွက်ရည်ရွယ်ပြီးရေးထားတာဖြစ်ပါတယ်။
အရင်ဆုံးကျွန်တော်အမြင်တစ်ခုအနေနဲ့တစ်ခု ကြိုပြောထားချင်တာကတော့  လက်ရှိဖြစ်နေတဲ့
အမြင်အရသာယှဉ်ပြထားခြင်းဖြစ်ပြီး တစ်ယူသန် ဒါမှဒါပဲဆိုလိုချင်တာမျိုးမဟုတ်ပါ -

1| SD Card ထည့်သွင်းအသုံးပြုနိုင်မှု့

Nexus ကလွဲပြီး Android ဖုန်းတော်တော်များများမှာ SD Card ကိုထပ်မံထည့်သွင်းအသုံးပြုနိုင်မှာ
ဖြစ်ပြီး Model အလိုက်အများဆုံးထည့်သွင်းနိုင်တဲ့ပမာဏပဲကွာခြားပါတယ်။ iPhone မှာက 32GB
ဖုန်းကိုဝယ်မယ်ဆို 32GB ကိုနောက်ထပ်တိုးဖို့မဖြစ်နိုင်တော့ပါဘူး။

2| Notification Bar ရဲ့လုပ်ဆောင်ချက်
Android တွေရဲ့ Notification တွေကပိုပြီးတော့ Detail ကျသလို icon တွေနဲ့အတူပိုပြီးပြည့်ပြည့်
စုံစုံ ခံစားလို့ရနိုင်မှာပါ၊  iPhone  တွေမှာက Notification တွေကိုဖျက်ပစ်ချင်ရင် Group အလိုက်
အကုန်ဖျက်ပစ်မှရမှာဖြစ်ပြီးAndroid  မှာက  Notification  တစ်ခုခြင်းကိုဘေးကိုတွန်းပြီးဖျက်ပစ်
လို့ရတာက အားသာချက်တာခုပါ။
3| Multitasking အသုံးပြုခြင်း နှင့် သုံးလက်စ Recent တွေရှင်းခြင်း
Android မှာ ICS Version နဲ့အထက်ဆိုရင် Recent တွေကိုပုံပါပြထားသည့်အတိုင်းအလွယ်
တကူရှင်းထုတ်နိုင်သလို App တစ်ခုနဲ့တစ်ခုအကူးအပြောင်းမှာလဲ လက်ရှိဖွင့်လက်စအတိုင်း
ပုံမှာပြပေးထားတဲ့အတွက် အသုံးပြုရတာလွယ်ကူပါတယ်။ Apple ဖုန်းတွေမှာကတော့ recent
ဖျက်ရတဲ့နေရာမှာလဲ အလုပ်ရှုပ်သလို တစ်ခုသွားတဲ့အခါမှာ icon တွေပဲဖော်ပြပေးနိုင်ပါတယ်။
4| App များ Download လုပ်ရသော Market
Android Market ဟာ ကြည့်ရတာလဲရိုးရှင်းပြီးအသုံးပြုရတာလွယ်ကူသလို Application တွေ
ကိုရှာဖွေတဲ့နေရာမှာပြပေးတဲ့ Result Page ကရှာဖွေရတာအဆင်ပြေစေပါတယ် ၊ Apple Store
ကတော့ App တွေရှာဖွေရှာမှာလဲတစ်ခုခုခြင်းပဲသွားလို့ရသလို Home Page ကလည်း အရမ်းရိုး
သလိုခံစားရပြီး အလွယ်တစ်ကူ Download လုပ်မယ်ဆိုရင်လဲ paid application တွေများနေပါ
တယ်။ Crack App တွေရှိတယ်ဆိုပေမဲ့ Install မလုပ်တတ်သူတွေအတွက် Angry Bird လို Game
မျိုးကိုတော့ Market ဖွင့်ပြီး Download လုပ်ဖို့လုပ်ရင် 0.99$ တောင်းပါလိမ့်မယ်
5| Home Screen မှာ Widget များထည့်သွင်းနိုင်ခြင်း
Apple မှာလုံးဝလုပ်လို့မရနိုင်တဲ့အချက်ပါ ၊ Android ရဲ့အရသာက Home Page ရှိခြင်းနဲ့
Widget တွေကတဆင့်အလွယ်တကူ ဖွင့်ခြင်းပိတ်ခြင်းတွေလုပ်လို့ရနိုင်တာပဲဖြစ်ပါတယ်။

6| Launcher များဖြင့်အလှဆင်ခြင်း
Android ဖုန်းတွေမှာဝယ်ပြီးပြီးချင်း မိမိဖုန်းပုံစံကိုမကြိုက်နှစ်သက်ဘူးဆိုရင်တောင် Launcher
တွေကိုသုံးပြီး ကြိုက်သလိုအလှဆင်နိုင်တာက User တွေအတွက်အတော်ကိုအကြိုက်တွေ့စေ
ပါတယ်။
7| ကြိုက်နှစ်သက်ရာ Model နှင့် Brand များကိုရွေးချယ်ခွင့်ရှိခြင်း
ဒါကတော့အထွေးအထူးပြောစရာမလိုတော့ပါဘူး ၊ တတ်နိုင်ရင်တတ်နိုင်သလိုရွေးချယ်ကိုင်
ရှိသလို အတော်အတန်သင့်ဈေးပေးပြီးတော့လဲ Android ရဲ့အရသာကိုခံစားလို့ရနိုင်ပါသေးတယ်။

8| နေ့စဉ်အသုံးပြုနေကြသော Google Serivce
Apple မှာ G-Talk သုံးမယ်ဆိုရင်တော့ App တွေကသုံးရတာ Android က Talk ဆိုတဲ့ App
လောက်ဘယ်နည်းနဲ့မှမလန်းနိုင်သလို Gmail App ကိုယှဉ်ကြည့်လိုက်ပါ ၊ တစ်ခုထပ်ပြီးဆိုး
တာက Android မှာ Contact List တွေ Calender တွေ Photo တွေကို Sync လုပ်ပေးတဲ့
System ကိုသုံးနိုင်ပေမဲ့၊ Apple မှာက Google Service နဲ့ Sync ညံ့ဖျင်းပါတယ်။ Contact
List ကို Apple ထဲမှာ တကယ်တော့ Sync လုပ်လို့ရပါတယ် ဒါမဲ့ User တွေအတွက်လုံးဝ
အလွယ်တကူမဖြစ်နိုင်ပါဘူး
9| Back Button အသုံးပြုခြင်း
အကောင်းဆုံးဥပမာပေးရရင် Email တစ်ခုကိုဖတ်နေရင်းနဲ့ Link တစ်ခုကိုနှိပ်လိုက်ပြီဆိုပါစို့
Safari Browser ထဲမှာပွင့်သွားပြီး Webpage တစ်ခုကျလာမယ် Email ကိုပြန်သွားမယ်ဆိုရင်
Home Button ကိုနှိပ် ၊ ပြီမှ Email App ကိုနှိပ်ပြီးတစ်ခါပြန်ဝင် ဆိုတဲ့ကိစ္စမျိုးက iPhone မှာ
Back Button မပါလို့ဖြစ်ရတဲ့အကြောင်းပဲဖြစ်ပါတယ်။


10| Customer ROM များစမ်းသပ်ခြင်း
Android ဖုန်းတွေမှာက Launcher တွေဟိုတင်ဒီတင်နဲ့ ဒါတောင်ပျင်းလာပြီးဆိုရင် ROM
တစ်ခုလုံးကြီးကို Custom တင်ကြည့်လို့ရနိုင်ပါသေးတယ် ၊ Apple ကတော့ Apple ပါပဲ ..

ဒါက လက်ရှိဖြစ်နေတဲ့ ROM အနေထားကြောင့် ကွဲပြားမှု့တွေဖြစ်သွားတယ်ဆိုပေမဲ့ .. Apple ရဲ့
Hardware ကိုတော့အခုထိချီးကျူးမိပါတယ် ၊ သူ့ရဲ့ Battery ခံနိုင်မှု့ သက်တမ်းနဲ့ Hardware
တွေရဲ့ ခံနိုင်ရည်အားကတော့ ----

Android ROM တွေသာ Apple ပေါ်မှာ တင်သုံးခွင့်ရမယ်ဆို ဆက်လက်သုံးမိဦးမှာဖြစ်ပါကြောင်း




M.Min (from androidnewss )
 
 
ဆက်ဖတ်ရန်>>>















ဆက်ဖတ်ရန်>>>

Galaxy note 3 သတင်းအချက်အလက်အချို့ပေါက်ကြားလာ..

 Galaxy note 3 ၏ပိုမိုတိကျသောသတင်းအချက်လက်အချို့ဆက် လက်ပေါက်ကြားလျှက်ရှိရာ Note 3 အား ဗာရှင်းနှစ်မျိုးနှင့်ရရှိလာနိုင်သည်ဟုသိရှိရသည်။ထိုဗာရှင်း များမှာ SM-N900 နှင့် SM-N9005 တို့ဖြစ်သည်။Note 3 အားဖြန့်ချီချိန်တွင်ဈေးကွက်နေရာအတော် များများတွင် 32GB မှတ်ဥာဏ်ပါရှိသောဗာရှင်းအများဆုံးဖြစ်မည်ဖြစ်ကြောင်းလဲ SamMobile မှသိရှိရသည်။ဈေးကွက်နေရာအနည်းငယ်သာ 64 GB ဗာရှင်းများအနည်းငယ်သာဖြန့်ချီမည် လည်း ဖြစ်သည်။Note 3 ၏အရွယ်အစားမှာယခင် Note 2 ၏အရွယ်အစားအတိုင်းဖြစ်ဖွယ်ရှိပြီး ပုံဖော်မျက်နှာပြင်မှာ ၅.၈၆ လက်မဖြစ်ကာ FULL HD super AMOLED အမျိုးအစားဖန်သားပြင်ဖြစ် သည့်အတွက်ပုံထွက်အရည်အသွေးမှာလွန်စွာကောင်းမွန်တောက်ပနေမည်ဖြစ်သည်။ထို့အပြင် ဓာတ် ခဲအားပိုမိုအားခံသည့် 3450mAh အားဖြင့်ပါရှိလာမည်ဖြစ်ပြီး Android Version 4.3 အားထည့်သွင်းထားသည်။Note 3 ၏သတင်းအချက်အလက်များထပ်မံပေါ် ပေါက်လာပါက ဆက်လက်သတင်းပေးပို့သွားမည်ဖြစ်ပါသည်။ Note 3 ၏ယခုလက်ရှိအခြေအနေအထိသိရှိရသော အချက်အလက်များကိုလည်းဖော်ပြပေးလိုက်ပါသည်။

SM-N900
• 5.68-inch Full HD Super AMOLED display (1920 x 1080 resolution
• 1.8GHz octa-core Exynos 5420
• ARM Mali-T628 MP6
• RAM unconfirmed
• 13-megapixel camera with Optical Image Stabilization
• No LTE connectivity
• 16/32/64GB of storage
• microSD support of up to 64GB
• Android 4.3 Jelly Bean
• 3200mAh battery
SM-N9005
• 5.68-inch Full HD Super AMOLED display (1920 x 1080 resolution
• processor unconfirmed
• GPU unconfirmed
• 3GB of LPDDR3 RAM
• 13-megapixel camera with Optical Image Stabilization
• LTE connectivity
• 16/32/64GB of storage
• microSD support of up to 64GB
• Android 4.3 Jelly Bean
• 3200mAh battery


ဆက်ဖတ်ရန်>>>

SIM Balance

SIM Balance

တကယ်တော့ ... ဒီ Application ကိုတင်ပေးဖို့အစီစဉ်တော့မရှိသေးပါဘူးအကြောင်းကတော့ တစ်ခြား CDMA တွေအတွက် ဆက်လုပ်ဖို့မပြီးသေးခင်
မှာပဲတင်ပေးလိုက်တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ GSM ဖုန်းများအတွက်တွင်သာအသုံးပြုနိုင်မည်ဖြစ်ပြီး မကြာမီအချိန်ရက်ပိုင်းအတွင်းမှာပဲ အခြားဖုန်းတွေအတွက်အသုံးပြုနိုင်ရန်
ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း ....


SIM Balance Application ၏လုပ်ဆောင်ချက်

၁။ ငွေလက်ကျန်စစ်ဆေးနိုင်ခြင်း
*124# အစရှိသည့်ကုဒ်များခံစရာမလိုဘဲ Click တစ်ချက်နှိပ်တာနဲ့ငွေလက်ကျန်ကိုသိရှိနိုင်မှာဖြစ်ပါတယ်။

၂။ ငွေဖြည့်ကဒ်ထည့်သွင်းခြင်း

ရှေ့တွင်ခံရသည့် *123 နှင့်အခြား # key များရိုက်စရာမလိုဘဲ ငွေဖြည့်ကဒ်မှ PIM Number ကိုရိုက်ထည့်ပေးရုံနဲ့ငွေဖြည့်သွင်း
နိုင်မှာဖြစ်ပါတယ်။ အားသာချက်တစ်ခုကတော့ PIM ကိုရိုက်နေစဉ်အတွင်း မိမိရိုက်သွင်းသော ဂဏန်းတစ်ခုစီအား Google Voice
Service မှ ပြန်လည်ရွတ်ပြပေးနေမှာဖြစ်ပါတယ်။ PIM နံပါတ်များအားလုံးရိုက်သွင်းပြီးသွားသည့်အချိန်တွင်လည်း Check Number
ကိုတစ်ချက်နှိပ်ပါက ရိုက်သွင်းထားသော PIM No ကိုပြန်လည်ရွတ်ပြပေးမှာဖြစ်ပါတယ်။ ငွေဖြည့်ကဒ်ကိုကိုင်ထားပြီး ရွတ်ပြသည့်
ဂဏန်းများနှင့်တိုက်ပြီးစစ်ဆေးနိုင်စေရန်ရည်ရွယ်ထားခြင်းပဲဖြစ်ပါတယ်။
(မှတ်ချက်။    ။ Google Service မရှိသော HUAWEI ဖုန်းများတွင်PIM No ကိုရွတ်ပြပေးမည်မဟုတ်ပါ)

၃။ အခြား GSM ဖုန်းအချင်းချင်းဆီသို့ငွေလွဲခြင်း

ပေးထားသည့် ပထမအကွက်တွင်ထောက်ပြီး ငွေဖြည့်ကဒ်မှ နံပါတ်ကိုရိုက်သွင်းရမှာဖြစ်ပါတယ်။ ဒုတိယအကွက်ကိုထောက်ပြီးမိမိငွေလွဲ
လိုသောဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ အသံ Serviceကတော့ အပေါ်ကအတိုင်းအတူတူပဲဖြစ်ပါတယ်။


Screen Sheet:

[ထပ်မံထွက်ရှိမဲ့ Update ကိုဤနေရာမှတဆင့်တင်ပေးသွားပါမည်]


Download Size         =  333 KB
Download Link         =  https://www.dropbox.com/s/e68mlx2lqt0dsbm/1SIM-BALANCE_By_AndroidNews.apk



အသုံးတည့်မယ်ထင်ရင် သင်၏သူငယ်ချင်းများဆီသို့ Share လုပ်ပေးလိုက်ပါ



M.Min
By: Android News
ဆက်ဖတ်ရန်>>>