Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Saturday, August 24, 2013

Android Phone ကနေ Passwords တွေခိုးရတာလွယ်လွယ်လေးပါ။ဒါဆိုရင် သင်ဘယ်လို ကာကွယ်မလဲ ?


1
Android  Phone ကနေ Passwords တွေကို ခိုးပေးနိုင်တဲ့ dSploit ဆိုတဲ့ Android App အကြောင်းပြောပြချင်ပါတယ်။Hacker တစ်ယောက်မဟုတ်ဘဲနဲ့  Wifi Network တစ်ခုထဲမှာ ရှိတဲ့ Devices တွေ က Passwords တွေကိုခိုးယူပေးနိုင်ပါတယ်။dSploit ကိုသုံးဖို့  သင့် ဖုန်း ဟာ  Root လုပ်ပြီးသားဖြစ်ရပါမယ်။ဒီနေ့  ၀က်ဆိုက်တော်တော်များများ  က HTTP အစား HTTPS ကိုသုံးကြပါတယ်။HTTPS ကိုသုံးခြင်းဖြင့် လုံခြုံမှုရှိစေပါတယ်။HTTP အသုံးပြုတဲ့ဝက်ဆိုက်တွေကို အသုံးပြုရင် တစ်စုံတစ်ယောက်က dSploit app ကိုသုံးပြီးသင့် Passwords တွေကို ရယူနိုင်ပါတယ်။dSploit က Hack လုပ်ဖို့  အထူးသီးသန့် ပြုလုပ်ထားတာဖြစ်ပြီး သူ့ အလုပ်လုပ်ပုံကိုသင်သိရင် သင့်ကိုယ်သင်ကာကွယ်ပြီးသားလည်းဖြစ်သွားပါလိမ့်မယ်။
Steal Passwords
dSploit ကို ဖွင့်ပြီးရင် Wifi Network ထဲက Device တွေကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် Device တစ်ခုကိုရွေးပြီး MITM(Man In The Middle ) ကိုရွေးပြီး Password Sniffer  ကိုအသုံးပြုပြီး Passwords တွေခိုးနိုင်ပါတယ်။သင်ရွေးချယ်ထားတဲ့ Device က HTTP အသုံးပြုတဲ့ဝက်ဆိုက်မျိုးအသုံးပြုတယ်ဆိုရင် Password တွေရနိုင်ပါတယ်။
Screenshot_2013-07-08-13-12-46
Hijack A Session
Session Sniffer ကိုသုံးပြီး Login ၀င်နေတဲ့ ၀က်ဆိုက်တွေကိုအလွယ်တကူအသုံးပြုနိုင်ပါတယ်။ဒါကလည်း HTTP သုံးတဲ့ဝက်ဆိုက်တွေ မှရမှာပါ။
Screenshot_2013-07-08-13-12-46
အောက်ကပုံကတော့ Amazon အကောင့်ကို dSploit က Hijack လုပ်နိုင်ခဲ့တာတွေ့ နိုင်ပါတယ်။
Screenshot_2013-07-08-10-25-12

Replace All The Images On A Website

စနောက်ဖို့ အတွက်အသုံးပြုနိုင်တဲ့ Tools တွေ လည်းပါရှိပြီး Replace Images,Replace Videos,Kill Connection စတာတွေကိုသုံးနိုင်ပါတယ်။
Screenshot_2013-07-08-10-21-25
Protect Yourself
dSploit ကိုသုံးပြီး Password တွေ ခိုးရတာလွယ်ကူတယ်ဆိုတာ သင်သဘောပေါက်ရင် မိမိရဲ့  Password တွေ အခိုးမခံရအောင် ဂရုစိုက်သင့်ပါတယ်။ Public Wifi တွေ အသုံးပြုရင် Bank Account လို အရေးကြီးတဲ့ ၀က်ဆိုက်တွေ ကို အသုံးမပြုသင့်ပါဘူး။HTTP အစား HTTPS ကိုသုံးပါ။ Firefox နဲ့ Chrome အတွက် HTTPS Everywhere Extension ကိုသုံးပါ။dSploit လို App တွေကို Detect လုပ်ပေးနိုင်တဲ့ BlackSheep  ဆိုတဲ့ Firefox Add-On  ကိုသုံးပါ။ VPN App တွေ သုံးခြင်းကလည်း လုံခြုံမှုရှိစေတယ်လို့ ဆိုပါတယ်။


From kothuya
ဆက်ဖတ်ရန်>>>

တက်ဘလက်နီးပါး ကြီးမားတဲ့ Samsung ရဲ့ ဖုန်းအသစ်




စမတ်ဖုန်းသုံးပြီး ဗီဒီယိုတွေကြည့်၊ ဂိမ်းတွေဆော့လာကြတွေတာကြောင့် အခု အသစ်ပေါ်တဲ့ စမတ်ဖုန်းတွေက အရွယ်အစား ပိုကြီးလာကြပါပြီ၊
Samsung ရဲ့ ဖုန်းအသစ်ဆိုရင် ကြီးတယ်လို့ ပြောတာထက်တောင် ပိုကြီးနေပါတယ် လို့ နယူးယောက်ကလာတဲ့ AP သတင်းတပုဒ်မှာ ရေး
ပါတယ်။


ဖန်သားပြင်က ၆ လက်မထက် မနည်း ရှိတာကြောင့် တက်ဘလက် ကွန်ပြူတာနဲ့ နင်လားငါလားပေါ့ လို့ AP က ဆက်ရေးပါတယ်။

ဝေါစထရိဂျာနယ် ဘလော့မှာတော့ --- ဒီဖုန်းဟာ အမေရိကန်မှာဖြန့်တဲ့
ဖုန်းတွေထဲ အကြီးဆုံးဖုန်း ဖြစ်ပါလိမ့်မယ်လို့ Samsung ကို ကိုးကားပြီး
ရေးထားပါတယ်။ ဖုန်းဆက်နေချိန် မျက်နှာကို ဖုံးထားလိုသူတွေ
အတွက်တော့ ဒီဖုန်းက ကွက်တိ ဖြစ်ပါလိမ့်မယ်။ဒီဖုန်းအသစ်မှာ ဗီဒီယို
ရုပ်ရှင်၊ စာအုပ်၊ သီချင်းဂီတ၊ ဆော့စရာဂိမ်းများအတွက်လည်း နေရာပေး
ထားပါတယ်လို့ Samsung က ဆိုပါတယ်။တကယ်တော့ ဒီအရွယ်ဆိုရင်
တက်ဘလက်လို့ပဲ ခေါ်ကြတာပါ။ Samsung က ဖုန်းလို့ ဆိုထားတော့ ဖုန်း လို့ပဲ ပြောရပါတော့မယ်။

Samsung ကလည်း ဖုန်း အရွယ်ကြီးတဲ့နေရာမှာ နာမည်ကြီးပါတယ်။
သူ့ရဲ့ Galaxy S4 ဆိုရင် ၅ လက်မ ရှိ၊

Galaxy Note 2 ဆိုလည်း ၅ လက်မခွဲ နီးပါး။

Apple က ထုတ်တဲ့ iPhone က ၄ လက်မပဲ ရှိတာပေါ့။

အရွယ်စုံ၊ ဈေးစုံ ရွေးစရာများတာကြောင့်လည်း Samsung ကို လူကြိုက်များ၊ ဈေးကွက်ထဲ ထိပ်တန်းမှာ ရောက်နေတာပါ။

အခုအသစ်ထွက်လာတဲ့ ဟာကို မနက်ဖြန်က အစပြုပြီး ရောင်းမယ်လို့ ဆက်သွယ်ရေးကုမဏီ AT&T က ဆိုပါတယ်။
ဈေးနှုန်းက $150 လို့ ဆိုပါတယ်။ ဈေးပေါလှချည်လားလို့ မှတ်ချက် မပြုနဲ့အုံးနော်။
AT&T က အမေရိကန်မိုဘိုင်းဖုန်းဆက်သွယ်ရေးလောက ထုံးစံအတိုင်း ၂ နှစ်စာချုပ် ချုပ်ခိုင်းမှာပါ။ ဒါကြောင့် ဒီဈေးနဲ့ ရတာပါ။
သူက ဖုန်းသုံးသူဆီကနေ လတိုင်း ပိုက်ဆံ ထပ်ယူမယ်လေ။

အမေရိကန်က တခြား ဆက်သွယ်ရေးကုမဏီတွေကလည်း ဒီဖုန်းအသစ်ကို သုံးကြမှာပါ။
ဘယ်တော့ စပြီး ဖြန့်မယ်၊ ဘယ်ဈေးနဲ့ ဖြန့်မယ် ဆိုတာကိုတော့ မကြေညာသေးပါ။

Samsung Galaxy Mega လို့ ခေါ်တဲ့ ဒီဖုန်းအသစ်ကို ရုရှားနဲ့ ဥရောပမှာတော့ မေလ ကတည်းက မိတ်ဆက်ခဲ့ပြီးသားပါ၊
အမေရိကန်ဈေးကွက်ကိုတော့ အခုမှ ရောက်လာတယ်၊ ဆိုခဲ့သလိုပဲ AT&T က မနက်ဖြန် အစပြု ဖြန့်ပါမယ် လို့ သိရပါတယ်။

AT&T က ဖုန်းအသေးစားလည်း ဖြန့်မှာပါ။ ဒါမှ ပရိသတ်မျိုးစုံကို ဆွဲဆောင်နိုင်မယ်လေ။
သူရွေးထားတဲ့ ဖုန်းအသေးစားက HTC One အမျိုးအစားထဲကပါ တဲ့။

အဲဒီ ဖုန်းပိစိကို HTC One Mini လို့ ခေါ်တယ်၊ ပိစိ ဆိုပေမယ့် ဖန်သား
မျက်နှာပြင် ၄့၃ လက်မ ရှိပါသတဲ့။ ပုံမှန် ၄့၇ လက်မထက်
ယောင်ယောင်လေး ငယ်တယ် ဆိုပါစို့။
ဆက်ဖတ်ရန်>>>