Mobile House မန်ဘာ များ ကျေးဇူး ပြု ပြီး www.mobilehouse.co.nr မှ တိုက် ရိုက် ၀င်ပေး ပါ ရန် နှင့် အသစ် တင် သမျှ ကို သိရှိ စေရန်
https://www.facebook.com/MobileHouseServiceCentre
မှာ Like လုပ် ပေး ကြ ပါ ....

Thursday, April 3, 2014

ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်

ပထမဆုံးအကြိမ် ဖုန်းပြောဆိုခ အပို ထပ်ပေးမည်

လာမယ့် ဧပြီ ၁၂ ရက်နေ့ကနေ ၂၁ ရက် သင်္ကြန်ကာလ အတွင်း မြန်မာ့ဆက်သွယ်ရေးက ထုတ်တဲ့ မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ကျပ် ၁ သောင်းတန် ၀ယ်ယူသူတွေဟာ အပိုအဖြစ် နောက်ထပ် ငွေကျပ် ၂၀၀၀ ဖိုး ပြောဆိုနိုင်မယ်လို့ ဆက်သွယ်ရေးမိုဘိုင်းဌာန အင်ဂျင်နီယာ တ ယောက်က ပြောပါတယ်။

မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်နဲ့ ငွေဖြည့်ကတ်တွေ ရောင်းချခဲ့တဲ့ အနှစ် ၂၀ ၀န်းကျင်အတွင်း ခုလို အပိုဆောင် ၀န်ဆောင်မှုပေးတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့်လည်း သတ်မှတ်ကာလကျော်လွန်သည်အထိ ထပ်ဆောင်ငွေကို ကုန်အောင် မသုံးနိုင်ရင် အဲဒီငွေ အလိုအလျောက် ကုန်ဆုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အသေးစိတ် အစီအစဉ်တွေကိုတော့ ဧပြီ ၄ ရက်နေ့ နောက်ပိုင်းမှ တရားဝင် ထုတ်ပြန်ကြေညာမယ်လို့ သူက ပြောပြပါတယ်။

DVB Burmese

No comments:

Post a Comment

Mobile House
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်

*****************
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း

****************
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။

Admin = ရဲရင့်အောင်


Note: Only a member of this blog may post a comment.